01 June 2012

“အလုပ်သမားနှင့်ဒုက္ခသည်အရေးအဓိကဖြစ်ကြောင်း ဒေါ်စု ပြော”


                       
ဇွန်လ ၁   မြတ်ညို (အလွတ်သတင်းထောက်)
            ယမန်နေ့ညနေပိုင်းက မဟာချိုင် ၀တ်လန်းစံ တွင်ရှိသော ပတ်စပို့ ထုတ်ပေးရေးရုံးသို့ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လာရောက်ကြည့်ရှု ခဲ့စဉ်  ထောင်ချီရှိသည့် မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံအတွင်းသို့ ရောက်ခြင်းအဓိက ရည်ရွယ် ချက် မှာ ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည် များ အရေးကိစ္စဖြစ်ကြောင်း ပြောသည်။
မေလ ၃၀ ရက်နေ့က မဟာချိုင်ဝေလ ၉ လမ်းတွင် ရှိသော အလုပ်သမားကွန်ယက် စာကြည့်တိုက်သို့ ဒေါ်အောင်ဆန်းစုကြည်သွားရောက်ပြီးနောက်  ဒုတိယ အကြိမ်အဖြစ် မဟာချိုင် ပတ်စပို့ထုတ်ပေးရေးရုံးသို့ သွားရောက်ကြည့်ရှုစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
သူမ ဆက်လက်ပြောကြားရာတွင် “ တိုင်ပြည်အပြင်ပကိုရောက်နေတဲ့ အလုပ်သမားတွေ လုံလုံခြုံခြုံနဲ့ ပြန်
လာနိုင်အောင်၊ လုံလုံခြုံခြုံဆိုတာဟာ ပြန်လာတဲ့အခါမှာ  အသက်မွေးဝမ်းကြောင်းအတွက် အလုပ်ရရှိနိုင် ရမယ် လို့ ဆိုလိုတာပါ။ကျမတို့ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာဆိုတာ ကျမတို့ပြည်သူ ပြည်သားတွေရဲ့ဂုဏ်သိက္ခာ အပေါ်မှာတည်ပါတယ်။ကျမတို့ နိုင်ငံသားတွေဟာ ကမ္ဘာဘယ်နေရာမှာပဲနေနေ သိက္ခာရှိရှိ မနေနိုင် လို့ရှိ ရင်တော့ ကျမတို့နိုင်ငံဟာ သိက္ခာရှိတယ်လို့ ဘယ်လိုမှ ပြောနိုင်မှာ မဟုတ်ပါဘူး” ဟုပြောသည်။

           အလုပ်သမားများ မှတ်ပုံတင်ရေးကိစ္စနှင့် ပတ်စပို့လုပ်ငန်းစဉ်အတွင်း အကုန်အကျသက် သာစေရေးအတွက် ကြားပွဲစား ကိစ္စရပ်များကိုလည်း သူမအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် စကားပြောဖြစ်ခဲ့သလိုထိုင်းတွင်ရှိနေ သည့်  မြန်မာ အလုပ်သမားများ၏ သားသမီးများအား ထိုင်းကျောင်း များတွင် စာသင်ကြားခွင့်ရရှိရေးတို့ အတွက်ပါ ဒုဝန်ကြီးချုပ်နှင့် ပြောဖြစ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် က အလုပ်သမားများအား ပြောဆိုခဲ့ သည်။
ဇွန်လ ၂ရက်နေ့တွင် ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းများသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက် မည်ဖြစ်ကြည့်ရှုမည်ဖြစ်သည်။