29 September 2014

“ထိုင်းရောက် အလုပ်သမားများ၏ တရားဝင်နေထိုင်ခွင့်အစီအစဉ်ရှင်းလင်းပြတ်သားရန်လိုအပ်”



         
စက်တင်ဘာ ၂၉ ရက်

မင်းဘခက်
      အလုပ်သမားများပတ်စပို့ သက်တမ်းဆက်မရသဖြင့် အလုပ်ရှင်နှင့် အလုပ်သမားအချို့ အလုပ်သမား ၀န်ကြီးရုံးနှင့် ရနောင်းတို့တွင် ဆန္ဒပြမှုတချို့ဖြစ်ပွားကြောင်းသိရှိရသည်။
စက်တင်ဘာလ ၂၁ နောက်ပိုင်း  ပတ်စပို့သက်တမ်းကုဆုံးသည့်အလုပ်သမားများအား ပတ်စပို့ အသစ်လဲ   ပေးခြင်းမရှိပဲ နယ်စပ်မှ ပြန်လာခဲ့ရခြင်းမျိုး နေ့စဉ်ဖြစ်ပေါ်နေသည်။
            အလုပ်ရှင်နှင့်အလုပ်သမားဝန်ကြီးဌာနတို့က အဆိုပါ အလုပ်သမားများအား ပန်းရောင်ဘတ်ကဒ် အသစ်လုပ်ရန် မှားကြားသည်ဟု အလုပ်သမားများကပြောသည်။
ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က“ ထိုင်းရောက်အလုပ်သမားတွေအတွက်ရှင်းလင်းပြတ်သားတဲ့မူဝါဒကျနော်တို့ မြန်မာအစိုးရမှာမရှိသေးဘူး။
 ရွှေ့ပြောင်းအလုပ်သမားတွေ အခက်အခဲတွေမရှိအောင်နဲ့ လွယ်ကူချောမွေ့တဲ့အစီအမံတွေ ဖြစ်ဖို့လိုပါ တယ်။ မြန်မာအလုပ်သမားတွေ သိန်းချီပြီးတော့ ဘတ်အသစ်ပြန်လုပ်ရမယ်ဆိုတာ သေးတဲ့ပြဿသ နာ မဟုတ်ဘူး။ နောက်တစ်ခုက အလုပ်သမားတွေဆီက ပကာစာခွန်း(အာမခံကြေးဆိုပြီး ထိုင်းအစိုးရက   ဖြတ်ထား တာတွေ) ဒါတွေအကုန်လုံး အလကားဖြစ်သွားမယ်။  အိမ်ပြန်စရိတ်တစ်ယောက်ကို ဘတ်ငွေ တစ်ထောင်စီ ကောက်ခံထား တာတွေလည်းရှိပါသေးတယ်။ ဘတ်ငွေ ဘီလီယံချီပြီး ထိုင်းအစိုးရ ယူထား တာ။ ဒါတွေကို မြန်မာအစိုးရ စကား ပြောဖို့ လိုပါတယ်။ မြန်မာအလုပ်သမားတွေရဲ့ချွေးနှဲစာတွေပါ” ဟုပြောသည်။
          မြန်မာအစိုးရက ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံသုံး only Thailand ပတ်စပို့စာအုပ်ကိုထုတ်ပေးခဲ့သည်။
စာအုပ်အသစ်ပြန်လဲရန်အတွက် မှတ်ပုံတင်နှင့်အိမ်ထောင်စုစါရင်းပါမှ ဖြစ်သည်ဟု မြန်မာအစိုးရက သတ် မှတ် ထားသည်။ ထိုင်းရောက်မြန်မာအများစုတွင် ထိုအခြင်းအရာများမရှိသဖြင့် အခက်ကြုံနေဆဲဖြစ်သည်။
၂၀၁၃ ခု နှစ် စက်တင်ဘာလကတည်းက နေထိုင်ခွင့် စတင်ကုန်ဆုံးခဲ့သည့် အလုပ်သမားများ တဖြည်းဖြည် တရားမ၀င်အလုပ်သမားအဖြစ်သို့ရောက်ရှိလာသည်။ ပတ်စပို့၏ လုပ်ထုံးလုပ်နည်းအရ(ဗီဇာ) နေထိုင်ခွင့် တစ်ရက်လွန်လျှင် ဘတ်ငွေ ၅၀၀ နုန်းသတ်မှတ်ထား သည်။အချို့အလုပ်သမားများက ပန်းရောင်ဘတ် အသစ်လုပ်ကိုင်ထားကြသည်။ 
     သာမန်အရပ်သားများနားလည်မှုနည်းပါးသော၊ အလုပ်သမားများအတွက၀န်ထုတ်ဝန်ပိုးဖြစ် စေသော ပတ်စပို့စာအုပ် ထုတ်ပေးခြင်းအား MAT အဖွဲ့က ကြိမ်ဖန်များစွာအကြံပြုထောက်ပြပြောဆိုခဲ့ဖူးသည်။