07 August 2014

“ဒီငွေယိုပေါက်ကြီးကို ဘယ်သူပိတ်နိုင်မလဲ”

ပြည်တွင်းထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ၆၊ အမှတ်၂၉တွင် ဖေါ်ပြခဲ့ သည့် ဆောင်းပါး အား ရွှေလုပ်သားအွန်လိုင်း မိတ်ဆွေများအတွက် ထပ်ဆင့်ဖေါ်ပြတာပါ။

       
      “ဒီငွေယိုပေါက်ကြီးကို ဘယ်သူပိတ်နိုင်မလဲ”
 “အာရောဂျံ ပရမံလာဘံ” ကျမ္မာခြင်းသည်လာဘ်တစ်ပါး ဆိုတဲ့စကား ကြားဖူးတယ်။ ဘယ်သူ့အတွက် လာဘ်တစ်ပါး ပါလိမ့်။ ဒီလာဘ်ကို ထိုင်းကိုလာပေးနေကြပြီလော မေလ ၂၉ ရက်နေ့က ရန်ကုန်မှာနေထိုင်တဲ့ရင်းနှီးတဲ့ မိတ်ဆွေတစ်ယော က် လေဖြတ် လို့ ဘန်ကောက်က နာမည်ကြီးဆေးရုံတစ်ခု ကိုေ ရာက်လာတယ်။ 

သူဟာ နိုင်ငံခြားကုမ္ပဏီ ၂ခုရဲ့ မြန်မာနိုင်ငံဌာနေကိုယ် စားလှ ယ်ြ ဖစ်တာကြောင့် စီးပွားရေးအတော်အသင့် အဆင်ပြေသူတစ်ယော က်ဖြစ်ပါတယ်။ မေလ၂၆ရက်နေ့ မနက် ကထိုင်းလေယာဉ်ပေါ်ကို တက်ပြီးမှညာလက်လှုပ်မရတာကို လေဆိပ်က ဆရာဝန်ဆီမှာ   ပြသပြီး တော့ ရန်ကုန်မြို့ရဲ့နာမည်အကြီးဆုံး ပုဂ္ဂလိကဆေး ရုံကြီး တစ်ခုကိုကိုယ်တိုင်သွားရောက်ခဲ့တယ်။ ပုဂ္ဂလိကနာ မည်ကြီးဆေးရုံသာပြောတယ်။

 လေဖြတ်ခါနီးလူနာဟာ နာရီဝက်ကျော်ကြာမှ ဆရာဝန်နဲ့ တွေ့ခွင့် ရပြီးမှ ကုသခဲ့ပါတယ်။ ခန္ဓာကိုယ်ကိုဆေးပုလင်းကြီးချိပ်ပြီး နောက်ပိုင်းကနေ လေဖြတ်သွား ခဲ့တော့ တယ်။ အခြေအနေ ထူးခြားမလာ တာကြောင့် ဘန်ကော က်  ကိုဆေးလာကုတာပါ။ 

