01 June 2012

“ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်ရောက်တုန်း အလုပ်သမား၈ဦးအား ပုလိပ်ဖမ်း”

               
ဇွန်လ ၁
ဆန်းဦး (မဟာချိုင်)
NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဟာချိုင် မြို့ကို ရောက်ရှိနေစဉ်အတွင်းမှာပဲ မေလ ၃၁ ရက်နေ့  မနက် ၇နာရီခွဲက  မဟာချိုင် ဘန်ဘာ  ၉လမ်းရှိ မီးချောင်းအလုပ်ရုံမှ မြန်မာအလုပ်သမား ၈ဦး တို့အား ထိုင်းပုလိပ်များက ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။
            မြန်မာအလုပ်သမား ၅ယောက်နှင့် ဘတ်ရှိ သည့် အလုပ်သမား ၃ဦးတို့အားဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
လုပ်ငန်းရှင်လိုက်လံဖြေရှင်းသဖြင့် ပြန်လည်လွတ်မြောက်လာသည့် ကိုအောင်မြင့်ဦး က “ အမေစုကိုပြောခွင့် ရမယ်ဆိုရင် အမေစု မဟာချိုင်မှာ ရှိတုန်းကိုတောင်မှ ဖမ်းတယ်ကျနော်တို့ ဘတ်တွေ ပတ်စပို့တွေ ရှိပေမယ့် မလုံခြုံဘူး ဆိုတာကိုပါ။ လက်ရှိဖြစ်ရပ်က မလုံခြုံဘူးဆိုတာပြနေတာပါ” ဟုပြောသည်။
    မဟာချိုင် အခြေစိုက် အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူ ကိုခိုင်ကြီးက“ ဒေါ်စုကို ချိပ်ဆက် တဲ့
အဖွဲ့ ဘယ်လောက်အလုပ်လုပ်နိုင်မလဲ။ ဒေါ်စုသိအောင် ဘယ်လောက်သူတို့ပြောနိုင်မလဲ ဒေါ်စုသိရင်တော့
ဝန်ကြီးချုပ်အထိပြောမှာပဲ။မဟာချိုင်မှာ ထိုင်းပုလိပ်တွေ ဖိနှိပ်မှုလျှော့ကျသွားဖို့ဆိုတာ မဟာချိုင်က အဖွဲ့တွေ
ဘယ်လောက် အလုပ်လုပ်သလဲဆိုတဲ့ အပေါ်မှာမူတည်တယ်” ဟုပြောသည်။
     ဒေါ်စုရောက်လာစဉ် ဒေါ်စုနှင့်တွေ့ဆုံခွင့်ရရှိခဲ့ကြသည့် အလုပ်သမား ကိုယ်စားလှယ်ဆိုသူများလည်း
ဒေါ်စုရှိလင့်ကစား မဟာချိုင်အာဏာပိုင်များရှေ့တွင် ထိုင်းပုလိပ်များ မတရားလုပ်မှုများအား တင်ပြရဲမည်မ
ဟုတ်ကြောင်း ကိုခိုင်ကြီးက သုံးသပ်ပြောဆိုသွားသည်။