17 June 2017

“MOU အလုပ်သမား၇၄ဦး ခေါင်းပုံဖြတ်ခံနေရ၊ တာဝန်ရှိသူများထိရောက်စွာမကူညီ”



       
၂၀၁၇ ဇွန်လ ၁၇ ရက်
ရွှေလုပ်သား

          နှစ်နိုင်ငံသဘောတူညီချက် MOU ဖြင့်လာ သည့်အလုပ်သမား၇၄ဦးကိစ္စအား နေပြည်တော်နှင့် ထိုင်း အလုပ်သမားသံအရာရှိများထံသို့ အကူညီေ တာင်းခံခဲ့သော်လည်းပြေလည်မှုမရရှိခဲ့ကြောင်း အလုပ်သမား က ပြောသည်။

     မော်လမြိုင်မှ အလုပ်သမား ကိုစိုးမိုးလွင် ဆိုသူ သည် People Diligen Service Co,ltd   မှ ၂၇.၄.၂၀၁၇ နေ့ကပို့လိုက်သည့်အလုပ်သမား ၇၂ ဦးမှဖြစ်သည်။ အလုပ်သမားတို့သည် ဘန်ကောက်မြို့ ဘန်ဖီအရပ် တွင်ရှိသော GFPT  ကြက်သားအအေးခန်းအလုပ်ရုံတွင် အလုပ်လုပ်ကိုင်ရ သည်ဟုဆိုသည်။ အလုပ်သမားတို့ သည် ထိုင်းကိုလာရန်အတွက် ပွဲစားများကိုများကို ကျပ်ငွေသုံးသိန်းခွဲ စီပေးခဲ့ကြရပြီး စာချုပ်ချုပ်ဆိုခဲ့ကြသည် ဟုဆိုပါသည်။ ထိုင်းကိုလာမည့် အဆိုပါနေ့တွင် အောင်မင်္ဂလာ အဝေးပြေးကားဂိတ်သို့ရောက်ရှိသည့်အခါ People Diligen Service Co,ltd ကုမ္ပဏီ၊ ဦးအောင်မြင့် အား ကျပ်ငွေ ၂၂၀၀၀၀စီထပ်မံပေးခဲ့ကြရသဖြင့် အနည်းဆုံး၅၇၀၀၀၀ကျပ်မှ ၇၀၀၀၀၀သိန်းကျပ်အထိ ကုန်ကျ ခဲ့ကြရသည်ဟုဆိုသည်။

 
       GFPT အလုပ်ရုံသို့ရောက်သည့်အခါ အလုပ် သမားများ၏ ပတ်စပို့စာအုပ်များကိုသိမ်းဆည်းထား ရုံသာ မက အလုပ်သမား တစ်ဦးစီ ဘတ်ငွေ ၉၈၀၀ ထပ်မံဖြတ်တောက်ဦးမည်ဟုမြန်မာ ဘာသာပြန် အမျိုးသမီးကဆိုပြန်သဖြင့် ယနေ့တွင် ဘန်ကောက် မြန်မာသံရုံးအနီးတွင်ရုံးစိုက်သည့် အလုပ်သမားသံအရာရှိများ ရုံးသို့ ကိုစိုးမိုးလွင် လာရောက်အကူညီတောင်းခံခဲ့ပါသည်။

       ကိုစိုးမိုးလွင်က “အလုပ်သမားသံအရာရှိ ၂ယောက်ကို ကျနော်တင်ပြခဲ့တယ်။ ဖုန်းဆက်ပေးမယ်ြေ ပာပါတယ်။  ပတ်စပို့ မရှိပဲသံရုံးကိုတော်တော်လာရဲတာပဲလို့ပြောပါတယ်။ နေပြည်ေ
 တာ် ဖြန်ဖြေရေးရုံးဖုန်း 95674 30184  နဲ့ 9567430284 ကိုဆက်ပါတယ်။ ဖုန်းကိုလက်ခံမပြောဘူး။ချပစ်ပါတယ်။ အလုပ်သမား ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် ဆီကိုဖုန်းဆက်ပါတယ်။ စာရေးပြီးတိုင်ပါလို့ပြောတယ်။ မြန်မာသံအမတ်ဖုန်းကိုဆက် တော့လည်း သူတို့ လုပ်မပေးနိုင်ဘူး။ အလုပ်သမားသံအရာရှိကို ဖုန်းဆက်လို့ ပြောတယ်”  ဟုပြောသည်။

          အလုပ်သမား ကိုစိုးမိုးလွင် ၏ အကူညီတောင်းခံမှုကြောင့် အလုပ်သမားများ၏ အခြေအနေအဖြစ် အပျက်၊ အချက်အလက်တို့ကို နေပြည်တော် အလုပ်သမားဝန်ကြီးရုံးသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ထိုင်း နိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ကပြောသည်။