13 June 2017

“အရည်အသွေးမီတဲ့ပစ္စည်းတွေကို မြန်မာတွေသုံးစွဲခွင့်ရပါစေ”



Image may contain: one or more people, plant, outdoor and nature

၁၉၆၂ ခုနှစ်မှာအာဏာရှင် ဦးနေ၀င်း နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီးတဲ့နောက်ပိုင်း မှစ၍ မဆလ ခေတ်တလျှောက်လုံး မြန်မာပြည်သူတွေဟာ……………

အသုံးအဆောင်တွေဖြစ်ကြတဲ့ ဆပ်ပြာအစ၊ စားသုံးဆီအလယ် ဖျင်စအဆုံး၊ အားလုံးသော လူသုံးကုန်ပစ္စည်း ဟူသမျှတို့ကို သ/မ ဆိုင်မှာ တန်းစီပြီးဝယ်သုံးခဲ့ကြရတယ်။ အပြင်မှာမှောင်ခိုဈေးနဲ့ဝယ်သုံးခဲ့ကြရတယ်။ ယိုးဒ ယားနိုင်ငံထုတ် ပစ္စည်းကောင်းတွေကို မော်လမြိုင်လမ်းကြောင်းကတစ်ဆင့် မှောင်ခိုခေတ်ကြီးစိုးခဲ့တယ်။


နအဖ၊ န၀တ ခေတ်ကနေ ယနေ့ထိကာလတွေမှာတော့ အုပ်ချုပ်သူတွေနဲ့နီးစပ်တဲ့ ခရိုနီအသိုင်းအ၀ိုင်း တွေက ပြည်တွင်းက မြေပေါ်မြေအောက်သယံဇာတအားလုံးကိုထုတ်၊ နိုင်ငံခြားကပစ္စည်းတွေကို တစ်ဦးတည်း လက်ဝါးကြီးအုပ် တင်သွင်းဖြန့်ဖြူးခွင့်ယူထားကြတယ်။ ပြည်တွင်းမှာ မဖြစ်မနေသုံးနေကြရတဲ့ ပစ္စည်းအတော် များများတို့ကိုလည်း ၎င်းတို့ကပဲ ထုတ်လုပ်ဖြန့်ဖြူးခွင့်ရယူထားကြပြန်တယ်။

အကျိုးဆက်က တိုင်းပြည်သယံဇာတတွေလည်းတုံး။ ပြည့်သူ့အခွန်၊ နိုင်ငံတော်ဘတ်ဂျက်တွေ နင့်နေအောင် ကုန်ကျပေမယ့်အဆင့်အတန်း၊အရည်အသွေးပြည့်မီ ကောင်းမွန်တာကို ပြည်သူလူထုတွေမသုံးစွဲကြရဘူး။
Image may contain: outdoor

(၁) သာမန်ပတ်စပို့နှင့် CI စာအုပ်တွေကို အစိုးရကန်ထရိုက်ပေးထားတဲ့ဈေးနုန်းထက် ထက်ဝက်လောက်သက် သာပြီး လက်ရှိစာအုပ်ထက် ၂ဆကောင်းမွန်တဲ့ စာရွက်အသားရော၊ တံဆိပ်ဆေးသားထင်ရှားပြတ်သားကောင်း မွန်သာလွန်တာကို ရရှိနိုင်ပေမယ် အခြားလူလုပ်ကိုင်ခွင့်မရခြင်း။ ပြိုင်ဆိုင်ခွင့်မရှိခြင်း။

