23 September 2014

ပတ်စပို့ပြင်ထားသည့်အလုပ်သမားအိမ်ပြန်၊ ပြင်သည့်ကုမ္ပဏီအပြစ်ကလွတ်မြောက်”


၂၀၁၄ စက်တင်ဘာလ ၂၃|မြတ်ညို (အလွတ်သတင်းထောက်)

ရွှေလမ်းဖွင့် ကုမ္ပဏီဖြင့်လာသည့်၁၈၆ ဦး အသုတ်ထဲမှ အလုပ်သမား၎ဦးတို့အား မြ၀တီ ကျောက်လုံး ကြီး စခန်းမှ ပတ်စပို့စာအုပ် ပြင်ထားသည်ဟုဆိုကာ ပြန်လွှတ်ခဲ့ကြောင်း အေဂျင်စီ ဒါရိုက်တာ တစ်ဦးက ပြော သည်။

ရွှေလမ်းဖွင့်ကုမ္ပဏီမှ သြဂုတ်လ ၂၀ ရက်နေ့တင်သွင်းသည့် အသုတ်ထဲမှ အလုပ်သမား ၄ဦးတို့တွင် (ပူးတွဲပါ စာရွက်တွင် (နံပါတ်စဉ်၃၂= အုန်းကျော်၊နံပါတ်စဉ် ၆၁=တင်မိုး၊ နံပါတ် စဉ် ၁၆၀= မြင့်မြင့်စိန်နှင့် နံပါတ်စဉ် ၁၆၁=တင်မိုးခိုင်) ပတ်စပို့စာအုပ် မွေးသက္ကရာဇ်တို့တွင် ပြင်ထားသဖြင့် စာအုပ်များ ကိုဖျက်သိမ်း ၍ အလုပ်သမားများအား နေရပ်သို့ပြန်စေခဲ့ပါသည်။





အမည်မဖေါ်လိုသည့် အေဂျင်စီ ဒါရိုက်တာတစ်ဦးက “ကဏန်းပြင်ခအဖြစ် တစ်ဦးကို ကျပ်ငွေငါးသောင်း ယူတယ်။ အလုပ်သမားစာအုပ်တွေကို ကယ်ဆယ်တုံးထုပြီး နေရပ်ကို ပြန်စေခဲ့တယ်။ ပိုက်ဆံယူပြီး လုပ်ေ ပးတဲ့ ကုမ္ပဏီကိုကျတော့ အရေးမယူဘူး။ ဘာလဲ နိုင်ငံတော်အရေးကြီး စာရွက်စာတမ်းပြင်ဆင်တဲ့ ပုဒ်မေ တွ မရှိတော့ဘူးလား။ အေဂျင်စီတွေက ဥပဒေအပေါ်ကိုရောက်သွားကြပြီလား။ အခုတင်ပြတဲ့ စာရွက်စာ တမ်းတွေကို နောက်ကြောင်းပြန်လိုက်ရင် အကုန်ပေါ်တာပေါ့။ ဗမာSB အဲဒီလောက်မညံ့ပါဘူး။ အ၀င်ေ ကာင်းတဲ့ အေဂျင်စီမို့ မသိချင်ယောင်ဆောင်တာလား” ဟုပြောသည်။



လိုင်စင်ရရှိထားသည့် အေဂျင်စီအချို့တို့သည် ကျေးလက်တောရွာများမှ အလုပ်သမားများထံမှ နိုင်ငံခြား သို့သွားရမည်၊ တစ်လကို ကျပ်ငွေ ငါးသိန်းရမည်။ စသည့် အမျိုးမျိုးမက်လုံးပေး၍ ငွေကြေးများ လိမ်လည် လျှက် ရှိကြသည်။ အေဂျင်စီများသည် ကျေးရွာများမှ ပွဲစားများ နှင့်အတူတကွ ပူးပေါင်းလုပ်ကိုင်ကြသော် လည်း ပြဿနာတက်လာသည့်အခါ ပွဲစားကိုပေးခြင်းဖြစ်ပြီး ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ငြင်းဆန်လေ့ရှိ တတ်ကြသည်။ လိမ်လည်မှုများနှင့် အမှုအခင်းဖြစ်၊ တရားစွဲဆိုရန်အတွက် ကျေးလက်နေပြည်သူများတွင် အခက်အခဲများစွာရှိ သည်။ ထိုအားနည်ချက်များအား အေဂျင်စီနှင့်ပွဲစားများက သိရှိကြသည်။



MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ကျနော်တို့မူရင်းအလုပ်က ရှေ့နေနဲ့အလုပ်သမားကူညီရေး အလုပ်ပါ။ လူကုန်ကူးမှုကို အင်တိုက်အားတိုက်လုပ်ကြပါတယ်။ အလုပ်သမားတွေက ကျနော်တို့ကို အကုန်လုံး တင်ပြလာကြတယ်။ တဖြည်းဖြည်နဲ့ လုယက်မှု၊ လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ လိမ်လည်မှုတွေ ပါမကျန် အကုန် လုပ်ပေးနေရတယ်။ ခုလည်း အေဂျင်စီတွေ လိမ်တာကို စာရွက်စာတမ်းအထောက် အထားတွေနဲ့ အကူညီ တောင်းခံလာကြပြန်ပြီ။ ကျနော်တို့က အရေးယူနိုင်တဲ့အဖွဲ့အစည်းမဟုတ်ဘူး။ ကျနော်တို့က အချက်အလက် အထောက်အထား အမှန်အကန်ရရှိအောင် ကြိုးစားပြီး တင်ပြနိုင်တယ်။ အချက်အလက် မခိုင်လုံပဲ တဖက် သားကို ဒုက္ခပေးတဲ့ပုံစံမျိုး ကျနော်တို့မလုပ်ဘူး။ ဒီစာရွက်စာ တမ်းတွေ ကို နေပြည်တော်ကို ရောက်အောင် ကျနော်တို့ တင်ပြပေးသွားမယ်။ အရေးယူတာမယူတာ အစိုးရအပိုင်း ပဲဖြစ်တယ်” ဟုပြောသည်။