21 August 2014

“ယနေ့အကူညီမရပါကမျှစ်ပြုတ်စားကြရမည့်MOU အလုပ်သမား၂၄ဦး”



                    
၂၀၁၄ သြဂုတ်လ ၂၁ ရက် ဆန်းဦး

         ထိုင်းနိုင်ငံမြောက်ပိုင်း လန်ပန်းအရပ်တွင်ရှိသော ကြွေပြား အလုပ်ရုံတစ်ခု သို့ နှင်းပန်းဝါ ကုမ္ပဏီဖြင့် ရောက်ရှိလာခဲ့သော အလုပ်သမား၂၄ဦး အခက်အခဲကြုံနေ သဖြင့် နေရာအနှံ့ အကူ ညီတောင်းခံနေကြောင်းသိရှိရသည်။
အမျိုးသမီး ၁၅ဦးနှင့်အမျိုးသား၉ဦး(၂၄ဦး)တို့သည် သြဂုတ်လ ၁၆ ရက်နေ့က အဆို ပါနေ ရာသို့ရောက်ရှိခဲ့ပြီး အလုပ်၁ရက်ခွဲလုပ်ခဲ့ကြ သည်ဟုဆိုသည်။
        အလုပ်သမားခေါင်းဆောင် ကိုကျော်သူရ က“မနေ့ကတစ်   နေကုန်ပဲ ကျနော် အလုပ်သမားသံ အရာရှိ ကိုရော၊ MOEAF ကိုပါ တစ်နေကုန် ဖုန်းဆက်ပြီး အကူ ညီတောင်းပါတယ်။ အလုပ် ရုံကကျနော်တို့ကို ရေရော မီးပါဖြတ်ထားပါတယ်။ မနေ့ ညနေက   တောထဲကမျှစ်ကို ချိုးပြီး၊ ရှိတဲ့ငါးပိနဲ့လှော်ပြီးစားကြရပါတယ်။ ဒီနေ့ အကူ ညီမရရင် ကျနော်တို့မှာ ဆန်လည်းပြတ်ပြီဖြစ်တာေ ကြာင့် မျှစ်ပြုတ်ပြီး စားကြရပါမယ်။ ဒီအကြောင်း တွေပြောပြရင် စိတ်မကောင်းလွန်းလို့ငိုချင်တယ်ဗျာ” ဟု ဆိုရှာသည်။

   နှင်းပန်းဝါ ကုမ္ပဏီသို့ ကျပ်ငွေ သုံးသိန်းခွဲစီပေးသွင်းခဲ့ရပြီး ရန်ကုန်မြို့ပင်လုံခန်းမ တွင် စာချုပ်ချုပ်ဆိုစဉ်က ငါးသေတ္တာ အလုပ် ရုံဟုဆိုသော်လည်း လက်တွေ့တွင် လူသူ၊ ဈေးနှင့်လုံးဝမနီးသော   တောကြီးမျက်ကြီး ထဲတွင် ရှိသော ကြွေပြားအလုပ် ရုံဟု အလုပ် သမားများက ပြောသည်။ အလုပ်သမားသံအရာရှိက နှင်းပန်းဝါ ကုမ္ပဏီ ကိုသွားရောက်ဖြေရှင်းရန် ပြောထားသည်ဟု အလုပ်သမားများအား ပြောဆိုသည်ဟု သိရသည်။
         ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ကျနော်တို့   တင်ပြတာကို အလုပ်သမားဝန်ကြီး ဌာနရော သမ္မတရုံးကပါ ဂရုမစိုက်ကြဘူး။ ကျနော်လည်း MOU ဖြစ်ချင်တာဖြစ် မကူ ညီ ညီတော့ဘူးလို့ နေတာ။ MAT အဖွဲ့ထဲကလူတွေက ဆက်လုပ်နေ ကြတယ်။ G to G ဆိုတာကြီးခံ နေတော့ပွဲစားကုမ္ပဏီတွေ ပြုသမျှ အလုပ်သမားတွေခံနေကြရတယ်။ ကျနော်တို့လုပ်လည်း မလုပ် ချင်တော့ဘူး။ အမြတ်ယူထားကြတဲ့ကုမ္ပဏီတွေအနေနဲ့ ကိုယ် သွင်းလာတဲ့အလုပ်သမားကို ကိုယ်တာဝန်ယူကြပါ။ အလုပ်သမား တင်သွင်း ခွင့် စာရွက်စာတမ်းထုတ်ပေးတဲ့ အလုပ်သမားသံအရာ ရှိကလည်း သေချာ စီစစ်ပါ လို့ပဲ မေတ္တာရပ်ခံပါတယ်ဗျာ။ စိတ်ကုန်တယ်” ဟု ပြောသည်။
            
     ပြီးခဲ့သည့် ၁၇ ရက်နေ့က မြန်မာအလုပ်သမားဝန်ကြီးဌာနက ဒီမန်းပိတ်ထား သည်ဟု MAT သို့ ပြောဆိုကတိပြုဖူးသည့် V&K နာနတ်သီးစက်ရုံ အမည်ဖြင့် အလုပ်သမား ၁၀၀ ဦးတင်သွင်း လာခဲ့ကြသူများမှာတရားဝင်လိုင်စင် ပိတ်သိမ်းခံထား ကြရသူများဖြစ်ကြသည်။ အဆိုးဆုံးမှာ ထိုအလုပ်သမားများအား နေရာပေါင်းစုံသို့ ခွဲ၍ အလုပ်ရှာပို့နေကြရသည်ကို MAT အဖွဲ့ကအထောက်အထား အပြည့်အစုံရရှိ ထားသည်။ 

         ယခု သြဂုတ်လအတွင်း အခြား ကုမ္ပဏီ ၃ခုမှ တင်သွင်းထားသည့်အလုပ် သမားများ မှာလည်း ထိုနည်း လည်းကောင်းသာဖြစ်သည်။ ထိုအချက်အလက်များ အားရရှိထားခဲ့သည်မှာ ကြာပြီဖြစ် သော်လည်း MAT အဖွဲ့က ဖြစ်ချင်ရာဖြစ် MOU သတင်းအား ပြောလည်းမပြော ရေးလည်းမရေးတော့ဟု ဆုံးဖြတ် ထားခဲ့သည်။