18 August 2014

“MOUအလုပ်သမားခေါင်းဆောင်တစ်ဦးအဆက်အသွယ်ပြတ်တောက်”



                   
၂၀၁၄ သြဂုတ်လ ၁၈ ရက်
မောင်ပေါ်ထွန်း

       MOUစည်းကမ်းချက်များချိုးဖေါက် ခံနေရသည့် အလုပ်သမားများအတွက် ဦးဆောင်သူတစ်ဦးအား အလုပ်ရှင်၏   ယောက္ဖနှင့် အလုပ်ကြပ်ဝဏတို့ ကားပေါ်တင်ခေါ်သွားပြီးနောက်ပိုင်း ဆက်သွယ်မရရှိတော့သဖြင့်အလုပ်သမားများစိုးရိမ်နေကြကြောင်း သိရှိရသည်။
           အသက်၂၄နှစ်အရွယ် ကိုမျိုး ဆိုသူသည်  ဧရာဝတီတိုင်း   ဒေးဒရဲမြို့နယ်မှဖြစ်သည်။ သူသည် ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ  ၁၈ ရက်နေ့က အခြားအလုပ်သမား ၄၈ဦးနှင့်အတူ ရွှေရည်ဖြိုးေ အာင် ကုမ္ပဏီဖြင့် ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ် ကိုင်နေ သူဖြစ်သည်။

