02 June 2012

မြန်မာအလုပ်သမား ၁၄ ဦး အယုဒ္ဓယမြို့အနီး ထိုင်းပုလိပ်ဖမ်း



ကိုတီး    ဇွန် ၂
ထိုင်းနိုင်ငံအလယ်ပိုင်း ဘန်ကောက်မြို့နှင့် ၇၅ ကီလိုမီတာအကွာတွင်ရှိသော အယုဒ္ဓယ အနီးတွင် မဲဆောက်မှ တင်ဆောင်လာသည့် မြန်မာ အလုပ် သမား ၁၄ဦးအား ထိုင်း၇ဲများ သတင်းပေးပို့ချက်များ အရ ယမန်နေ့ က ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသူများထဲတွင်အမျိုးသမီ၇ဦးနှင့်အမျိုးသား၇ဦးတို့ဖြစ်ကြသည်။ အသက်၁၅ နှစ်မှ ၂၂နှစ် ပတ်ဝန်း ကျင်ခန့်ရှိကြသူများဖြစ်ကြသည်။
ယာဉ်မောင်း ထိုင်းအမျိုးသား အသက်၃၆နှစ်အရွယ် နိုင်စုန်ပေါင်း ၏ ထွက်ဆိုချက်အရ ကားတစ်ခါပို့လျှင်
ဘတ်ငွေ ၃၅၀၀ စီရကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားအား တာ့ခ်ခရိုင် မှ တစ်ဆင့် အယုဒ္ဓမြို့သို့ ပို့ဆောင်
မည်ဖြစ်သည်။

အလုပ်သမားများက လူကုန်ကူးသူထံသို့ တစ်ဦးလျှင် ဘတ် ၁၀၀၀၀ စီပေးချေခဲ့ကြရကြောင်းထွက် ဆို သည်။
     လူကုန်ကူးသူ ပွဲစား ကျဲကွန်  က ယခုအမှုအား ဘတ်တစ်သိန်းနှင့် အမှုကျေအေးရန်ပြောဆိုခဲ့ရာ အယုဒ္ဓယ ရဲစခန်းမှ လက်မခံသည့်အပြင် လူကုန်ကူး မှုနှင့် လာဘ်ပေးလာဘ်ယူမှုဖြင့် အရေးယူပြီး လူကုန်ကူးခံရသူများအားနယ်စပ်သို့ပြန်လည် ပို့ဆောင် မည်ဖြစ်ကြောင်း ထိုင်းရပ်သတင်းစာတွင်ဖေါ်ပြထားသည်။