           ဆေးရုံကိုရောက်တဲ့အခါ လူနာခန္ဓာကိုယ်ထဲမှာ ဆားရေ ပုလင်းကလွဲရင် ဘာဆေးမှ ကုထားတာ မတွေ့ ဘူးလို့ပြောပြီး ရန်ကုန်က နာမည်အကြီးဆုံး ဆေးရုံက ပေးလိုက်တဲ့ ဓါတ်မှန်ေ တွ ဆေးမှတ်တမ်းတွေကို အမှိုက်ပုံး ထဲကိုထည့်လိုက်ပါတယ်။ 
          ရန်ကုန်က ချမ်းသာတဲ့ ရခိုင်အမျိုးသမီးတစ်ဦး ရန်ကုန်မြို့ က နှလုံးအထူးကု ဆရာဝန်ကြီးဆီမှာ နှလုံးရော ဂါဆေးပုံမှန်   သောက်နေရတာ၂ နှစ်ခွဲရှိပြီဖြစ်တယ်။ ထိုင်းနိုင်ငံရဲ့ ကျမ္မာရေး ၀န်ဆောင်မှု ဂုဏ်သတင်းကို လည်းသိလာ၊ ငွေကြေးလည်း တတ်နိုင်တာကြောင့် ဘန်ကောက်ကို လာရောက်ပြီးတော့ စစ်ဆေး ကြည့်ပါတယ်။ ထွက်လာတဲ့အဖြေက ပခုံးအကြော ညှပ်နေရာက သွေးကြောပိတ်ဆို့မှုဖြစ်နေကြောင်း နှလုံးနဲ့ လုံးဝ    မပတ်သက်ပဲ ပြင်ပအပေါ်ယံ အရေးပြားနဲ့အကြောတို့ သာဖြစ် တယ်ဆိုပြီး၂ ရက် ဆေးကုလိုက်တာ နဲ့ ပျောက်ခဲ့ရတယ်။
             ယခုတစ်ခါ အဲဒီ ရခိုင်သူဌေး အမျိုးသမီးဟာ ရန်ကုန်က သားဖွားမီးယပ်အထူးကုက နောက်နေ့မှာသားအိမ်ကိုခွဲထုတ်ပစ်   ရမယ်။ ခွဲမထုတ်ရင် အသက်အန္တရာယ်ရှိတယ်ဆိုလို့ ခင်ပွန်းဖြစ် သူက ခွဲချင်းခွဲရင် နောက်ေ ကြာင်းအေးအောင် ဘန်ကောက်မှာ သွားခွဲမယ်ဆိုပြီး လာခဲ့ကြတယ်။ ဘန်ကောက်ဆေးရုံမှာ စစ်ဆေး လိုက်တာ ခွဲစိတ်ကုသစရာမလိုတဲ့အပြင် သားအိမ်နဲ့ပါတ်သက် တဲ့ ရောဂါ မြူတစ် မှုန်တောင်မရှိဘူးလို့ ယတိပြတ်ပြောပါတယ်။ လူနာရှင် အမျိုးသမီးဟာ  ထ,ခုန်မ တတ်ဝမ်းသာ သွားခဲ့တယ်။
          အစိုးရအရာရှိ ကတော်တစ်ယောက် အသဲမှာ ကင်ဆြာ ဖစ်နေတယ်ဆိုပြီး အထူးကုနဲ့ကုနေတာကို အားမရတော့ပဲ သေခါ မှသေရော အတိအကျ သိရအောင်ဆို ပြီး ပါမောက္ခကြီးတွေကို မျက်ကွယ်ပြုပြီး ထိုင်းကိုရောက်လာခဲ့ပါတယ်။
        ဘန်ကောက်မြို့က ဆေးရုံ မှာ စစ်ဆေးတဲ့အခါ ဘာကင် ဆာမှမရှိပဲ အာဟာရဓါတ် တစ်ခုချို့ယွင်းနေမှုကြောင့်ပဲဖြစ်တယ်။ အဖြေမှန်ကိုသိရှိရတဲ့အခါ အစိုးရအရာရှိကတော်ပီပီ ထိုင်းဆေးရုံ ကပေးတဲ့ Medical check up စာရွက်နဲ့အတူ ရန်ကုန် ပြန်ရောက်
တာနဲ့တရား စွဲမယ်လို့ပြောသွားပါတယ်။
         အမျိုးသားမိတ်ဆွေတစ်ယောက် ရန်ကုန်မှာ လည်ချောင်း ကိုခွဲစိတ်ရမယ်။ အသံထွက်ချင်မှ ထွက်တော့ မယ်။ မခွဲရင် အသက်အန္တရာယ်ပါဖြစ်နိုင်တယ် ဆိုတာကြောင့်ကုန်ချင်သလော က် ကုန်ပါစေ ဆိုပြီး စင်္ကာပူမှာ သွားပြီး ဆေးစစ်ခြင်းခံယူပါတယ်။ ထွက်လာတဲ့အဖြေက လည်ပင်းလေပြွန်မှာ ဘာရောဂါမှမရှိပါ။ အစာအိမ်မှ အချဉ်ပေါက်လို့ အပေါ်ကို ပြန်တက်လာတဲ့ ချဉ်သိုးသိုး အခိုးအငွေ့များ ခိုအောင်းမှုများလာခြင်းကြောင့်ဖြစ်တယ်။ အဲဒါတွေ ကို သန့်ရှင်းပေးလိုက်တာ နာရီပိုင်းအတွင်းမှာ ရှင်းလင်းသွားခဲ့ တယ်။
        
  မှတ်မှတ်ရရနောက် တစ်ခုကတော့ ကျနော်တို့ နေရပ် က အိမ်နီး ချင်း အရာရှိတစ်ယောက် မသေသင့်ပဲ သေခဲ့ရတဲ့ ဖြစ်ရပ်ပါ။ ငယ်စဉ်ကတည်းက ပညာတော်တဲ့သူမို့ ခရိုင်စီမံကိန်းဦးစီးအရာရှိ တာဝန် ထမ်းဆောင် နေချိန်ဖြစ်ပါတယ်။ 

