03 August 2014

“မျက်လုံးကိုပိတ်ပြီး အိမ်ဖေါ်ပို့ကြအုံးမလား”



ဇူလိုင်လ၉ရက်နေ့။ ပြည်တွင်းထုတ် မြန်မာပို့စ်ဂျာနယ်၊အတွဲ၆၊အမှတ်၂၆တွင် 
 ဖေါ်ပြခဲ့သော ဆောင်းပါးအား  ရွှေလုပ်သား အင်တာနက်စာမျက်နှာ မိတ်ဆွေများ အတွက် ကူးယူဖေါ်ပြအပ်ပါတယ်။   
.......................................
   
  “မျက်လုံးကိုပိတ်ပြီး အိမ်ဖေါ်ပို့ကြအုံးမလား”
         တရားမ၀င်လူကုန်မှု ပပျောက်ရေးအတွက် တရား ၀င်အလုပ်သမားတင် သွင်းခြင်း MOUလက်မှတ်ရေးထိုးပြီး အာရှနဲ့ နိုင်ငံတကာကို မြန်မာအစိုးရ ပါကင် ထုတ်ပြီး ဘယ်လောက်ပို့ခဲ့ပြီးလဲ အတိအကျမသိရပေမယ့်  အိမ်နီး ချင်း ထိုင်းနိုင်ငံ မှာတော့ MOU နဲ့တင်သွင်းထားတဲ့အလုပ် သမားပေါင်းတစ်သိန်းထက်မနည်းပို့ခဲ့ ပြီးဖြစ်ပါတယ်။ 
        ၂၀၁၃ ခု ဒီဇင်ဘာ ဒီဇင်ဘာ ၃၀ ရက်နေထုတ် ဆဲဗင်းဒေး နေ့စဉ် သတင်း စာ စာမျက်နှာ ၃မှာ“မြန်မာအိမ်အကူများခေါ်ရန်   ဟောင်ကောင် ကောင်စစ်
ဝန်ရုံး ခွင့်မပြုသေး” ဆိုတဲ့သတင်းတစ်ပုဒ် ဖတ်ခဲ့ရပါ တယ်။အလုပ်သမားအလုပ်အ ကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနမှညွန်ကြားရေးမှူး ဒေါ်ခင်နွေဦးကိုအင်တာဗျူးပြီး
 ရေးသားထားတာပါ။ 


သူမက “ သူတို့ ကောင်စစ်ဝန်ချုပ် ကပြောတယ်။ ဟောင်ကောင်မှာ သက်ကြီးရွယ် အိုတွေ   ပြုစုတာရယ်၊ နောက် ကလေးကျောင်းကြို/ပို့ရတာရယ် ရယ်၊ နောက်အလုပ် တစ်ခုအနေနဲ့ ခွေးကျောင်းတာ။သူတို့ ဆီမှာ အသန့် အရမ်းကြိုက်တော့ ခွေးတောင် ချီးပါပြီး ရင် ခွေးဖင်ကိုတစ်ရှုးနဲ့ချီးကုန်းပေးရတယ်။အဲဒီလိုတွေတော့ လုပ်နိုင် ရဲ့လား ဆိုပြီး ချပြတယ်” ဟု ညွန်ကြားရေး မှူး  ဒေါ်ခင်နွေဦး ကဆက်လက်၍ ပြောသည်။  လို့ရေး ထားပါတယ်။
     
   

        ဟောင်ကောင်နဲ့ စင်ကာပူလိုနိုင်ငံတွေမှာ အင်္ဂလိပ် စာနဲ့စကားကျွမ်းကျင် စွာ   ပြောတတ်သူတွေမှ အလုပ်လုပ် လို့ အဆင်ပြေတာကြောင့် ပညာတတ်လို့ သတ် မှတ်ထား တဲ့ မြန်မာပညာတတ် မိန်းကလေးတွေ ခွေးချီးပါပြီးရင်    ခွေးဖင်ကိုတစ်ရှုးနဲ့ ချီးကုန်ပေးကြရတော့မှာဖြစ်တယ်။ ခွေးချီးကုန်းခွင့် ကို ဟောင်ကောင် ကောင်စစ်ဝန်ရုံး က ခွင်မပြုသေးဘူးလို့လည်း သတင်းကဆိုထားပြန်ပါတယ်။ 

