04 June 2017

“မြန်မာ၈၀ဦးတင်ဆောင်လာသည်ကားတိမ်းမှောက်”

                                 
၂၀၁၇ မေလ ၄ ရက်
ရွှေလုပ်သား


       ယမန်နေ့ညဥ့်က မြန်မာ၈၀ ဦးကို တင်ဆောင်လာသည့် ၁၈ ဘိမ်း ကုန်တင်ကား  တာ့ခရိုင်အတွင်း စစ်ဆေးရေးဂိတ်တွင်ထွက်ပြေးသဖြင့် ထိုင်းဘာသာဖြင့်ရေးသားထားသည့် မန်နေဂျာအွန်လိုင်း သတင်းတွင် ဖေါ်ပြထားသည်။


         ဘန်ကောက်တွင် အလုပ်ကောင်းကောင်းရမည်ဆိုပြီး မြန်မာအလုပ်သမားတစ်ယောက်ကို ဘတ်ငွေ တစ်သောင်းနုန်းဖြင့်ကားပေါ်တင်လာခဲ့ကြကြောင်း သတင်းတွင်ရေးသားထားသည်။

        တာ့ခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမခံပဲ ကုန်တင်ကားက မောင်းပြေးခဲ့ရာ ကားတိမ်း မှောက်သွားသဖြင့် မြန်မာ၃ဦးဒဏ်ရာ  အပြင်းအထန်ရရှိခဲ့သဖြင့်ဆေးရုံတွင် ဆေးဝါးကုသမှုခံနေရသည်။ ထွက်ပြေးသူများ ၂၀ ဦးကိုဖမ်းဆီးရလိုက်ပြီး ထွက်ပြေးပုန်းရှောင်နေသူများကိုထိုင်းစစ်တပ်က ပိုက်စိုက်တိုက် ရှာဖွေနေကြောင်း သတင်းတွင်ရေးသားထားသည်။