သက္ကရာဇ်၂၀၀၀ ခုနှစ်လောက်ကပါ။ အသဲခြောက်တယ်။ အသဲ အဆီးဖုံးတယ် ဆိုပြီး ရန်ကုန်က ပါရဂူနဲ့ ပြသရပါတယ်။   ဈေးကြီး တဲ့   နိုင်ငံခြားဆေးတွေကို ပုံမှန်သောက်ရပါတယ်။ ရခိုင်ကနေ ရန်ကုန်ကို  ၃လတစ်ကြိမ် အသဲကိုလာ စစ်ဆေးမှုခံယူရပါတယ်။     အခွင့်ထူးခံမဟုတ်တဲ့ သာမန် အရာရှိဖြစ်တာကြောင့် ၃နှစ်ေ လာက် ဆေးကုလိုက်တဲ့အခါ အကြွေးတွေလည်းတင်လာခဲ့သလို   ရောဂါလည်း ကျွမ်းလာခဲ့ တယ်။ သေခါနီး အခေါက်မှာ ရန်ကုန် အထူးကုဆေးရုံက ပြောလိုက်တဲ့အဖြေက ကျောက်ကပ် တစ်ဖက် မကောင်းတော့ဘူးတဲ့။ ကောင်းကြရော့။ သုံးလေးနှစ် ကုလာတာ က အသဲ အဆီဖုံးလို့၊ သေခါနီမှ ရောဂါတခြား ဆေးတခြားဖြစ် မှန်းသိကြရတော့တယ်။

            လူနာတွေက ပြောတဲ့စကားကတော့  အကျိုးစီးပွား အတွက် အတတ်ပညာကို အကြောင်းပြပြီး ကျမတို့မှာ ရှိတဲ့ ဥစ္စာဓနတွေကို ခြိမ်းခြောက်လိမ်ညာပြီးတော့ အဓမ္မတောင်းနေ သလိုပဲတဲ့။ 
        နောက်တစ်ယောက်ကတော့။ ရန်ကုန်မှာ ရွှေန၀လီဝယ် သူတစ်ယောက်ပါ။ အစာအိမ်ကင်ဆာဆိုပြီးအထူး ကုဆေးခန်းမှာ နာရီပိုင်းနဲ့လာထိုင်တဲ့ ဆရာဝန်ဆီမှာ ပြရတာလို့ပြောပါတယ်။ သူ့နာမည်ကိုခေါ်တယ်။ ကုတင်ပေါ် လှဲအိပ်ရတယ်။ ဆရာဝန်က နားကျပ်နဲ့ထောက်လိုက်တာနဲ့ လူနာရဲ့ခံစားနေရမှုကိုလည်း ပြန်   ပြောခွင့်မရှိသလို ဆရာဝန်ကလည်း ခေါင်းသာညိတ်ပြီး ဘာမှ မပြောပဲ အခန်းစောင့်က နောက် တစ်ယောက်ကိုခေါ်လိုက်တယ်။   နောက်တစ်ယောက်လည်း ကုတင်ပေါ်တက်တာနဲ့နောက်တစ်   ယောက်ကိုထပ်ခေါ်လိုက်တယ်လို့ ပြောပါတယ်။
        ဒီအနေအထားတွေဟာ တကယ်အဖြစ်မှန်တွေဖြစ်နေတာေ ကြာင့် မြန်မာပြည်မှာ ပညာတတ်ထဲမှာ ပညာအတတ်ဆုံး အတော်ဆုံးလို့ သတ်မှတ်ထားတဲ့ ဆရာဝန်တွေရဲ့အပြုအမူတွေ လုပ်ဆောင်ချက်တွေ၊ အတတ်ပညာတွေဟာ မြန်မာနိုင်ငံ အ တွက် အလွန်စိုးရိမ်စရာ ဖြစ်ပါတယ်။ ဆရာဝန်တိုင်းမဟုတ်ပေ မယ့် ဒီအဖြစ်အပျက်တွေဟာ လူတိုင်းနီးပါးခံစားနေကြရကြောင်း   မြန်မာနိုင်ငံသားတိုင်းလိုလို သိရှိကြမှာပါ ။
                                               “ဘာတွေကွာခြားနေလို့လဲ”
           မြန်မာပြည်မှာရှိနေတဲ့ဆရာဝန်တွေရဲ့အရည်အချင်း၊
 ဆေးရုံတွေရဲ့အဆင့် အတန်းနဲ့ ခေတ်မီကိရိယာနဲ့ လပ်ဆတ် စစ်မှန်တဲ့ဆေးဝါးတွေ မပြည့်စုံကြတာတွေကို သိရှိကြတာကြောင့်   မြန်မာအာဏာပိုင်တွေနဲ့ ခရိုနီ မိသားစုတွေ စင်္ကာပူကို သွားရောက်ဆေးကြတာဖြစ်ပါတယ်။ မိမိနိုင်ငံကလည်း ခေတ်မီဆေးဝါးတွေ မထုတ်လုပ်နိုင်၊ အန္ဒိယနဲ့ တရုတ်နိုင်ငံတို့က ဆေးအတုတွေကို  ဈေးကွက်ထဲသို့တင်သွင်း။
 ဆေးလည်း အာမခံမရှိ၊ အတုအစစ်လည်းမခွဲနိုင်တဲ့ မြန်မာပြည် သူလူထုမှာတော့ ကိုယ်ဖြစ်ကိုယ်ခံ။ 