       အဲဒီသတင်းကြောင့် မြန်မာ အိမ်ဖေါ်တွေရဲ့အခြေ အနေတွေကို စုစည်းပြီးတော့ ၂၀၁၄ ခု ဇန်န၀ါရီလ  ၂၉ ရက်နေ့မှာ မြန်မာဖြစ် နိုင်ငံခြားအိမ်ဖေါ်ဆိုတဲ့ ဆောင်းပါး တစ်ပုဒ်ကို ကျနော် မြန်မာပို့်စ် ဂျာနယ်မှာပထမဦးဆုံးရေးသားပေးပို့ခဲ့ပါ တယ်။   ဖေါ်ပြခြင်း ခံခဲ့ရပါတယ်။ ဂျာနယ်ကို အထူးကျေးဇူးတင်ပါတယ်။
         ခက်တာက အကြောင်းအရာ အားလုံးရဲ့ဆုံချက် က မြန်မာပြည်ကို အုပ်ချုပ်စီမံ တဲ့ စနစ်ကြောင့် ဆိုတဲ့နေ  ရာ ဖြစ်နေတယ်။ အစိုးရယန္တရားအားလုံးက လာဒ်စားမှုနဲ့ တည်ဆောက်ထားသလို ဖြစ်နေတော့ လုပ်ကိုင်ခွင့်နဲ့ အကျိုးစီးပွားရှာနေကြ တာကြောင့် မကောင်းမှန်းသိသိ ကြီး နဲ့ ၀မ်းရေးအတွက် လုပ်နေကြရသလိုဖြစ်နေ တယ်။  တစ်လောက ကာတွန်း တစ်ကွက်မှာ ရေးထားသလို အယင်ကာလတုန်းက ပါးစပ်တွေ နားတွေ ပိတ်ထားတာ နဲ့ ခု ပြောလို့ရေးလို့ရတဲ့ခေတ်ဘာကွာလဲ ဆိုတော့၊ အာပေါက်အောင်ပြောပေမယ့်  နားမ၀င်ပါဘူး။ ဆိုပြီးရေး ထားပါတယ်။
                              “တုန်လှုပ်ခြောက်ရှားဖွယ်သတင်း”

