20 August 2014

“ပျောက်ဆုံး MOU အလုပ်သမား MAT က အလုပ်သမားသံအရာရှိရုံးသို့ပို့”



         
၂၀၁၄ သြဂုတ် ၂၀

မောင်ပေါ်ထွန်း
       ပြီးခဲ့သည့်၂ရက်က ပန်းရံဆိုဒ်တစ် ခုမှ လုပ်ငန်းရှင်ယောက္ဖနှင့် ထိုင်းအလုပ် ကြပ်တို့ ခေါ်ဆောင်သွားခဲ့ပြီးနောက်   ပျောက်နေခဲ့သည့် MOU အလုပ်သမား အား ပြန်လည်တွေ့ရှိခဲ့သဖြင့် အလုပ် သမား သံအရာရှိထံသို့သွား ရောက် အပ်နှံခဲ့ပြီး ကုမ္ပဏီ နှင့်လိုအပ်ချက်များ အားညှိနှိုင်းခဲ့ကြောင်း ကူညီပေးခဲ့သည့် MAT အဖွဲ့ကပြောသည်။
        ရွှေရည်ဖြိုးအောင် ကုမ္ပဏီမှ တင်ပို့ထားသည့် အလုပ်သမား ၄၀ ကျော်တို့အား မတရားဖြတ်တောက်နေသဖြင့် ကုမ္ပဏီအား တင်ပြတောင်းဆိုသည်။ ပတ်စပို့အတွက် တစ်ဦးလျှင် ဘတ်ငွေ ၁၂,၀၀၀ ဖြတ်တောက်ပြီး နောက်ထပ်  ဘတ်ငွေ ၃,၀၀၀ အား ထပ်မံ တောင်းခံသဖြင့် ပြဿသ  နာ ခဲ့ခြင်းဖြစ်သည်။ 


 
           အလုပ်သမားခေါင်းဆောင် ကိုမျိုးက “ကျနော့်ကို အဲဒီနေ့ က ကားပေါ်က ဆင်းခိုင်းပြီးတော့ လမ်းမ ကြီးဘေးမှာ ထိုင်ခိုင်း ထားတယ်။ ကျနော်လည်း သူတို့လစ်တာနဲ့ထွက်ပြေးပြီးအငှါးကား တစ်စီးတားပြီးထွက် ပြေးလာတာ။ ကံကောင်းချင်တော့ ဗမာအ လုပ်သမားတစ်ယောက် သွားတွေ့လို့ ဦးခိုင်ကြီးတို့ကို ပြန်ဆက် သွယ်ခဲ့ရတာ။ အလုပ်သမားတစ်ယောက်ကို ထိုင်းသုံးယောက်က ဘာကြောင့် ခေါ်ထုတ်ရသလဲ၊အလုပ်သမားပို့ထားတဲ့ ရွှေရည်ဖြိုးေ
အာင်ကုမ္ပဏီ သိသလားလို့မမေးဘူး။ ကျနော်အသတ်ခံသွားရနိုင် တဲ့ အန္တရာယ်ကို ကာယကံရှင် ကျနော်ပဲသိတယ်။ အလုပ်သမား သံအရာရှိ အခန်းမှာမေးတာက ကားခဘယ်ကရလဲ၊ ဘယ်နေရာ ကိုရောက်သွားလဲဆိုပြီး ကျနော့်ကို တရားခံစစ် စစ်တယ်ဗျာ” ဟုပြောသည်။
          ရွှေရည်ဖြိုးအောင်ကုမ္ပဏီသည်မလေးရှားနယ်စပ်မှ မြန်မာ ပန်းရံအလုပ်သမား ၂၆ဦးဘောစကိုင်းရွက် သုတ်စားရသည့် သတင်းအမှန်ကို ဖုံးကွယ်၍ သတင်းစာရှင်းလင်းထားသဖြင့် ၎င်း တို့ပြဿသ  နာအား MAT အဖွဲ့က မဖြေရှင်းလိုတော့ပေ။ ထို့ကြောင့် အလုပ်သမားများအား အလုပ်သမားသံရာရှိထံသို့ သွားရောက်   ဖြေရှင်းရန်အတွက် အခင်းဖြစ်ပွားသည့် နေ့က ကိုခိုင်ကြီး က ဖုန်းဖြင့် ကားစီစဉ်ပေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
         ဘန်ကောက်မြို့အခြေစိုက် MATအတွင်းရေးမှူး ကိုခိုင်ကြီး က“ကျနော်က ရွှေရည်ဖြိုးအောင်ကုမ္ပဏီက ဒေါ်ပန်းချယ်ရီ နဲ့ ကျနော် စကားပြောတယ်။ သူတို့ဖြတ်ထားတာတွေကို ကျနော်နား လည်ခွင့်လွှတ်ပေးပါတယ်။ ဒါပေမယ့် ၆လတိုင်တိုင် မိန်းကလေးေ တွကို တစ်နေ့လုပ်အားခ ဘတ် ၁၈၀နှင့် ၂၀၀ ဘတ် ရှင်းပေးထား တာနဲ့ ယောက်ျားလေးတွေကို ၂၇၀ ဘတ် ရှင်းပေးထားခဲ့တာတွေ အကုန်လုံးကို ထိုင်းနိုင်ငံ အလုပ်သမားသတ်မှတ် ဈေးနုန်း ဘတ် ၃၀၀ ရှင်းပေးပါလို့ တောင်းဆိုတယ်။ ထိုင်းသူဌေးမ ကစါရေးမ ဘယ်လိုရှင်းထားလဲသူမသိဘူးတဲ့။ ၆လရှိပြီ အလုပ်သမားတွေ ဆီက ပိုက်ဆံ ၁၂,၀၀၀သာဖြတ်ပြီးတယ်၊ ၀တ်ပါမစ် ခုထိမလုပ်   သေးဘူး။ ကျနော်ပြောချင်တာကတော့ ထိုင်းကိုအလုပ်သမား တင်ပို့တဲ့ အေဂျင်စီတွေဟာ လူပို့ပြီးရင် ပြီးပြီး။ ဒီမန်း ထပ်ရှာပြီး ထပ်ပို့မယ်။ ဒါပဲ အာရုံစိုက်ကြတယ်။ ခုကြည့်လေ။ ကျနော်တို့ ကူညီလို့ အလုပ်သမားတွေ ပြဿ     နာ အဖြစ်မှန်ပေါ်ပြန်ပြီ။ ဒါကိုလည်း သတင်းမှားပါတယ်ဆိုပြီး ဒေါ်ပန်းချယ်ရီ သတင်း စာရှင်း အုံးမလားမသိဘူး” ဟု ပြောဆိုခဲ့ကြောင်း ပြောသည်။
       အလုပ်သမားများအား လုပ်အားခ အပြည့်မပေးခဲ့သည့် ကျန်ငွေများကို တစ်ပါတ်အတွင်း MAT အတွင်းရေးမှူး ကိုခိုင်ကြီး   ရှေ့မှောက်တွင် ရှင်းရန်ညှိနှိုင်းခဲ့ကြောင်းသိရသည်။