02 August 2014

"ကျော်သောင်း က ဒီနေရာကပဲ အမှန်ကိုတင်ပြနိုင်ပါတယ်"

ဦးကျော်သောင်း ၏ ဖွင့်ဆိုချက်...................
             ကျနော်တို့သည်ဆယ်စုနှစ်နှင့်ချီ၍ ထိုင်းနိုင်ငံ   ရောက်အလုပ်သမားများ ၏အခက်အခဲအချို့တို့ကို တတ်နိုင်သမျှ ကူညီခဲ့ကြပါသည်။ ကူညီပြီးနောက်
အလုပ်သမားများ ပြေလည်သွားသည်ကို ကြည့်၍ ပီတိ   ဖြစ်ခဲ့ကြရသူများသာဖြစ်ပါသည်။ ထိုစဉ်က ကျနော်တို့ ရင်ဆိုင်ရသူမှာ ထိုင်းအာဏာပိုင်နှင့် ထိုင်း လုပ်ငန်းရှင် များသာဖြစ်ပါသည်။
           ၂၀၁၀ နောက်ပိုင်းတွင် ထိုင်းနှင့် မြန်မာအစိုးရ တို့က MOU ဟူသည့်တရားဝင်အလုပ်သမားများ တင် သွင်းခြင်း အကောင်အထည်ဖေါ်ပြီးနောက်ပိုင်းမှစ ၍.... ကျနော်သည် မြန်မာအစိုးရ၊ အေဂျင်စီများအဖွဲ့ချုပ်နှင့်
 အေဂျင်စီအချို့တို့၏ တိုက်ခိုက်မှုမျိုးစုံကို ခံနေရပါသည်။ ပွဲစားများ၏ ခြိမ်းခြောက်မှုကိုလည်းနေ့စဉ်နီးပါး ခံနေရပါ သည်။
      MOU အလုပ်သမားများ သိန်းချီ၍ထိုင်းနိုင်ငံအတွင်း   သို့ ရောက်ရှိလာခဲ့  ပြီးနောက်အလုပ်သမား ၀န်ကြီးဌာ နမှ အရာရှိများနှင့်  အေဂျင်စီများ ချမ်းသာ ကြွယ်ဝခဲ့ သလောက် ထိုင်းရောက် အလုပ်သမားအတော် များများ တို့ ဒုက္ခရောက်ကြရပါသည်။ ကျနော်မှာမူ မြန်မာအစိုးရနှင့် အေဂျင်စီပွဲစားများ၏ ရန်သူ အကြီးစား အဖြစ် သတ်မှတ်ခံခဲ့ရပါသည်။
       ယနေ့ ပြည်တွင်းထုတ် 7 Day ဂျာနယ်   http://www.7daydaily.com/story/17345#.U9ya2EDXvIU  တွင် ‘‘အဲဒီအဖွဲ့အစည်းက တစ်ဖက်နိုင်ငံ မှာ ဖြစ်နေတဲ့အတွက် သွားအရေးယူလို့  မရပါဘူး။ ကျွန်တော်တို့က ထိုင်းက အဖွဲ့အစည်းတွေ အားလုံးကို ဖိတ်ခေါ်တယ်။ မတူတာဖယ်ပြီး တူရာ ပူးပေါင်း   ဆောင်ရွက်မယ်။ ဦးတည်ချက်ချင်းတူပါတယ်။ အလုပ်သမား ကာကွယ်ေ စာင့်ရှောက်ဖို့ပါပဲ။ သူတို့ကို အရေးယူဖို့ဆိုတာ သက်ဆိုင်ရာ နိုင်ငံအစိုးရကိုပဲ အရေးယူလို့ရတာပါ’’ ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီ အသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောသည်။
         ထိုအချင်းအရာများကိုကြည့်ခြင်းအားဖြင့် ကျနော့် ကို အမှုန့်ကြိတ်ပစ်ချင်နေကြကြောင်း သိသာနိုင်ပါသည်။
          ကျနော်သည် အာဏာလည်းမရှိ ငွေရှိသူလည်း မဟုတ်ရပါသဖြင့် ကျနော့်လက်ထဲတွင် ရှိသော MOU အလုပ်သမားများ၏အချက်အလက်များအား ယူဆောင်၍ ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ (သို့မဟုတ်)   အေဂျင်စီများနှင့် စကားရည်လုပွဲ (debate) လုပ်လို   သော်လည်း မလုပ်နိုင်ပါ။
       သို့သော်ကျနော်သည် အေဂျင်စီများအဖွဲ့ချုပ်ကို   သော် လည်းကောင်း မြန်မာအစိုးရ အလုပ်သမား ၀န်ကြီးဌာနကိုသော်လည်းကောင်း အလုပ်သမား
ခေါ်စာ(demend) တစ်စောင်လောက် စစ်ဆေးခံရဲသ လားဟု မေးခဲ့ဖူးသည်ကို ယနေ့တိုင် ၎င်းတို့ သက်သေ မပြကြသေးပါ။ အထူးသဖြင့် ကျနော်လက်ထဲတွင် ရှိသော (ခေါ်စာအတု)ဖြင့် အလုပ်သမား၂,၀၀၀ ဦးအား ထိုင်းနိုင်အတွင်းသို့ ပို့ဆောင်ထားသည့် ကိစ္စကို မြန်မာ အလုပ်သမားဝန်ကြီဌာနနှင့် မြန်မာ အစိုးရတို့ နှာစေးနေ ကြပါသည်။
         ကျနော်သည် လခစားအင်ဂျီအိုလည်းမဟုတ်၊ အခငွေမရပဲ လုပ်နေသူ တစ်ဦးသာဖြစ်ပါသည်။ သို့သော် ခိုင်မာတိကျသည့် အချက်အလက်အလက် အထောက် အထားများလက်ဝယ် မရသရွေ့ စာလည်းမရေးသလို လူအများကိုလည်း မည်သည့်အခါမှ မလှည့်စားခဲ့ပါ။
      ထို့ကြောင့် ကျနော် အသက်မသေသေးသ၍၊ ကျနော် ထိုင်းနိုင်ငံမှာ ရှိနေသရွှေ့ ဖိနှိပ်ခံ ပြည်ပရောက်   မြန်မာအလုပ်သမားတွေအတွက် တတ်နိုင် သမျှကူညီ   စောင့်ရှောက်နေအုံးမှာပါ။
        ၀၈၄ ၆၇၀ ၅၇၂၇   ၀၉၄ ၇၆၇ ၆၃၅၀

mattahiland@gmail.com  kyawthaung06@gmail.com  တို့သို့ ဆက်သွယ်  အကူညီတောင်းခံနိုင်ပါသည်။

အားလုံးကိုလေးစားလျှက်
ကျော်သောင်း    
MAT
ဘန်ကောက်
 
     ယခုVDO ကလစ်ကိုကြည့်ရှုပြီး အမှားအမှန် ဆင်ခြင်နိုင်ကြပါစေ