17 January 2018

လလည်းကွယ် ပြည်လည်းပျောက်တဲ့နေ့


ရက်စက်ကြမ်းကြုတ်မှုများစွာဖြင့် ရခိုင်ပြည်သူ သန်းဂဏန်းအထိ အသတ်ခံရသောနေ့မှာ ဝမ်းနည်းဖွယ် အခမ်းအနားကျင်းပတာ ဘာများထိခိုက်ပါသလဲ့ ??


>> သီပေါမင်းပါတော်မှုတာကို ရုပ်ရှင်တွေရိုက်ပြီးတပြည်လုံးချပြတယ် ၊ ရခိုင်မှာ ဝမ်းနည်းဖွယ်အခမ်းအနားလုပ်ရုံပါဗျာ ရုပ်ရှင်ရိုက်တာလည်းမဟုတ်ပါ ပြဇာတ်ကတာလည်းမဟုတ်ရပါ နှစ်စဉ်နှစ်တိုင်းကျင်းပနေတာပါ ဒီနှစ်မှ ဘာဖြစ်လို့များ တားမြစ်ရတာပါလဲ့ ?? 

>> အခမ်းအနားမကျင်းပလို့ ဆန္ဒဖော်ထုတ်တာကို သေနတ်နဲ့ ပစ်သတ်ရက်တယ်ဗျ ၊ သွေးစွန်းထားတဲ့ မြောက်ဦးမြေ ပြာပုံထက်မှာ ထပ်ပြီးသွေးစွန်းအောင် ပြာသိုလကွယ်နေ့မှာ (၁၆-၁ - ၂၀၁၈ ) ထပ်သတ်ပြလိုက်တာလား 
😢 

>> ရခိုင်လူမျိုး ရခိုင်သမိုင်းက ရခိုင်လူမျိုးရှိနေသမျှ တည်နေပါအုံးမှာပါ ရခိုင်တမျိုးသားလုံးကို လူမျိုးတုန်းသတ်ပစ်မှပဲ့ ပျောက်ပါလိမ့်မေ ၊ ဗမာဘုရင်ဘိုးတော်မောင်ဝိုင်းလည်း ရခိုင်နန်းတော်တွေပါအကုန်သိမ်း မီးရှို့ ဖျက်စီး ရခိုင်ပြည်သူ သန်းဂဏန်းအထိ လူမျိုးတုန်းသတ်ပြီး ရိုးရာယဉ်ကျေးမှုထီးနန်းဘိုးဘွားအမွေတွေအကုန်သိမ်းခဲ့ပြီးပါပြီ ၊ နန်းတော်ကိုလည်းပြာဖြစ်အောင်အထိ မီးရှို့ သင်္ချိုင်းကမြေနဲ့ဖို့ပြီး နာမ်နိမ်ခဲ့ပြီးပါပြီ ၊ ကျေနပ်ပါတော့ဗျာ

>> ဆန္ဒဖော်ထုတ်တဲ့လူတွေထဲ့မှာ သေနတ်ဒဏ်ရာဖြင့် ၈ ယောက်သေပြီး ၁၀ ဂဏန်းကျော် သေနတ်ဒဏ်ရာရတဲ့အထိ ဆိုးဝါးလှပါတယ် ၊ > တလောတုန်းက သဲချောင်းရွာ (စစ်တွေ) မှာ ကုလားတွေ ရဲတွေကို အုတ်ခဲ့နဲ့ ပစ် ၊ ဆဲဆို ဒုတ်ဓါးလက်နက်တွေနဲ့ ရဲတွေကိုခြမ်းခြောက် ၊ လေးကွတွေနဲ့ပစ်တာ ရှေ့တင်ဖြစ်နေတာ သေနတ်တချက်မဖောက်ပါဗျာ ၊ အခုကျတော့ သေနတ်က ဒဲ့ပါဗျာ 
😢 

>> ရခိုင်လူမျိုးတွေ လေးစားချစ်ခင်ရတဲ့ ပရဟိတဂူရုကြီး ကိုဝေဟင်အောင်လည်း မနေ့တနေ့က ရခိုင်အချုပ်အခြာအာဏာကျဆုံးခြင်းဝမ်းနည်းဖွယ် ရသေ့တောင်မြို့နယ်မှာ ကျင်းပတဲ့ အခမ်းအနားမှာ စာပေဟောပြောပွဲ ခေါင်းစဉ် (လလည်းကွယ် ပြည်လည်းဆုံး) ခေါင်းစဉ်နဲ့ ဟောပြောလို့ ပုဒ်မ ၅၀၅/ခ နဲ့အဖမ်းခံရပြန်တယ် ၊ 

>> အငြိုးတွေကျေပါတော့ဗျာ 

>> မြောက်ဦးမြေမှ သေဆုံးသူများသို့ ဦးညွတ်လေးစားလျက် 
#Lynnein