06 May 2014

“အလုပ်သမားဒုဝန်ကြီး ဘန်ကောက်သံရုံးမှာစည်းဝေး”


၂၀၁၄ မေလ ၆ ၊ စောမောင်၊ မဟာချိုင်

           ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဦးထင်အောင်၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် နှင့်အဖွဲ့သည် ယနေ့ နံနက် ၁၀နာရီတွင် ထိုင်းနိုင်ငံဘန်ကောက်မြန်မာသံရုံး စည်းဝေးခန်းမ တွင် အေဂျင်စီများ၊ ပွဲစားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူအချို့နှင့် တွေ့ဆုံစည်းဝေးကြသည်။

ဒုတိယဝန်ကြီး  ဦးထင်အောင် က“ အလုပ်သမားတွေကြုံတွေ့နေရတဲ့ အလုပ်သမားပြဿနာတွေကိုထိရောက် မှန်ကန်တဲ့နည်းလမ်းတွေနဲ့ အကညီပေးနိုင်ဖို့လာရောက်ခဲ့တာဖြစ်ပါတယ်” ဟုပြောသည်။


ထို့နောက် တွေ့ဆုံဆွေးနွေပွဲသို့ တက်ရောက်လာသော မြန်မာအလုပ် သမားရေး ဆောင်ရွက်သူများက ထိုင်းအာဏာပိုင်များနှင့် ထိုင်း လုပ်ငန်ရှင်များ၏ ဖိနှိပ်အနိုင်ကျင့်ခံရမှုများနှင့် MOUအလုပ်သမားပြဿနာများနှင့် မိမိတို့ သိလိုသောကိစ္စရပ်များကို တင်ပြဆွေးနွေးရာ ဒုတိယဝန်ကြီး  ဦးထင်အောင်နှင့် အဖွဲ့ဝင်များမှ မေးမြန်ချက်များ ပြန်လည်ဖြေကြာပြီး မွန်လွဲ၁နာရီတွင် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို အောင်မြင်စွာရုပ် သိမ်းခဲ့ပါသည်။


       ဒုတိယဝန်ကြီး  ဦးထင်အောင်နှင်အဖွဲ့သည် ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ပင်လယ်အစာစားများ ထုတ်လုပ်သော ယူနီကော့အလုပ်ရုံရှိမြန်မာ့ရွှေ့ပြောင်း အလုပ်သမား များနှင့် ပက်စပိုစ့်ကိစ္စရပ်များနှင့် အလုပ်သမားရေးရာ ကိစ္စရပ် များကို တွေ့ဆုံဆွေးနွေးရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ထွက်ခွာသွားကြပါသည်။