 နံစော်နေတဲ့ဆေးရုံ စုတ်ပြတ်နေတဲ့အပြင် အဆင်၊ ကြမ်းတမ်း ခက်ထန်တဲ့ ဆက်ဆံရေး၊ ကုတင်မရှိ၊ ရေလောင်းအိမ်သာမရှိ တဲ့ ဆေးရုံတွေ၊ ဆေးမရှိ၊ ဆရာဝန်မရှိ တဲ့ဆေးရုံတွေ ယခု တိုင် မြန်မာပြည်မှာ လက်ညှိးထိုးမလွဲသေးပါ။ 
             စရိတ်မျှပေးကျမ္မာရေးလို့ ဆိုထားပေမယ့် ဆရာဝန်ရေး   ပေးတဲ့ ဆေးစာရွက်နဲ့ ဆရာဝန်ညွန်ပြတဲ့ ဆေးဆိုင်မှာသာ ၀ယ်ကုရတဲ့ မြန်မာပြည်ပါ။ ဂွမ်းအစ အရက်ပျံ အလယ် ပတ်တီး အဆုံး လက်အိပ်နဲ့ ဇာဂနာကအစ၀ယ်ရတယ်။ ဆေးရုံဂိတ်ပေါက်   စောင့်ကိုငွေပေးမှ လူနာဝင် တွေ့ခွင့်ရသလို လူနာကို ချိုင့်ခွက်ေ တွက လွတ်အောင်တွန်းပေးဖို့ လူနာတင် ကုတင်တွန်းတဲ့   ဆေးရုံအောက်ခြေ ၀န်ထမ်းကိုတောင် လာဘ်ထိုးရတယ်။
          သူငယ်ချင်းဆရာဝန်တစ်ယောက်ကပြောဖူးတယ်။ အယင်တုန်းက ဆေးကျောင်း သားတွေဟာ အလောင်းတွေကို လက်တွေ့ခွဲရတယ်လို့ကြားဖူးပေမယ့် သူတို့ခေတ်မှာ  ဗီဒီယိုခွေ နဲ့ပဲ သင်ရတယ်လို့ ပြောပါတယ်။ ခွဲစိတ်မှုရဲ့မထမက ဘယ်လို ဒုတိယက ဟောသလိုမြင်ရမယ်၊ တတိယအဆင့်မှာ ဒီလိုတွေ့ ရမယ်ဆိုပြီး ဗီဒီယို ပြကွက်ကို လက်ထောက်ပြတယ်လို့ ဆိုပါ တယ်။ အနည်းဆုံး အင်တာနက် အွန်လိုင်း တွေမှာရှိတဲ့   ဆေး ဘက် ဆိုင်ရာနည်းပညာသုံး အထူးထုတ်လုပ်ထားတဲ့ ရော်ဘာ အရုပ်တွေနဲ့ သင်ကြားရတာမျိုးဖြစ် သင့်တယ်လို့ပြောပါတယ်။
      “သူများတိုင်းပြည်မှာ ကျမ္မာရေးစောင့်ရှောက်မှုကို ဘယ်လိုလုပ်ထားသလဲ”
         ထိုင်းတစ်နိုင်ငံလုံးမှာ မြန်မာပြည်မှာလို ဆရာဝန် ဆေးခန်း   မဖွင့်ပါ။ ထိုင်းနိုင်ငံမှာ ဘုရင်ဆေးရုံ၊ ပုဂ္ဂလိက ဆေးရုံနဲ့အစိုးရ   ဆေးရုံဆိုပြီး သုံးမျိုးရှိပါတယ်။ ဆေးရုံမှာ ဆေးနံ့နဲ့ အခြားမည်  သည့် အနံ့အသက်မှမနံပါ။ အမှိုက်၊ ဖုံသလဲမရှိပါ။ ကုလားထိုင် ကအစ ကုတင်၊ တွန်းလှည်း၊ လူနာတင်ယာဉ်၊ အခန်း နဲ့ အသုံး အဆောင်တွေ   နောက် ဆုံးပေါ်တွေကိုသုံးတယ်။ အနိမ့်ဆုံး အထွေထွေအလုပ်သမားကနေ အဆင့် အမြင့်ဆုံး ပါမောက္ခ အထိ ဆေးရုံကိုရောက်လာတဲ့ လူနာတိုင်းကို တပြေညီ ဆက် ဆံတယ်။ ဘုရင်ဆေးရုံနဲ့ အစိုးရ ဆေးရုံ တို့မှာ ထိုင်းနိုင်ငံသား တိုင်း အခမဲ့ဆေးဝါး ကုသခွင့်ရရှိတယ်။  

