13 August 2014

“သမိုင်းထဲက သင်ခန်းစာ”



                         မြန်မာ့သမိုင်းမှာ သွေးစွန်းတဲ့ အဖြစ်အပျက်တွေကအများကြီး ။ မြန်မာပြည်မမှာရော၊ ပြည် နယ်တွေမှာ ဒဏ်ရာတွေ ကိုယ်စီနဲ့ပါ။ တစ်ပါတီ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ သွားလေ သူ ဦးနေ၀င်း ရဲ့ ရက်စက်မှု၊ တစ်နည်း အားဖြင့် လူမဆန်းတဲ့သတ်ဖြတ်မှုတွေပဲ။ မဝေးကွာသေးတဲ့ နှစ်လေး ဆယ်ကျော် ကာလဆိုတော့ ကိုယ်တိုင် တိုင်ကြုံခဲ့ရသူတွေရဲ့ပြောစကားတွေကို RFA ရခိုင် အစီအစဉ် က ထုတ်လွှင်တာကြားရတယ်။ 
 
       လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကာလတုန်းကဘန်ကောက် မြန်မာ သံရုံးရှေ့မှာ နဖူးစီး အနီတွေနဲ့ “ဆန်ခွဲမစား ရခိုင်သား၊ ဆန်ပုပ် မစား ရခိုင်သား” ဆိုတဲ့ကြွေးကြော် သံတွေညံခဲ့တယ်။ ပြီးခဲ့တဲ့ေ လး ငါးနှစ်လောက်က ထိုင်းနယ်စပ် ပရိုပိုဇေ နိုင်ငံရေး လှုပ်ရှား တက်ကြွသူတွေ အထိုင်ချတုန်းကတော့ သြဂတ်စ် ၁၃ စစ်တွေ ဆန်အရေး အခင်း စတိတ်မင့်တွေ ထုတ်ခဲ့ကြတယ်။ ခုတော့ ဒီအသံတွေတိတ်သွားကြပြီ။  ဒီသမိုင်းကြောင်းတွေကို နှောင်းလူတွေ သိနေဖို့လိုပါတယ်။ သိအောင်လည်း လုပ်နေ ကြရပါမယ်။ အာဏာရှင်စနစ်အောက်က အဖြစ်အပျက်တွေကို လူတိုင်းသိနေသင့် ပါတယ်။ 
            ၁၉၆၇ ခုနှစ် သြဂုတ် လ ၁၃ ရက်နေ့ မှာ ရခိုင်ပြည်နယ် မြို့တော် စစ်တွေ မှာ စားစရာဆန်မရှိတဲ့ ရခိုင်ပြည်သူတွေက ဂိုဒေါင်တွေ ထဲက ဆန်တွေကို ထုတ်ပေး ဖို့တောင်း ဆိုခဲ့ကြတယ်။ အဲဒါကို ဆန်အစား ကျည်ဆန်ပေးခဲ့လို့ ရခိုင်ပြည်သူ သုံးရာ ၀န်း ကျင်လောက်  သေဆုံးခဲ့ကြရပါတယ်။ 