     ရှက်ဖို့ကောင်းရုံသာမက တုန်လှုပ်ခြောက်ရှားဖွယ်ရာ သတင်းဆိုးကြီးကိုပြီးခဲ့တဲ့ ရက်ပိုင်းက အယ်လ်ဂျာဇီးယား သတင်းဌာနကထုတ်လွှင့်ပြသခဲ့တယ်။ စင်ကာပူ က ကူကစ်တီးမား ကုန်တိုက်ကြီးမှာ ဖိလစ်ပိုင် အင်ဒိုနီးရှား နဲ့ မြန်မာနိုင်ငံက အိမ်ဖေါ် အမျိုးသမီးတွေကို ခေတ်သစ် ကျွန်လေလံပွဲ ဆန်ဆန် အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ   တွေက  ကြော်ညာရောင်းချနေပါတယ်။ 
         ကုန်တိုက် ကြော်ညာအောက်မှာ ဖိလစ်ပိုင်၊ အင်ဒို နီးရှားနဲ့မြန်မာအမျိုးသမီးတွေ ကိုထိုင်ခိုင်းထားပြီး အိမ်ဖေါ် အလုပ်သမား၊ဈေးနုန်းသက်သာတဲ့အိမ်ဖေါ် စတဲ့စာတမ်း   တွေ ချိပ်ထားသလို (ဖိလစ်ပိုင်အမျိုးသမီးတွေက ဉာဏ် ရည်မြင့်သူများ။  အင်ဒိုနီးရှား ကိုဉာဏ်ရည်နိမ့်သူများနဲ့  မြန်မာအိမ် ဖေါ်တွေကို သဘောကောင်း ပြီး အောက် သက်ကျေသူများဆိုပြီး အသေးစိတ်ရေး ထားတယ်ဆို ပါတယ်။   အဲဒီအမျိုးသမီးတွေ ဟာ ကလေး နို့တိုက်ပုံ၊ သန့်ရှင်းရေးလုပ်ပုံ၊ မီးပူထိုးနေပုံ ဒါ့အပြင် သူတို့ ၀န်ဆောင်မှု   ပေးနိုင်တဲ့ အိမ်တွင်းအလုပ်တွေကို သရုပ်ပြ   နေကြရတယ်လို့ သတင်းမှာဖေါ်ပြပါ တယ်။ ဘယ်လောက်ရင်ကျိုးစရာမြင်ကွင်းပါလဲ။
               အဲဒီသတင်းထွက်လာပြီးတော့ ဖိလစ်ပိုင်နိုင် ငံအပ်ဗိုင်းရန်ဒေါင်ညွန့်ပေါင်း အဖွဲ့က အောက်လွှတ်တော် အမတ် ၀ါဒန်းဘန်လိုးက….လူသုံးကုန်ပစ္စည်းလိုသဘော
ထား  နိုင်ငံခြားအလုပ်သမားတွေကို ဈေးကွက်မှာ လေလံဖွင့်သလို အရေးအ၀ယ်လုပ် တာတွေကို စင်ကာပူ အစိုးရအနေနဲ့ အရေးယူမှုပြုလုပ်သင့်တယ်လို့ ဝေဖန် လိုက်ပါ တယ် ။ မြန်မာအစိုးရ အလုပ်သမားဝန်ကြီးဌာန ကတော့ ပြည်ပကိုအိမ်ဖေါ်တင်ပို့တဲ့ အလုပ်ဟာ မြန်မာ ပြည်အတွက်အရှက်ရစရာအလုပ်တစ်ခုဖြစ်သလို မြန်မာ့လူနေမှု   စရိုက်တွေနဲ့လည်းမကိုက်ညီဘူးဆိုတာ ခုထိ လှည့်ကြည့်သေးဟန်မတူဘူး။ ဘယ်လို ကိုင်တွယ်ကြ မလဲဆိုတာ မစဉ်းစားကြသေးဘူး။
   