ဘယ်လောက်ချမ်းသာချမ်းသာ၊ဘယ် လောက်ဆင်းရဲရဲ ဆေးရုံပေါ်
က ပိုးသတ်ထားတဲ့ အ၀တ်ကိုဝတ်ရပြီး အနံ့နုတ်ထားတဲ့ ဆေးရုံ   ပေါ်က အစားအစာကိုပဲ စားရပါတယ်။ သားတွေ မြေးတွေ ပြုစုချင်ပါတယ်ဆိုပေမယ့် မည်သူမှပြုစုစရာ မလိုပါ၊ ခွင့်လည်းမပြုပါ။ ဆေးရုံက တာဝန်ကျေအောင် ကုသ   ပြုစုပေးပါတယ်။ ထိုင်းလူမျိုးတွေ အတွက် ကျမ္မာရေးအတွက် ၀န်ထုတ်ဝန်ပိုး လုံးဝမရှိပါ။

         တစ်နေ့တစ်ခြား  ဖွံ့ဖြိုးတိုးတက်နေတဲ့ ထိုင်းနိုင်ငံ ဆေးရုံေ တွရဲ့ ၀န်ဆောင် မှုကောင်း မွန်ပြီး၊ စင်္ကာပူ ထက် ကုန်ကျငွေ ထက်ဝက်လောက်သက်သာတဲ့ ထိုင်းနိုင်ငံကို အာရပ်စော်ဘွားများ   နိုင်ငံ၊ တရုတ် နဲ့ အိမ်နီး ချင်းနိုင်ငံတွေက ဆေးလာ ကုနေကြပါ တယ်။ အလားတူ  မြန်မာနိုင်ငံကလာပြီး နေ့စဉ်လူငါးဆယ်တစ်ရာ ၀န်းကျင်လောက်ကျမ္မာရေး စောင့်ရှောက်မှုလာခံနေကြရတယ်။ ဒီငွေတွေဟာ နည်းတဲ့ငွေတွေမှ မဟုတ်တာ။  ထိုင်းနိုင်ငံရဲ့ထုတ်ပြန်ကြေညာချက်အရ ပြည်ပက ဆေးလာကု သူတွေထဲမှာ အများဆုံးက မြန်မာနိုင်ငံလို့ ဆိုပါတယ်။
                  “ကျနော်တို့ အတုယူရမယ်”
           ၁၉၆၂ ခုနှစ်ကနေယခုတိုင် မြန်မာပြည်ကို အုပ်ချုပ်နေကြ တဲ့ စစ်ခေါင်းဆောင်တွေဟာ မြန်မာပြည်ကို ဘယ်အဆင့်အတန်း မှာထားခဲ့သလဲဆိုတာ လူတိုင်းသိနေခဲ့ကြပြီးဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံးမွဲပြီး၊ အုပ်ချုပ်သူတွေပိုင်ဆိုင်မှုက ရေတွက် မကုန်။ မြန်မာတပြည်လုံးကထွက်တဲ့ မြေပေါ် မြေအောက် ရေပေါ်
 ရေအောက် သယံဇာတတွေ ကိုရောင်းစားလို့ ရသမျှ ငွေတွေကို ကိုယ်ပိုင်အဖြစ်ယူထားပြီးတိုင်းပြည်ကိုဒီအတိုင်းပစ်ထားခဲ့ကြတယ်။
တိုင်းပြည်နဲ့လူမျိုးကို ချစ်လိုက်ကြတာ။ 
