12 April 2014

“ရွှေမြန်မာနာရေးကူညီမှုအသင်း ဖွဲ့စည်းခြင်း”

၂၀၁၄  ခု ဧပြီလ ၁၂ ရက် ၊မောင်ပေါ်ထွန်း
စမွတ်စာခွန်ခရိုင်၊ ကထုန်ဘန်မြို့နယ်၊ အုန်နွဲ့ရပ်ကွက်၊ လွဲဟောင်မိုင် တွင် ၂၃၊ ၃၊ ၂၀၁၄ နေ့ က အဖွဲ့ ၀င်ပေါင်း ၂၄၅ ဦးတို့ဖြင့်  “ရွှေမြန်မာနာရေးကူညီမှုအသင်း ”အားစတင်ဖွဲ့ စည်းလိုက်သည်။ 
          ဤအသင်းသည် ထိုင်းနိုင်ငံအနှံ့အပြားတွင်ရှိသော မြန်မာအလုပ်သမားများ၏ နာရေးကိစ္စ အခက် အခဲကြုံနေကြသူများက အကူညီတောင်းခံလာပါက ကူညီပေးရန်နှင့် ဆွမ်းသွတ်အမျှဝေခြင်းများကို  အဓိက ကညီမည်ဖြစ်သည်။ ထို့အပြင် ဆွေမျိုးမရှိ၊ ကူညီသူမရှိဖြစ်နေကြသည့် အလုပ်သမားများ၏ ကျမ္မာရေး ကိစ္စ ကိုလည်း ကူညီမည်ဖြစ်သည်။
  
      နာရေးနှင့်ကျမ္မာရေးစောင့်ရှောက်မှုအတွက် လိုအပ်သည့်အခါ အောက်ပါဖုန်းများကိုဆက်သွယ် အကူ ညီတောင်းခံနိုင်သည်ဟု အဆိုပါ အဖွဲ့၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။
ဥက္ကဌ  ဦးတင့်လွင်ဦး= ၀၈၂ ၇၂၃၅ ၁၄၃ ။ အတွင်းရေးမှူး(ဌေးလင်းအောင် = ၀၈၅ ၄၀၅ ၉၁၆၃၊ ကိုမျိုး = ၀၉၂ ၂၁၇ ၀၁၈၄  ကိုလူမင်း =  ၀၉၄ ၄၂၆ ၂၂၇၂ ) အဖွဲ ၀င်ပေါင်း၂၄၅ ဦးထံမှ ရံပုံငွေကို တစ်လ၄၀ ဘတ်နူန်းဖြင့် စုဆောင်းကြသည်။
(၁) မည်သို့သောအကြောင်းကြောင့်ဖြစ်စေ ကော်မတီ  ခွင့်ပြုချက်မရပဲ ရံပုံငွေကိုအသုံးမပြုရ။
(၂) အသင်းခေါင်းဆောင်များကလည်း ရံပုံငွေကို ပုံမှန်အားဖြင့် နာရေးအတွက်သာအသုံးပြုရမည်။
(၃) နှစ်စဉ်ရံပုံငွေ၏ ပမာဏကိုကြည့်၍ အားလုံး၏ သဘောတူညီမှုရယူကာ အလှူဒါန ပြုနိုင်ပါသည်။
(၄) အသင်း၏ရံပုံငွေဖြင့် ကိုယ်ကျိုးအတွက်သော်လည်းကောင်း၊ သူပါးအား ချေးငှါးခြင်းသော်၎င်းမပြုလုပ်ရ။
(၅) ၁၅ ရက်တစ်ပတ် ရံပုံငွေကို စစ်ဆေး၍ အများမြင်သာအောင် ကြော်ညာရမည်။
(၆) အသင်း၏ ရံပုံငွေသည် မြန်မာပြည်သားမှန်လျှင် လူမျိုးမရွေး၊ ဘာသာမရွေး ကူညီနိုင်ရမည်။
        ဟူ၍ဤအသင်း၏ထုတ်ပြန်ချက်အရသိရှိရသည်။