                                          “အကုန်ထုတ်ကြတော့မလား”
           ဒီဆောင်းပါးကို ရေးနေတုန်းမှာပဲ စင်ကာပူကိုအကြွေးစနစ်နဲ့ အိမ်အကူ အလုပ်သမား၂၀၀ ခေါ် တယ် ဆိုတဲ့ သတင်းတစ်ခုက တက်လာပြန်တယ်။
 အင်ဒိုနီးရှား အိမ်အကူကို ဟောင်ကောင်အိမ်ရှင်က လူ မဆန်စွာညှင်းပန်းနှိပ်စက်ခဲ့ မှုကြောင့် အင်ဒိုနီးရှားက နိုင်ငံခြားကို အိမ်အကူအလုပ်သမားတင်သွင်းမှု ကို ရပ်ဆိုင်း လိုက်ပြီးတဲ့နောက်မှာ မြန်မာနိုင်ငံဟာ အိမ်အကူ အလုပ် သမဈေးကွက်ကြီးဖြစ်သွားခဲ့ ရပါတယ်။
           မြန်မာအစိုးရအဆက်ဆက် နှစ်ပေါင်း ၅၀ ကျော်ကြာ မြေပေါ်မြေအောက် သယံဇာ တတွေကို ပြောင်သလင်းခါအောင် ရောင်းစားခဲ့ပြီ။ အချုပ်အခြာအာဏာ ဆိုတဲ့စကားရပ်ရဲ့တစ်ဘက်မှာ ရသ မျှ ရတနာတွေအကုန်လုံးကို သိမ်းပိုက်ယူငင် ထား ခဲ့တာ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေပဲဖြစ်ပါတယ်။  အဖိုးတန်သစ်တွေ၊ ဂက်စ်တွေနဲ့ကျောက်မျက် ရတနာေ တွအပြင် ကမ္ဘာပေါ်မှာ အိမ်အကူအတင်ပို့ဆုံးနိုင်ငံ စါရင်း ကို ၀င်လာခဲ့ပြီဖြစ်ပါတယ်။
     မြန်မာအစိုးရနဲ့ အေဂျင်စီတွေဟာ ဂျော်ဒန်လို အာဖရိကနိုင်ငံတွေ၊ ဟောင်ကောင် ၊ ဂျပန်၊ ကိုးရီးယား၊ စင်္ကာပူနဲ့ မလေးရှားနိုင်ငံတွေကို လည်း MOU နဲ့အလုပ် သမားတွေ တင်ပို့ခဲ့ကြတယ်။  အယင်ကာလတွေတုန်က နိုင်ငံရပ်ခြားကို အလုပ်သမား တင်ပို့ကြ တယ်ဆိုရာမယ်  လိုအပ်တဲ့အရေအတွက်  အတိုင်း တိတိကျကျ တင်ပို့ခဲ့ကြမို့ လူမသိ ရှင်မကြား အိနြေ္ဒရခဲ့ကြပါတယ်။ ၂၀၁၀ နောက်ပိုင်ကစပြီးတော့ လုပ်ကိုင်ခွင့်ဆိုတာ ကို အကြောင်းပြုပြီး ထုတ်လို့ရသမျှ ထုတ်ကြသလို မြန်မာနိုင်ငံသားတွေကလည်း ထွက်လို့ရ သမျှ ပြည်ပကို ထွက်ခွာနေကြပါတော့တယ်။
            တစ်နိုင်ငံလုံးကိုရောင်းပါ။ ချမ်းသာကြစမ်းပါ။ မုဒိတာပွားပါတယ်။ ဒါပေမယ့် နှစ်ပေါင်းငါးဆယ်ကျော် ကြာတိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်ပြီးတဲ့ ယခုလို၂၁ရာ စုကိုရောက်လာတဲ့အခါ ကမ္ဘာမှာရော အာရှမှာပါ အဆင့်အနိမ့်ဆုံး ပညာမတတ် ဆုံး၊ လူစဉ်မမီဆုံး ကျွန် အထုတ်လုပ်ဆုံး လူမျိုးဖြစ်နေပြီဆိုတာကိုတော့ လက် ခံဖို့ကောင်းပြီ။ ဒီအတွေးအခေါ် ဒီအယူအဆနဲ့ဒီလူတွေ က ဒီမူတွေနဲ့ ဆက် လက်ပြီးတော့ တိုင်းပြည်ကို ချစ်ပါ ရစေအုံး၊ ကာကွယ်ပါရစေအုံး ဆိုပြီးတော့ နားလှည့် မျက်စိလှည့်တဲ့ မျက်လှည့်ကွက်တွေကိုတော့ အဆုံး သတ်ဖို့သင့်ပါပြီ။