            ရခိုင်လယ်သမားတွေဆီက  ထွက်သမျှ စပါးတွေကို မဆလအစိုးရက တစ်ဧကကို ၁၂တင်း နုန်းစီ ယူထားတာကြောင့် ရခိုင်လယ်သမားတွေလက်ထဲမှာ ၀မ်းစာလောက်ရုံသာရှိတတ်ကြ ပါတယ်။ လယ်နည်းတဲ့ လယ်သမားတွေဆို ၀မ်းစာအလုံ အလော က် မရှိတတ်ကြပါ။  အခြားအရပ်သားတွေကအပြင်မှာ ၀ယ်စား ရလေ့ ရှိတာမို့  ဒီလိုမိုးရာသီမှာ အမြဲလိုလိုဆန်အခက်အခဲရှိတတ် ကြပါတယ်။ ၀ယ်လို့ရတဲ့နှစ်တွေမှာ အဆင်ပြေတယ်လို့ ဆိုနိုင်ပေ မယ့် ၁၉၆၇ ခုနှစ်မှာတော့ အပြင်မှာ ဆန်ဝယ်လို့မရရှိကြပါဘူး။  အပြင်မှာ ဆန်ရှားပါးနေဒါကြောင့်  အုပ်ချုပ်ရေး အာဏာပိုင်တွေ က အစိုးရဂိုဒေါင်ထဲမှ ဆန်တွေကို လူတစ်ဦးလျှင် တစ်နေ့ နို့စည် တစ်ဗူးကျစီ ခွဲတမ်းပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
                    သွားရည်စာနဲ့ ဖြည့်စွက်အစာ စားလေ့စားထ မရှိတဲ့ ရခိုင်လူမျိုးတွေဟာ လူတစ်ဦး၊ ထမင်းတစ်နပ်မှာ အနည်းဆုံး တစ်ဗူးလောက်စားကြပါတယ်။ အလုပ်ကြမ်းသမားတွေဆိုရင် အနည်းဆုံး နို့စည်နှစ်ဗူးစားကြပါတယ်။ ထမင်းကို ဟင်းတွေနဲ့ ၀၀လင်လင် စားကြတဲ့လူမျိုးဖြစ်ပါတယ်။ အဲဒီလို ထမင်းတစ်နပ်မှာ ဆန်နို့စည်၂ဗူးလောက် စားတတ်ကြတဲ့ ရခိုင်တွေကို တစ်နေ့ နို့ဆီ တစ်ဗူးစီသာပေးမယ်ဆိုတာကြောင့် သြဂုတ်လ ၁၂ ရက်ကတည်း က မကျေ မနပ်ဖြစ်နေတဲ့ ရခိုင်တွေဟာ တစ်ခုခု လုပ်ကြမယ်ဆို တဲ့ အရိပ်အယောင်ပြနေကြတယ်လို့ဆိုပါတယ်။
             သြဂုတ်လ၁၂ရက်နေ့မှာ  နိုင်ငံခြားကို တင်ပို့နေတဲ့ ဆပ်ရိုးကျ ချောင်းဘေးက ဆန်ဂိုဒေါင်ကို သွားပြီးတော့ ထမင်း ငတ်နေတဲ့ ရခိုင်လူထုတွေဟာ လုယက်ယူငင်ကြတယ်လို့ဆို ပါတယ်။ သြဂုတ်လ ၁၃ ရက်နေ့မှာ ဆန်ထုတ်ပေးဖို့ စစ်တွေမြို့မှာ စီတန်းဆန္ဒပြကြပါတယ်။ “ဆန်ပြဿနာဖြေရှင်းပေး၊ နေ၀င်းအစိုးရ အလိုမရှိ၊ အရေးတော်ပုံအောင်ရမည်” ဆိုတဲ့ ကြွေးကြော်သံနဲ့ပါ။
   မြန်မာစစ်တာဟာဒီလူထုကို သေနတ်နဲ့ပစ်သတ်ပါတယ်။ ချောင်း
ကို ကူးပြေးတဲ့သူတွေကို မသေမချင်း ပစ်သတ်တာကြောင့် စစ်တွေမြို့ဆပ်ရိုးကျချောင်းဟာ သွေးချင်းနီနေတယ်လို့ပြောကြပါ
တယ်။ နောက်နေ့မှာအလောင်း၁၄ လောင်းလောက်ကိုသာလူမြင်
ကွင်းမှာ ပြထားပါတယ်။  ကျန်အလောင်းသုံးရာ ၀န်းကျင်ကို  စစ်ကားတွေနဲ့တင်ပြီး၊စစ်တွမြို့ပင်လယ်ကမ်းစပ်အနီးကအုန်းတော ထဲမှာ သေသူရောမသေသေးသူများကိုပါ ကျင်းကြီးတွေ တူးပြီး မီးရှို့လိုက်တယ်လို့ ကိုယ်တိုင်ပါဝင်ခဲ့ကြသူတွေကဆိုပါတယ်။
ဦးနေ၀င်းအစိုးရဟာ ရခိုင်တပြည်လုံးက ဆန်တွေကို နိုင်ငံခြားကို သာတင်ပို့နေပြီး ရခိုင်လူထုက ထမင်းငတ် နေတာကို လျစ်လျူရှု ထားခဲ့ပါတယ်။ လူထုငတ်လို့အော်တာကို သေအောင်သတ်တဲ့ တိုင်းပြည်ခေါင်ဆောင် ဖြစ်ပါတယ်။ "၈၈ကာလတုန်းက စစ်တပ် ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပစ်တာ မပါဘူး" လို့ နိုင်ငံကိုမိန်းခွန်းချွေခဲ့တာကြောင့် သမိုင်းတွင်တဲ့ လူသတ် သမားကြီးလည်းဖြစ်ပါတယ်။
       ဦးနေ၀င်းဟာ သယံဇာတ  ပေါကြွယ်ဝတဲ့နိုင်ငံကို ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံဖြစ်အောင် အုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။ သူကွယ် လွန်တဲ့အခါ အသုဘလိုက်ပို့သူ ၁၂ဦးလောက်ရှိခဲ့ပါတယ်။ မကြာ ခင်က ထောင်ထဲကလွတ်လာတဲ့ သူ့မြေးတွေကတော့ ဘီလီယံ   ပေါင်းများစွာချမ်းသာပြီး ဘဏ်ထူထောင်ထား တယ်လို့ကြားသိ ရပြန်တယ်။

