23 September 2014

“မြန်မာအလုပ်သမားတစ်ဦးဓါတ်လိုက်သေဆုံး”



၂၀၁၄ စက်တင်ဘာလ ၂၃
ကိုတီး



ထိုင်းနိုင်ငံတောင်ပိုင်း လရောင်းမြို့ ပန်းရံလုပ်ငန်းခွင်တစ်ခုတွင် မြန်မာအလုပ်သမားတစ်ဦး ဓါတ်လိုက်
သေဆုံးသွားခဲ့သည့်ဖြစ်စဉ်အတွက်ဇနီးဖြစ်သူက အကူညီရရှိရန်ရှာကြံလျှက်ရှိသည်။
      နေပြည်တော် တပ်ကုန်မြို့နယ်၊ သံပုရာကုန်းကျေးရွာမှ အသက် ၂၈ နှစ်အရွယ် ကိုမျိုးမင်းခိုင် သည် ပန်းရံလုပ်ငန်းခွင်တွင် လုပ်ကိုင်နေစဉ် ဓါတ်လိုက်၍ စက်တင်ဘာလ ၁၅ ရက်နေ့က သေဆုံးသွားခဲ့သည်။
မျက်မြင်ဖြစ်သူ ကိုအောင်ဇော်က “လုပ်ငန်းခွင်အန္တရာယ်အတွက် ပြင်ဆင်ထားမှုမရှိလို့ အခုလို သေဆုံးခဲ့ ရတာပါ”ဟုဆိုသည်။
ကွယ်လွန်သူ ၏ ကျန်ရစ်သူ ဇနီး မစိုးယုမာ က  “ထိုင်းကိုရောက်တာ ဧပြီလ ၂၈ ရက်နေ့ကရောက်တာပါ။ ပုဇွန်အလုပ်ရုံမလုပ်ရခင်အဆောက်အဦ ဆောက်တဲ့နေရာမှာ ၀င်လုပ်ရမယ်ဆိုတာကြောင့် ကျမယောက်ျား ၀င်လုပ်တာပါ။ အဲဒီနေ့က မိုးရွာပါတယ်။ ဓါတ်လိုက်လို့ သူအော်တာကို ထိုင်းအစောင့်ကကြားတယ်။ ဘာအော်လို့အော်မှန်းမသိဘူးတဲ့။ ငြမ်းစင်ပေါ်က  လူတစ်ယောက်လုံးပြုတ်ကျလာမှ သိတယ်” ဟုပြော သည်။

   စက်ရုံ သူဌေးက ဘတ်ငွေ  ငါးသောင်းပေးထား   ကြောင် နောက်ဆက်တွဲကိစ္စရပ်များ ကိုနားမလည် သဖြင့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ အကြံဉာဏ်   တောင်းခံလာခဲ့သည်။ MAT အဖွဲ့က ကူညီပေးနိုင် ရန်အတွက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေး ရှင်းFED   ရှေ့နေဖြင့်ညှိနှိုင်းတိုင်ပင်လျှက် ပြင်ဆင်နေ   ကြောင်းသိရှိရသည်။