01 May 2014

ကမ္ဘာ့အလုပ်သမားနေ့အထိမ်းအမှတ်ဖြင့် စာပေဟောပြောပွဲကျင်းပ


စောမောင်  ၊ မဟာချိုင် ၂၀၁၄  မေ ၁ ရက်

ထိုင်းနိုင်ငံ-မဟာချိုင်မြို့၌နေထိုင်ကြသော မြန်မာရွှေ့ပြောင်းအလုပ် သမား လူငယ် များမှစုပေါင်း၍  ယနေ့ 
စာပေဟောပြော ပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရ ရှိပါသည်။

အဆိုပါစာပေဟော ပြောပွဲ၌ ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေး အရှင်အဂ္ဂဓမ္မ (နိက္ခမ)၊ စာရေးဆရာ 
အရိုး နှင့် လင်းသိုက်ညွှန့်(မြန်မာ့မြေ) တို့ မှ ဟောပြောခဲ့ ကြောင်းသိရှိရသည်။


ပင်လယ်အစာစားများထုတ်လုပ်သော ထိုင်းလုံစီအလုပ်ရုံမှ ကိုစည် သူက...
“ ယခုလိုစာပေဟောပြောပွဲကကျင်းပတဲ့အတွက် ကျနော်တို့မှာ အသိဥာဏ် ပညာ၊ ဗဟုသုတတွေ တိုးပွား 
လာရပါတယ်၊ မိုးလင်းက နေ မိုးချုပ် အလုပ်ထဲမှာပဲရှိ နေရတဲ့ ကျနော်လို ဘ၀တူ ဒီမှာလာရောက် အလုပ် 
လုပ် ရတဲ့သူတွေကြတော့အခု ထွက်နေတဲ့ စာအုပ် စာပေတွေကို အကုန်ဖက်ဖို့လေ့လာဖို့ဆိုတာ မဖြစ်နိုင် 
တဲ့ အခြေနေမို့ လာရောက်ဟောပြောတဲ့ စာရေးဆရာတွေက ဘ၀တိုးတက်ရာ တိုးတက်ကြောင်းတွေ   
အသိဥာဏ်ပညာအကြောင်းတွေ  ဝေမျှဟောပြောလို့စာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် ဦးဆောင်
ကျင်းပပေးတဲ့ သူတွေကို လည် အထူးကျေးဇူးတင်ပါတယ်”..ဟု ပြောကြားခဲ့ပါသည်။


ယနေ့ ကမ္ဘာ့အလုပ်သမားနေ့အထိမ်းအမှတ်ဖြင့် ပြုလုပ်ကျင်းပသည့် စာပေဟော ပြောပွဲသို့  မဟာချိုင်မြို့ 
အတွင်းရှိ စာပေ၀ါသနာရှင် တိုင်းရင်းသားပေါင်းစုံမှ လူဦး ရေ(၁၀၀၀)၀န်းကျင်ခန့် တက်ရောက်၍ 
စည်ကားသိုက်မြိုက်စွာ ကျင်းပပြုခဲ့ကြ သည်ဟု သတင်းရရှိပါသည်။