26 June 2017

“မြန်မာသံရုံး ကုသိုလ်ယူပေးပါလား”




                                           
           ရက်ပိုင်းအတွင်းမှာ ထိုင်းနိုင်ငံအနှံ့အပြားမှာ ထိုင်းအာဏာပိုင်တွေဖမ်းဆီးနေတာကြောင့် မြန်မာ အလုပ်သမားတွေ ကျီးလန့်စာစားဖြစ်နေကြပါတယ်။ 

    အလုပ်ရုံနဲ့ နေအိမ်တန်းလျားတွေကို ရဲနဲ့ စစ်တပ်တို့ဝင်စီးနေတာများ မူးယစ်ဂိုဏ်းနဲ့ သူပုန်စခန်းတွေကို ၀င်စီးနေသလိုပါပဲ။ မြန်မာအလုပ်သမားတွေ အပြေးအလွှား မျက်နှာငယ်ကလေးတွေနဲ့။ သနားလိုက်ပါဘိ။

     အလုပ်သမားတွေကိုထိုင်ခိုင်ပြီးတော့ တရားဝင်နေထိုင်ခွင့်တွေကို စစ်ဆေးကြည့်တဲ့အခါ အများစုက  အငှါးသူဌေးနဲ့လုပ်ထားကြတာ။ အလုပ်အမျိုးအစားနဲ့ ဖမ်းမိတဲ့နေရာနဲ့မတူညီသူကများတယ်။ 

         အသစ်ပြဌာန်း လိုက်တဲ့ ဥပဒေအရဆိုရင် အားလုံးနီးပါး ဖမ်းဆီးပြန်ပို့ခံရတော့မယ့်အနေအထားဖြစ် ပါတယ်။

        အမေစုက သံရုံးတွေဟာ ပြည်ပကိုရောက်နေတဲ့ နိုင်ငံသားတွေအတွက် မိဘအိမ်သဖွယ်ဖြစ်ရမယ်။ နိုင်ငံသားတွေအတွက် အလုပ်မလုပ်နိုင်ဘူးဆိုရင် အစိုးရမလုပ်နဲ့ပေါ့။ လို့ ၂၀၁၆ ခု ဇွန်လ ၂၅ ရက်နေ့မှာ ပြောခဲ့တယ်။ 


         ထိုင်းအာဏာပိုင်တွေက ဥပဒေနဲ့ မညီညွတ်တဲ့အလုပ်သမားတွေကို ဖမ်းဆီးတာကို မြန်မာသံရုံး အနေနဲ့ ဘာမှမပြောနိုင်ဘူးဆိုတာကိုတော့ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် ၀င်ရောက်ကူညီပေးနိုင်တာေ တာ့ရှိပါတယ်။

မြန်မာသံရုံးအနေနဲ့ ထိုင်းအာဏာပိုင်တွေကို အကြောင်းကြားသင့်တာက………..
(၁) ဖမ်းဆီးမယ့်နေရာကို ကြိုတင်၍ မြန်မာသံရုံးသို့ အကြောင်းကြားပါ။
(၂) ဖမ်းဆီးခံရတဲ့အလုပ်သမားတွေရဲ့ အခန်းထဲမှာရှိတဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို စနစ်တကျ သိမ်းဆည်း ခွင့်ပေးပါ။
(၃) ကလေးငယ်နဲ့ လူမမာ အလုပ်သမားမိသားစုတွေကို ရိုင်းပင်းကူညီခွင့်ပေးပါ။
ဒီအချက် (၃) ချက်ကို မြန်မာအစိုးရအဆင့်အနေနဲ့ တောင်းဆိုပိုင်ခွင့်ရှိပါတယ်။

      အလုပ်သမားတွေမှာ ချွေးနှဲစာတွေနဲ့  ၀ယ်ယူသုံးစွဲနေကြ တဲ့အသုံးအဆောင်ပစ္စည်းတွေရှိပါတယ်။ ပိုင်ရှင်မဲ့ဖြစ်နေခဲ့မယ့် ပစ္စည်းတွေကို ဒေသခံထိုင်းတွေအလကားယူသွားတာမျိုးမဖြစ် ရလေအောင်နဲ့ ပိုင်ရှင်တွေပြန်ရအောင် မြန်မာသံရုံးအာဏာပိုင် တွေအနေနဲ့  စနစ်တကျပြန်လည်သိမ်းဆည်းပြီး ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေလက်ထဲကို မြ၀တီမှာ ပြန်လည်ပေးအပ်နိုင် ရင်ဖြင့် ဘယ်လောက်ထိ ကျေးဇူးတင်ကြမလဲဆိုတာစဉ်းစားကြေ စချင်ပါတယ်။ 

လုပ်သင့်တာကိုလုပ်ရင်းကုသိုလ်ယူနိုင်ကြပါစေ။

                            ရွှေလုပ်သား