     စစ်အစိုးရအလိုကျ ဒေါက်တာ စာရေးဆရာမကြီးတစ်ယောက် ကများဆိုရင် ထိုင်းနိုင်ငံဆိုတာ ငယ်နိုင်ဖြစ်တာမို့ အချိန်မရွေး ၀ါးရင်းတုတ်နဲ့ တက်သိမ်းလို့ရတယ်လို့ သက္ကရာဇ်၁၉၉၀ ၀န်းကျင်   လောက်က စာအုပ်တစ်အုပ် ရေးခဲ့တယ်။ ထိုင်းမုန်းတီးရေးတွေ   ရေးပြီး ဘုရင့်နောင် ရုပ်ထုတွေ နယ်စပ်တွေမှာ လာလုပ်လိုက်ေ သး တယ်။ 
        တကယ့်လက်တွေ့မှာ ကျည်တစ်တောင့်ဖေါက်စရာမလိုပဲ အရွယ်ကောင်းမြန်မာလေး သန်းလောက် ထိုင်းနိုင်ငံမှာ ကျွန်လာ လုပ်နေကြရပြီ။ မြန်မာလူငယ်တွေ ထိုင်းတက္ကသိုလ်မှာ လာပြီး ပညာသင်နေကြရပြီ။ ထိုင်းထုတ်ပစ္စည်း တွေအစားအစာတွေကို   မြန်မာတစ်နိုင်ငံလုံး စားသုံးနေကြရပြီ။
 နှစ်ငါးဆယ်ကျော်အုပ်ချုပ်လာခဲ့ပြီးဖြစ်တဲ့ အချုပ်အခြာအာဏာ တည်တန့်ခိုင်မြဲရေး၊ စစ်အာဏာရှင်တွေ မြန်မာနိုင်ငံကို နောက် ထပ် ဘယ်လိုများ၊ ဘယ်လောက်ထိ အနိမ့်ဆုံးကိုဆွဲနှစ်ကြအုံးမ လဲ။  ကွမ်းယာဆိုင်က ဆေးနဲ့ကု၊ နိမ့်ကျတဲ့ဆေးပညာအရည် အချင်းတွေနဲ့ ခေတ်မမီတော့တဲ့  ကိရိယာတွေနဲ့ ဆေးဝါးအတုေ တွ နဲ့ ယောင်လည်လည်ကုသနေကြရတဲ့မြန်မာနိုင်ငံရဲ့ကျမ္မာရေး   စောင့်ရှောက်မှုကိုတွေးကြည့်တာနဲ့ထိတ်လန့်ဖွယ်ရာဖြစ်ပါတယ်။ 
           လူချင်းတူပေမယ့် အောက်ကျလိုက်တဲ့မြန်မာတွေ၊ အထင်သေး ခံရတဲ့မြန်မာတွေ၊ မိဘမကောင်းတဲ့သားသမီးလို မျက်နှာငယ်နေရတယ်ဆိုတာ နိုင်ငံတကာကိုထွက်ခွာ သွားလာေ န တဲ့ မြန်မာနိုင်ငံသားတိုင်း ခံစားနေကြရမှာပါ။ ထိုင်းနိုင်ငံမှာ ရှိသမျှသော ပင်ပန်းတဲ့အလုပ်၊ ညစ်ပတ်တဲ့အလုပ်နဲ့ အန္တရာယ်များ တဲ့ အလုပ်တွေမှာ သန်းချီရှိတဲ့ မြန်မာတွေအလုပ်လုပ်ပြီး ထိုင်းနိုင် ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်နေကြရသလို မြန်မာနိုင် ငံက ငွေကြေးတတ်နိုင်သူတွေ ဈေးလာဝယ်ရ။ ကျောင်းလာတက် ကြ၊ ဆေးလာကုကြနဲ့ ဖြစ်နေတဲ့ အခြေအနေတွေကို ထိုင်းကို အကြိမ်ကြိမ် သိမ်းပိုက်ခဲ့တဲ့အလောင်းဘုရားဦးအောင်ဇေယျရုပ်ထု စိတ်ဆင်းရဲပြီး မျက်ရည်ကျနေမယ်ထင်တယ်။ 
 ကျော်သောင်း ဘန်ကောက်