မောင်ပေါ်ထွန်း
၂၀၁၄ ခု မေလ
၅ ရက်

ထိုသူတို့သည် ၂၀၁၃ ခုနှစ်မတ်လ ၁၀ ရက်နေ့ကထိုင်းမလေးနယ်စပ်ကတန်ငါးဖမ်းလှေဆိပ်မှလူကုန်ကူးခံခဲ့ရသည့် အလုပ်သမားများအနက်မှ တစ်နှစ်ကျော်ကြာနေထိုင်နေသည့် အလုပ်သမား ၁၀ဦး နှင့် ပြီးခဲ့သည် ဆယ်ရက်ခန့်က နယ်စပ်တွင်ဖမ်းမိသည့်အသက်
၁၅နှစ် ၁၆ နှစ်အရွယ် လူငယ်(၅)ဦး)စုစုပေါင်း၁၅ဦးဖြစ်ကြသည်။


ယခုအလုပ်သမားများလူကုန်ကူးခံနေရသည်ကို
ကယ်တင်ခဲ့သည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း
က“ဒီအလုပ်သမားတွေရဲ့နစ်နာဆုံးရှုံး မှုကြီးမားတာတွေကို ကျနော်ဟာ ထိုင်း နဲ့မြန်မာ၂နိုင်ငံအစည်းဝေးကျင်းပတဲ့
မတ်လ၂၁ ရက်နေ့က (ထိုင်း၊မြန်မာ၊ အင်္ဂ လိပ်)သုံးဘာသာနဲ့ ရေးပြီးတော့ မြန်မာနဲ့ထိုင်းအစိုးရအရာရှိကြီးတွေလက်ထဲ ကို
ကျနော်ကိုယ်တိုင် စာအိပ် နဲ့ထည့်ပြီး အပ်ခဲ့တယ်။ ဒီအလုပ်သမားတွေရဲ့ အကြောင်းအရာကို ဧပြီလ ၉ရက်နေ့ ပြည်တွင်းထုတ် မြန်မာပို့စ် ဂျာနယ် မှာ အထူးဆောင်းပါးအဖြစ်
ပါရှိခဲ့ပါသေးတယ်။ အစိုးရနှစ်ရပ် ဒီအမှုတွဲ အပေါ် မှာ
ကိုင်တွယ်တာ မတ်လမှာ တစ်နှစ်ပြည့်ခဲ့ပြီ။ အလုပ်သမားတွေ မိမိကိုယ် ကို သတ် ချင်လောက် အောင်စိတ်ဓါတ်ကျနေကြပြီးဖြစ်တယ်။
အမြန်ဆုံးပြီးပြတ်အောင် လုပ်ကြစေ ချင်ပါတယ်” ဟု တိုက်တွန်းပြောဆိုသည်။
ကလေးအလုပ်သမား၅ဦးတို့အား ကယ်ဆယ်ရေးစခန်းတာဝန်ရှိသူများ လိုက်လာ ၍ မွန်းလွဲ၃နာရီခွဲအချိန်တွင် လာရောက်ခေါ် ဆောင်သွားခဲ့သည်။ အရိုက်ခံရသည့် အလုပ်သမားများအား ညနေ့ ၅နာရီခွဲ တွင် လ၀က (တောမော)အချုပ်ခန်းသို့ ခေါ်ဆာင်သွား
ခြင်းခံခဲ့ရကြောင်းသိရှိရသည်။ ယခုအလုပ်သမားများ၏ နောက်ဆုံးအခြေအနေအား မြန်မာအစိုးရ
လူကုန်ကူး မှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ နေပြည်တော်သို့ သတင်းပို့ထားပြီဖြစ်ကြောင်း ဦးကျော်သောင်း
ကပြောသည်။