ငါတို့ အုပ်ချုပ်လို့ ငါတို့ အလွှာ ချမ်းသာ ခဲ့ပေမယ့် တိုင်းပြည်တစ်ပြည်လုံး ရစရာမ ရှိအောင် ဘ၀ေ တွ ပျက်ခဲ့ကြရပြီ၊ လူညွန့်တွေတုံးခဲ့ကြရပြီ။ ဒါကြောင့် တိုင်းပြည်ကို   ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသူတွေ ဘာမှ ထွက်ကုန်မရှိပဲ ဖွံ့ဖြိုးတက်တဲ့ တိုင်ပြည်ဖြစ်
အောင် အုပ်ချုပ်နိုင်စွမ်းရှိတဲ့ စီမံခန့်ခွဲနိုင်မှုရှိသူတွေ လုပ်ကြ ပါစေဆိုတဲ့ စိတ်ထား
လေးမွေးပြီးတော့ ပြည့်သူလူထုကို တိုင်းပြည်ထူထောင်ခွင့်ပြုသင့်ပါပြီ။
         အကြံပေးပေါင်း သုံးလေးဆယ်ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀ထားတဲ့ သမ္မတကြီးဟာ၊သူအုပ်ချုပ်တဲ့သုံးနှစ်ကျော်ကာလအတွင်းမှာ ပြည်ပ ကိုရောက် ရှိနေကြတဲ့ အလုပ်အလုပ်နိုင်ဆုံးအရွယ်(အသက် ၁၈နှစ်မှ ၅၀နှစ်) လေးသန်း
ကျော်လောက်ရှိတဲ့အလုပ်သမားတွေ ပြန်လာဖို့အတွက် အလုပ်အကိုင်အခွင့်အ လမ်းတွေ မဖန် တီးပေးနိုင်တဲ့အပြင် မြန်မာနိုင်ငံကအလုပ်သမားတွေ ရာချီပြီး
တော့နေ့တိုင်း ထွက်ခွာနေတာကိုလည်း မတား ဆီး နိုင်။ မတားဆီးနိုင်ဆိုတာ အဲဒီလူတွေ အလုပ်လုပ် ပြီးထမင်းဝနိုင်တဲ့အလုပ်မရှိလိုဆိုတာထင်ရှားပါတယ်။
                    


ရာဇ၀င်တော်လာအတိုင်းဆိုရင်  ဦးသိန်းစိန်  မင်းသစ်တက်တယ်၊ စနစ်သစ်တက် တယ်ဆိုတာ ပြစ်ဒဏ်ကျနေတဲ့ ထောင်တွေ အကုန်လုံးကိုလွတ်ငြိမ်းချမ်း သာပေးခြင်း၊ ဥဏှောက်ယိုစီးနေတယ်လို့ ပြောကြတဲ့ ပြည်ပ ကိုရောက်နေကြတဲ့ ပညာရှင်တွေနဲ့ အလုပ်သမားတွေ တဖွဲဖွဲ ပြည်တွင်းကိုပြန်ဝင်လာကြတာတွေ ဖြစ်ကြရပါမယ်။

 ပြည်ပကပါလာတဲ့ အရင်းအနှီးတွေ အတတ်ပညာတွေနဲ့ မီးလောင်ပြင်တမျှ ဖြစ်နေ တဲ့ မြန်မာနိုင်ငံ တစ်ခု လုံးကို ၀ိုင်းဝန်းတည်ဆောက်ကြရပါမယ်။  တည်ဆောက်
ပြုပြင်  မြန်ပြည်တစ်ခွင်ဆိုတာ  ပြည်ပကလူတွေ အကုန်ဝင်လာပြီး နည်းပညာတွေ အထောက်အကူတွေနဲ့ လုပ်ကြရမှာဖြစ်ပါတယ်။  
          လက်ရှိအခြေအနေဆိုးတစ်ခုကတော့  ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း တို့မှာ လယ်ယာလုပ်ငန်းခွင်တွေမှာ လုပ်သားရှားပါး မှုတွေ ဖြစ်နေပြီဆိုတဲ့သတင်းကတော့ မြန်မာနိုင်ငံအတွက် စိုးရိမ်စရာအကောင်းဆုံး ဆိုတာကို အလေးနက်ထားသင့်ကြောင်း တင်ပြလိုက်ရပါတယ်။   


                                       ကျော်သောင်း  ဘန်ကောက်