        ကျနော်တို့တိုင်းပြည်ကို အုပ်ချုပ်ကြတဲ့ အာဏာရှင်တွေ ဟာ အချုပ်အခြာအာဏာဆိုတဲ့ စကားရပ်နောက်မှာ တိုင်းပြည် က ဆင်းရဲမွဲတေနေ ပြီးသူတို့ မိသားစု သားစဉ်မြေးဆက် စားမကုန် သုံးမကုန် ဖြုန်းမကုန်အောင် ချမ်းသာကြွယ်ဝအောင် လုပ်နိုင်စွမ်းကြပါတယ်။ မြန်မာတစ်ပြည်လုံး လူညွန့်တုံးနေကြပေ မယ့် အခွင့်ထူးခံတွေကို ယနေ့တိုင် မတွန်းလှန်နိုင်ကြသေးပါဘူး။
           မြန်မာ့သမိုင်းမှာ အစိုးရလုပ်သူတွေ မမှန်မကန်လုပ်တာ ကို ထောက်ပြသူတွေ ထောင်ကျ ဘ၀ပျက်ကြရပါတယ်။ အသက်   တွေသေကြရပါတယ်။ ကိုထင်ကျော် တို့များ ထောင်ထဲကို ၀င်လိုက်ထွက်လိုက်နဲ့ လက်တွေ့ပြနေပါတယ်။   အမှားနဲ့ အမှန် ဆိုတာ ဘာကိုဆိုပါလိမ့်။ 
       တိုင်းပြည်ကို အုပ်ချုပ်သူတွေချစ်တယ်ဆိုတာ ဘာကိုချစ် တာပါလိမ့်။ သူတို့ပိုင်ဆိုင်မှုကို အာဏာနဲ့ကာကွယ်နေတာဟာ တိုင်းပြည်ကိုကာကွယ်နေတာလို့ လွဲမှားစွာပြောနေတာပါ။ မှားနေ တာကို အမှန်လို့ ဘဇာကြောင့်ထင် နေကြပါလိမ့်။ သူတို့မှားနေ
တာကို ဘာကြောင့် နောက်လူတွေက ဖါထေးနေကြပါလိမ့်။

                                မောင်ပေါ်ထွန်း    ဘန်ကောက်