(၂) မြန်မာတစ်နိုင်ငံလုံးမှာသုံးနေကြတဲ့ ကွန်ကရစ် လျှပ်စစ်မီးတိုင်ဟာ ၀ါးလုံးလို အလယ်က အခေါင်းပေါက်ဖြစ် တယ်။ ကြံ့ခိုင်မှုအားနည်းပြီး လေတိုက်တာနဲ့ ကျိုးတယ်၊ လဲတယ်။ အိမ်နီးခြင်းထိုင်းနိုင်ငံမှာ လေ့ထောင့် အတုံး လိုက်ဖြစ်တယ်။ သတ်မှတ်တဲ့စံချိန်စံညွှန်းအတိုင်း ဘိလပ်မြေဖျော်စပ်သုံးစွဲရတယ်။ သတ်မှတ်သံချောင်းအရွယ် အစားနဲ့အရေအတွက် ပြည့်အောင်ထည့်ရတယ်။ ကြံ့ခိုင်မှုအတွက် နှစ် ၅၀ အာမခံပေးရတယ်။
 မြန်မာနိုင်ငံမှာ ထိုင်းနည်းစနစ်နဲ့ ကွန်ကရစ်လျှပ်စစ်မီးတိုင်ကိုထုတ်လုပ်ပေးချင်ကြပေမယ့် အခြားလုပ်ငန်း ရှင်တွေဝင်လုပ်လို့မရဘူး။ ၀ါးလုံးလို အလယ်ကအပေါက်ကြီးနဲ့ ကြံ့ခိုင်မှုအားနည်းတဲ့ ကွန်ကရစ် လျှပ်စစ်မီးတိုင် ကိုပဲ ဆက်လက်လုပ်ကိုင်နေကြဆဲဖြစ်တယ်။

(၃) စက်သုံးဆီ၊ စားအုန်းဆီ၊ တနိုင်ငံလုံးအစိုးရရုံးအဆောက်အဦးတွေအတွက် လိုအပ်သမျှ ပစ္စည်းတွေ၊ စက် ပစ္စည်းတွေကို ဈေးကြီးကြီးပေးနေရပေမယ့် မြန်မာနိုင်ငံသားတွေပစ္စည်းကောင်းကောင်းမသုံး စွဲကြရဘူးဖြစ်နေ တယ်။ ပြည်သူလူထု ကုန်ကျငွေနဲ့ ကောင်းကောင်းမွန်မွန်အသုံးပြုနိုင်မယ့် လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ် ဖြန့်ချိ တင်သွင်းနိုင်အောင်၊ လွတ်လပ်စွာယှဉ်ပြိုင်ခွင့်မရရှိကြပါဘူး။ နှစ်ပေါင်း ၇၀ လောက်ရှိပြီ ဖြစ်တဲ့ မူဝါဒ အဟောင်းတွေဖြစ်ပါတယ်။

(၄) အလုပ်သမားဝန်ကြီးဌာနဟာပြည်ပအလုပ်သမားတွေအတွက်၊ တရားမ၀င်လူကုန်ကူးတဲ့ခေတ်ကနေလက် ရှိအချိန်ထိ တရားဝင် MOU အလုပ်သမားတင်ပို့တဲ့မူဝါဒတွေကို၊ အာဏာရှင်ခေတ်၊ အသွင်ပြောင်းစစ်တစ်ပိုင်း ခေတ်ကအတိုင်းပဲ NLD အစိုးရလက်ထက်ထိအောင် ပွဲစားနဲ့အကျင့်ပျက်ဝန်ထမ်းတွေနဲ့ပူးပေါင်းလုပ်ဆောင်တဲ့ မူဝါ အတိုင်းပဲရှိသေးတယ်။ အလုပ်သမားနဲ့တိုင်းပြည်အတွက်ဂုဏ်သိက္ခာရှိစေပြီး အပြစ်အနာနည်းတဲ့ နည်း လမ်းတွေကို ခုထိမတီထွင်နိုင်ကြသေးဘူး။ သိသူတွေချပြတာကိုလည်းထည့်သွင်းမစဉ်းစားကြသေးဘူး။ ပွဲစား လိမ်တဲ့လမ်းကြောင်းအတိုင်း ပို့ကောင်းကြတုန်းပဲ။

