05 June 2012

ကမ္ဘောဒီးယီးယား အလုပ်သမား ရိုတ်သတ်သဖြင့် မြန်မာအလုပ်သမား တစ်ဦးသေဆုံး


ဇွန်လ ၅
မြတ်ညို  (အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခါမြိှုှု့ တွင်ရှိသော SIAM INTERNATIONAL FOOD CO, Ltd  ငါသေတ္တာ အလုပ်ရုံ တွင် ယမန်နေ့က နေ့လည်ပိုင်းက ကမ္ဘောဒီးယား အလုပ်သမားများ ၀ိုင်းရိုက်သတ်
သဖြင့် မြန်မာအလုပ်သမား တစ်ဦးသေဆုံးသွားေ ကြာင်း သိရှိရသည်။
     မြန်မာအလုပ်သမား တစ်ထောင်ကျော် ခန့် ရှိသည့် အဆိုပါ အလုပ်ရုံတွင် ယမန်နေ့ က ကမ္ဘောဒီး
ယားအလုပ်သမားများနှင့် မြန်မာအလုပ်သမားများ ရိုက်ကြရာ မြန်မာအလုပ်သမား ၁၀ဦးခန့် ဒါဏ်ရာရရှိသွားပြီး အသက် ၂၃ နှစ်အရွယ် ကိုမိုးမိုးဆိုသူမှာယနေ့ နံနက်ပိုင်းက ဆေးရုံတွင် သေဆုံးသွားကြောင်းအလုပ်သမား ကိုလွင်ကပြော သည် ။ဝိုင်းရိုက်သည့် ကမ္ဘောဒီးယားလူမျိုးများမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း   အလုပ်သမားများကပြောသည်။



 “ အလုပ်သမား တွေက နေ့ဆိုင်းညဆိုင်းရှိပါတယ်။ ညဆိုင်းအလုပ်လုပ်တဲ့ အလုပ်သမားတစ်ယောက်
က ကမ္ဘောဒီယားတွေနေတဲ့ အဆောင်နားက သစ်ပင်မှာ ပုခက် နဲ့ အိပ်နေတယ်။ အဲဒါကို ကမ္ဘောဒီးယား
တွေက ၀ိုင်းရိုက်ကြတယ်။ အဲဒါကို ကျနော်တို့ က အလုပ်ရုံကိုဖြေရှင်းပေးဖို့ ပြောခဲ့ပေမယ့် မရှင်ခဲ့ပဲ အခု
လိုဖြစ်သွားတယ်။ ကျနော့်မှာလည်း မဲစေ့မှာ ပေါက်ပြဲသွားတယ်”ဟု ကိုတင်ဝင်းကပြောသည်။
 ယမန်နေ့ နေ့လည် ၁နာရီခန့် က အလုပ်သမားများ အိပ်နေရာသို့ ဓါးဖြင့်ဝင်ခုတ်၊ဓါးဖြင့် ၀င်ထိုးသဖြင့်
အလုပ်သမား ကိုမိုးမှာ ၀မ်းဗိုက်ပေါက်ပြဲသွားပြီး သေဆုံးခဲ့သည်။
  အလုပ်ရုံတွင် MOU နားလည်မှုစာချွန်လွှာဖြင့် လာရောက် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမား
 ၅၀၀ ခန့် ရှိသည်။ အဆိုပါ အလုပ်သမားများအနက် အမျိုးသား ၂၀၀ ခန့် နှင့် အမျိုးသမီး ၃၀၀ခန့် ရှိ
ကြသဖြင့် ယခုကဲ့သို့ ရိုက်သတ်သေဆုံးမှုများရှိလာသဖြင့် မြန်မာအလုပ်သမားများမှာ အထူးစိုးရိမ်နေ
ကြောင်းသိရှိရသည်။
ယခုအလုပ်ရုံတွင် ယခင် ၂နှစ်ခန့် ကလည်း ကမ္ဘောဒီယား အလုပ်သမားနှင့်မြန်မာအလုပ်သမားများ
ပြဿနာဖြစ်ခဲ့ဖူးသည်။အလုပ်ရုံတွင်  MOU နှင့်လာသည့် မြန်မာအလုပ်သမားများအား ကမ္ဘောဒီယား
အလုပ်သမားများနေထိုင်ရာဘက်တွင်ထားရှိသဖြင့် ယခုကဲ့သို့ ပြဿနာဖြစ်ခြင်းဖြစ်ကြောင်း အလုပ် သမား များကပြောသည်။