24 June 2012

“ကျေးရွာမြေယာကော်မတီအား လယ်သမားများမှ လိမ်လည်မှုဖြင့် တရားစွဲဆိုမည်”


ဇွန် ၂၄
ပဲခူ ညီလေး -
ကျေးရွာမြေယာ ကော်မတီအဖွဲ့အား စာရွက်စာတမ်း လိမ်လည်မှုဖြင့် လယ်မြေအသိမ်းခံထားရသည့်
လယ်သမားများက တရားစွဲမည်ဖြစ်ကြောင်း လယ်သမားများပြောပြချက်အရသိရသည်။
         ပြီးခဲ့သည့်ဇွန်လ(၆)ရက်နေ့တွင်ရန်ကုန်တိုင်းေ   ဒသကြီး၊ခရမ်းမြို့နယ်၊ မောင်းမကျေးရွာ၊ကွင်းအမှတ်  (၇၅၁)၊ ဦးပိုင်အမှတ်(၁၈/၂)၊(၁၀/၁)၊ (၁၀/၅)၊ (၁၀/၆) ရှိ လယ်သမား(၄)ဦးပိုင် လယ်ယာမြေ(၄.၃၉)ဧက အား မောင်းမကျေးရွာကော်မတီမှ ကျောင်းမြေဧရိယာအဖြစ်သတ်မှတ်လိုက်သည့်အတွက် လယ်သမားများ မှကျေနပ် မှုမရှိကြကြောင်း သိရှိရသည်။
       လယ်သမား(၄)ဦးမှ မြို့နယ်မြေစာရင်းဦးစီးဌာန၊ ဒုဦးစီးမှူး၏ရှေ့မှောက်၌လက်မှတ်ရေးထိုးထားသည့် စာရွက်စာတမ်းအထောက်အထားများအရ လယ်ယာမြေ(၄.၃၉)ဧကအားမောင်းမကျေးရွာအ.ထ.က( ခွဲ)   ကျောင်းပိုင်မြေအဖြစ် သတ်မှတ်ရခြင်းဖြစ်ကြောင်း ကျေးရွာမြေယာကော်မတီအဖွဲ့ဝင် ဦးမောင်ဝင်း မှပြောသည်။
လယ်မြေအသိမ်းခံရသူ ဦးလှမြင့်ဦး က “ကျွန်တော်၏လယ်ယာမြေအား လက်မှတ်ထိုးလှူဒါန်းထားခြင်းမရှိပါ။
မောင်းမကျေးရွာမြေယာကော်မတီဝင်တွေနဲ့ကျောင်းအုပ်ဆရာကြီးဦးထွန်းထွန်းဦးတို့  က ကျွန်တော် လက်မှတ်နဲ့မှတ်ပုံတင်နံပါတ်တွေကိုအတုပြုလုပ်ပြီးတော့ကျောင်းမြေအဖြစ်လှူဒါန်းထားတဲ့ပုံစံမျိုးပြုလုပ်ထား
တာဖြစ်ပါတယ်” ဟု ပြောသည်။

        အခြားလယ်သမား(၃)ဦးမှာ ကွယ်လွန်သွား သဖြင့် လယ်ယာမြေအားဆက်လက် လုပ်ကိုင်နေ ကြသော မိသားစုများက မိမိတို့၏ ခင်ပွန်းနှင့် မိဘများမှာလက်မှတ်ထိုးလှူဒါန်းထားခြင်းမရှိပဲ လက်မှတ်ထိုးလှူဒါန်း ထားသည့်စာရွက်စာတမ်း များသည် အတုများဖြစ်သည့်အတွက်ကျေးရွာ မြေ ယာကော်မတီအား လိမ်လည်မှုဖြင့် ဇွန်လကုန် တွင်တရားစွဲဆိုသွားမည်ဟုလယ်သမားများ၏ မိသားစုများမှ ပြောသည်။