27 June 2012

ရွှေဖရုံသီးကားပေါ်မှ မြန်မာ၃၀ ဖမ်းမိ


ဇွန် ၂၇
ကိုတီး-
မဲဆောက်မြို့မှ ရွှေဖရုံသီး များတင်ဆောင်လာသည့် ကားနှစ်စီးအား တာ့ခ်ခရိုင် နယ်ခြားစောင့်တပ် နယ်မြေ
၎ နှင့်ရဲစစ်ဆေးရေး ဂိတ် အမတ်မှတ် ၄၀၂ တို့ ပူးပေါင်း  စစ်ဆေးမှုပြုလုပ်ခဲ့သဖြင့် ကားပေါ်တွင်တင်ဆောင် လာသည့် မြန်မာအလုပ်သမား ၃၀ဦးအား ယမန်နေ့က ဖမ်းဆီးမိလိုက်ကြောင်း  ထိုင်းဘာသာဖြင့် ရေးသား သည့် မန်နေဂျာအွန်လိုင်းစာမျက်နှာတွင် ရေးသားထားသည်။


ကားဝမ်းဗိုက် ထဲတွင် သံချောင်း များဖြင့်အခန်း ပုံပြုလုပ်ပြီး တင်ဆောင် လာခဲ့ခြင်းဖြစ်သည်။
          အမျိုးသား၁၅ဦး နှင့်အမျိုးသမီးအလုပ်သမ ၁၅ဦးတို့အား တင်ဆောင်လာသည့် ကားမောင်း သမား ထိုင်းလူမျိုး ၂ဦးတို့ အား လူကုန်ကူးမှုဖြင့် အရေးယူမည်ဖြစ်သည်။ အဆိုပါ အလုပ်သမားများ အား ဘန်ကောက်သို့ သယ်ဆောင်ခ ကား တစ်စီး  လျှင် ဘတ်ငွေ တစ်သောင်းစီရရှိကြောင်း ၎င်းတို့နှစ်ဦးကထွက်ဆိုသည်။