07 May 2014

“မီဘေးသင့်မြန်မာအလုပ်သမား၁၅၀ဦးအား MATကစားစရာလှူဒါန်း”



     
၂၀၁၄ ခုမေလ ၇ 
မြတ်ညို(အလွတ်သတင်းထောက်)

                မီးဘေးသင့်မြန်မာအလုပ်သမားတစ်ရာကျော်တို့အား ထိုင်းနိုင်ငံ   ရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT မဟာချိုင်ရုံးနှင့် မြန်မာဓါတ်ပုံ ဆိုင်တစ် ခုတို့က စားစရာများသွားရောက်လှူဒါန်းခဲ့ကြသည်။
            မြန်မာအလုပ်သမား နှစ်ရာနီးပါးနှင့် ထိုင်းအလုပ်သမား ၃၀၀ တို့ အလုပ်လုပ်ကိုင်နေကြသည့် မဟာချိုင် ၀တ်ပန်းပေး ပလပ်စတစ်နှင့် ကော်ဇော စက်ရုံတွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့မွန်းလွဲ၂နာရီခန့်က မီးကြိုးမှရှော့ဖြစ်၍ မီးလောင်းကျွမ်းခဲ့ကြောင်း အလုပ်သမားများကပြောသည်။
    မီးလောင်စဉ် စက်ရုံတွင် မြန်မာအလုပ်သမားအလုပ်သမား ၁၁ဦးသာရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ပေ။ ယခုအခါ အလုပ်ထွက်သွားကြသဖြင့် မြန်မာ အလုပ်သမား ၁၅၀ဦးသာကျန်ရှိနေတော့သည်။ အလုပ်ထွက်လိုသူများအား လုပ်ငန်းရှင်ကအလုပ်ထွက်ခွင့်ပြုထားကြောင်း အလုပ်သမားများကပြောသည်။
       MAT အဖွဲ့အတွင်းရေးမှူး မဟာချိုင်ရုံးတာဝန်ခံ ကိုခိုင်ကြီးက “အလုပ် သမားတွေ  ထိခိုက်မှုမရှိ တဲ့အတွက် ၀မ်းသာတယ်။  နောက် ၆လလောက် နဲ့ အလုပ်မလည်ပတ်နိုင်ဘူး။ အလုပ်သမားတွေ  အလုပ်ရှာတဲ့အခါ အခက် အခဲကြုံနိုင်တယ်။ အလုပ်သမားတွေ အလုပ်အမြန်ရဖို့ဝိုင်းဝန်း ကူညီပေးကြ   စေချင်ပါတယ်။ အလုပ်သွင်းပေးမယ်ဆိုပြီး ဗမာအချင်းချင်း လိမ်ကြတဲ့အုပ်စု   တွေနဲ့ လူကုန်ကူးတဲ့သူတွေ၊ တွေ့သွားမှာကို စိုးရိမ်ပါတယ်” ဟုပြောသည်။
          မီးညွန့်ကျိုးသွား၍ ပတ်ဝန်းကျင်းအား မီးမကူးတော့သော်လည်း၂ ရက်မီးသတ်ခဲ့ရပြီး ယခုထိ အနားကိုလူမကပ်နိုင်အောင် ပူနေဆဲဖြစ် သည်။ အလုပ်သမားတွေ အစားအစာအတွက် အခက်အခဲရှိကြောင်း မည်သူမဆိုလာရောက် လှူဒါန်းနိုင်ကြောင်း ဦးခိုင်ကြီးပြောသည်။
           MAT အဖွဲ့မဟာချိုင်၊ ရွှေထိပ်တန်း မြန်မာ ဓါတ်ပုံဆိုင် မိသားစုများက ခေါက်ဆွဲခြောက် များ၊ ဆန်ကီလို၁၀၀ ၊ ဆီ၊ ကော်ဖီ၊ မုန့်၊ သောက်ရေ သန့်  ဆပ်ပြာမှုန်၊ ဆပ်ပြာမွှေး၊ အလုပ်သမားတစ် ဦး စီဘတ်ငွေ ၁၀၀ ဖိုးခန့် စီ လှူဒါန်းနိုင်ခဲ့ကြောင်းသိရှိရသည်။