(၅)နိုင်ငံတကာအဆင့်မီ ID ကဒ်(အမျိုးသားမှတ်ပုံတင်ကဒ်) အခမယူပဲလုပ်ပေးမယ့် ဂျပန်ကုမ္ပဏီရှိတယ်လို့ ၂၀၁၆ ခုနှစ် ဇွန်လ၂၅ ရက်နေ့မှာ ဘန်ကောက်မြန်မာသံရုံးထဲမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစု ကြည် စည်းဝေးပွဲမှာ MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း ကတင်ပြခဲ့တယ်။ အဲဒီအချိန်မှာ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးပြည့်သူအင်အားပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ လည်းပါတယ်။ အလကားလုပ်ပေး မယ်သူရှိတာခုထိ အကောင်အထည်မဖေါ်နိုင်ကြသေးဘူး။

မြန်မာတနိုင်ငံလုံး ရှိရှိသမျှ မတရားသိမ်းထားတဲ့လယ်ယာမြေတွေနဲ့ ဆက်လက်သိမ်းဆည်းဖို့ကြံရွယ်နေ တာတွေနဲ့ သစ်ခုတ်၊ ရတနာထုတ်တာတွေကိုတော့ အားလုံးအသိဖြစ်တယ်။

မြန်မာပြည်မှာသိမ်းထားတဲ့လယ် ယာမြေပြဿနာကို NLD အစိုးရ အခုထိမဖြေရှင်းနိုင်သေးပေမယ့်…..
မြန်မာတို့ရဲ့ နှလုံးသား ရှေ့ဟောင်းပုဂံဒေသမှာ ဧဒင်အုပ်စုကုမ္ပဏီ အဆင့်မြင်ဟိုတယ် စီမံကိန်းဝင်းကြီး တစ်ခု ထဲမှာ ၂၂ ဆူ ထက်မနည်းတဲ့ ဘုရားစေတီအုတ်ကျောင်းတွေ ခြံခတ်ပိတ်လှောင်ခံထားရတယ်။ ပုဂံဒေသမှာ ခြံခတ်ပိတ် လှောင်ခံထားရတဲ့ ရှေ့ဟောင်းစေတီပုထိုးပေါင်း ၂၈၀ ကျော်ရှိတယ်လို့ Save Bagan အဖွဲ့က ပြော တယ်။ ခြံခပ်ပိတ်လှောင်ခံထားရတဲ့ ပုဂံရှေ့ဟောင်းဘုရားတွေကိုလွတ်ငြိမ်းချမ်း သာခွင့်ပေးပြီး ခြံဝင်းအပြင်မှာ အများ ပြည်သူဖူးမျှော်ကြည်ညိုခွင့်ရရှိအောင် တာဝန်ရှိသူတွေက ဆောင်ကျဉ်းပေတော်မူကြပါ။

အာဏာရှင်စနစ်ကို ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ကာလအထိ ကျောင်းသားပြည်သူရဟန်းရှင်လူတွေ ဘ၀နဲ့ အသက်ပေါင်းများစွာပေးပြီး ဖြိုလဲပစ်ခဲ့ကြပြီးပြီ။ NLD ပါတီ အခုလိုအစိုးရဖြစ်လာအောင် ၈၈ နောက်ပိုင်း ကနေ မကြာသေးခင်ကာလအထိ ကျောင်းသား ပြည်သူ ရဟန်းရှင်လူတွေရဲ့ အသက်တွေဘ၀တွေပေး ဆပ်ပြီး ထမ်းတင်ထားခဲ့ကြတာဖြစ်တယ်။ ဒါကြောင့် ပြည့်သူ့မျက်နှာ၊ ဆင်းရဲပြီးအောက်ဆုံးကိုရောက်နေတဲ့ နိုင်ငံ့ဂုဏ် သိက္ခာကို အဖတ်ဆယ်ခဲ့ဖို့သမိုင်းပေးတာဝန် NLD အစိုးရမှာအပြည့်ရှိပါတယ်။    ။
 
                                                 ရွှေလုပ်သား