 ပြီးခဲ့သည့် ရက်ပိုင်းက ကိုမျိုးသည် ကုမ္ပဏီမှ မတန်တဆ ငွေကြေးများ   ဖြတ်နောက်နေသဖြင့် ဘန်ကောက် အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင် ငံသားများအဖွဲ့ MAT သို့ ဆက်သွယ်၍ အကူညီတောင်းခံခဲ့သည်။ MAT အဖွဲ့ ကလည်း MOUအလုပ်သမားပြဿ     နာ အားအလုပ်သမားသံအရာရှိထံသို့သွားရောက် ဖြေရှင်းရန် အကြံ   ပြုခဲ့သည်။
“ကျနော်တို့ကို ရန်ကုန်မှာ စာချုပ်ချုပ်ဆိုခဲ့စဉ်တုန်းက ဘတ်ငွေ တစ်သောင်းဖြတ်မယ်ဆိုခဲ့ပေမယ့်၊ ဒီမှာ တစ်သောင်းနှစ်ထောင်     ဖြတ်ထားပြီ၊ နောက်ထပ်သုံးထောင်ဖြတ်အုံးမယ်ဆိုတော့ ကျနော်တို့က စိတ်ဓါတ်ကျ သွားတယ်။ အိမ်ပြန်မယ့်သူတွေရှိ လာသလို အခြားနေရာကို သွားလုပ်လို့ရရင်လည်းလုပ်မယ်။ လုပ်မရရင် ပြန်မယ်။ ဒီနေ့မနက်က သံရုံးကိုသွားဖို့လုပ်တာ အလုပ်ရှင်က မသွားရဘူး။ ကျနော်တစ်ယောက်ထဲကို သူဌေးေ ယာက္ဖနဲ့ ၀ဏနှစ်ယောက်လာခေါ်သွားတယ်။ ကျောက်ဖုရား ပန်းရံဆိုဒ်ကိုမရောက်ခင် လမ်းမှာချ ထားတယ်။ ပုလိပ် ၂ယောက် လာတယ်။ ကျနော်ဖုန်းကို ၀ဏသိမ်းသွားပြီ” ဟု ကိုမျိုးက နောက် ဆုံး ပြောဆိုသွားခဲ့သည်။ ဤအခြေအနေအား ကျန်နေခဲ့သည့် အလုပ်သမားများကလည်း အတည်ပြုပြောဆိုကြသည်။
ေေေ   ကျောက်ဖုရားပန်းရံဆိုဒ်မှ အလုပ်သမားများ     
 .........................................................................
   MAT အဖွဲ့ အတွင်းရေးမှူး ကိုခိုင်ကြီးက “ရွှေရည်ဖြိုးအောင် ကုမ္မဏီက ဒေါ်ပန်းချယ်ရီ ကို ဖုန်းဆက်ပါတယ်။ သူတို့က အလုပ် သမားတွေ ထွက်ပြေးဖို့လုပ်တာလို့ပြောတယ်။ ကျနော်ကရှင်းပြ တယ်။ ပြဿဿသ နာ ဖြစ်နေတာတစ်မျိုး၊ လောလော ဆယ် ပျောက်နေ တဲ့ အလုပ်သမားကို ၀ိုင်းရှာပေးပါ။ သူပန်းရံဆိုဒ်ကို သွားမယ်လို့   ပြောတယ်။ ကျနော်တို့ အကူညီလိုအပ်ရင်ပြောပါလို့ပြောလိုက် တယ်။  MOU နဲ့ လာတဲ့အလုပ် သမားတွေဘက်က အခွင့်အလမ်း ကအရမ်းနည်းပါတယ်အလုပ်သမားတွေဟာ အေဂျင်စီတွေ ပြုသမျှ
 နုနေကြရပါတယ်။အလုပ်သမားဝန်ကြီးဌာနအနေနဲ့ MOU စည်း ကမ်း စည်းမျဉ်းတွေပြင်စရာတွေ ပြင်ဖို့ ကျနော်တို့ တင်ပြဖူးပေ မယ့် ခုထိအလုပ်သမားတွေကအခံဘက်ကချည်းပဲ”ဟုပြောသည်။
ရွှေရည်ဖြိုးအောင် ကုမ္ပဏီမှ တင်ပို့ထားသည့် အလုပ်သမား  ၅ဦး တို့သည်ဓါတ်အားလိုင်း       သွယ်တန်းရာမှ မဟာချိုင် ငါးခေါင်းချိုးသည့် အလုပ်ရုံတစ်ခု သို့ ပြောင်းရွှေ့ခံလာခဲ့ရသည်။  MOU ပတ်စပို့ကိုပစ်၍ ပန်းရောင် ဘတ်လုပ်ခိုင်းထားသဖြင့် မကြာ မီ သံရုံးသို့ သွားေ ရာက်အကူညီတောင်းခံမည် ဖြစ်ကြောင်း သိရှိ ရသည်။ အလားတူ ဖက်ပူရီပန်းရံဆိုဒ်တစ်ခုသို့ပို့ဆောင်ထားသည့် အလုပ်သမား၁၀ဦးထံမှ ပတ်စပို့စာအုပ်ဖိုး၁၂,၀၀၀ ဘတ်ကောက် ခံပြီးရုံသာမက အကြောင်းပြချက်မခိုင်လုံပဲ ထပ်မံ၍ ၁,၉၀၀ ဘတ်   ဖြတ်တောက် ထားကြောင်း၊ အလုပ်သမားတစ်ဦးကMATသို့ဖုန်း ဆက်၍ ပြောပြသည်။
           ပြီးခဲ့သည့်ဇူလိုင်လလယ်က ရွှေရည်ဖြိုးအောင်ကုမ္ပဏီမှ မလေးရှားနယ်စပ် စတုန်မြို့သို့ တင်ပို့ ထားသည့် မြန်မာအလုပ် သမား၂၆ဦး လုပ်အားခမရ၍ ဘောစကိုင်းရွက် ကိုပြုတ်၍သုတ်စား    နေရကြောင်း အလုပ်သမားများ ပြောပြချက် မှတ်တမ်းအသံဖိုင် များ၊ ဓါတ်ပုံများ အားရရှိခဲ့သည့် သတင်းအား ရွှေလုပ်သား ၀က်ဘ် ဆိုဒ်နှင့် ပြည်တွင်းထုတ် မြန်မာ့အလင်းသတင်းစာတို့တွင် ဖေါ်ပြခဲ့
သည်။ထိုအခြင်းအရာအားလုပ်ကြံသတင်းဖြစ်ကြောင်း ရွှေရည်ဖြိုးေ
အာင် ကုမ္ပဏီက အေဂျင်စီများအဖွဲ့ချုပ် MOEAF နှင့်အတူ ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ တစ်ခုလုပ်ခဲ့သည်။ MAT အဖွဲ့က ရရှိထားသော ဓါတ်ပုံများ၊ အသံဖိုင်များနှင့် ဗီဒီယို ကလစ်   များအား http://www.goldenworkers.asia/search?updated-max=2014-08-03T20:57 :00%2B07:00&max-results=10  တွင်တင်ပြထားသည်။