16 November 2017

အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူများနှင့် မိသားစုဝင်များသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ခွာသွားကြခြင်းဖြစ်




နေပြည်တော်၊ နိုဝင်ဘာ ၁၅

      ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများသည် မိမိတို့လုံခြုံရေး တပ်စခန်းများကိုတိုက်ခိုက်ရာတွင် အောင်မြင်မှု မရရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်မည်ကို ကြောက်ရွံ့သောကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေြး ခင်း ဖြစ်ကြောင်း၊ ထိုသို့ထွက်ပြေးစဉ် ၎င်းတို့၏မိသားစုများကိုပါ တစ်ပါတည်းခေါ်၍ ထွက်ခွာ သွားခြင်းဖြစ်သဖြင့် ယခုကဲ့သို့ လူဦးရေများပြားသွားခြင်းဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Hon. Rex Tillerson အား ယနေ့နေ့လယ် ပိုင်းတွင် နေပြည်တော်ရှိ၊ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။
 
        တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ် ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Hon. Rex Tillerson နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး H.E.Mr.Scot Marciel နှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

         ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-အမေရိကန် နှစ်နိုင်ငံ သံတမန်ဆက်ဆံမှုမှာ နှစ်ပေါင်း ၇၀ ကျော်ရှိပြီဖြစ်ပြီး ရင်းနှီးသည့် မိတ်ဆွေနိုင်ငံများဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ် ဒီမိုကရေစီအစိုးရသက်တမ်းမှ စ၍ နှစ်နိုင်ငံဆက် ဆံရေးသည် ပိုမိုတိုးတက်ကောင်းမွန်လာပြီး အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်း လဲမှုများတွင် ထောက်ခံ အားပေးမှုများရှိသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်း ကြောင်းပေါ်တွင် ခိုင်ခိုင်မာမာေ လျှာက်လှမ်းနိုင်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေစဉ်အတွင်း ရခိုင်ဒေ သတွင်ပဋိပက္ခများ ဖြစ်ပေါ်လာ ကြောင်း၊ ဖြစ်ပေါ်လာသည့် ကိစ္စရပ်များအားကျော်လွှားနိုင်အောင် ဆောင်ရွက်နေ ကြောင်း ဦးစွာပြောကြားသည်။

          ဧည့်သည်တော်ဝန်ကြီးက ပြန်လည်ပြောကြားရာတွင် နှစ်နိုင်ငံဆက်ဆံရေးသည် အခက်အခဲတချို့ရှိသော် လည်း ရင်းနှီးသည့်ဆက်ဆံမှုများရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း သြဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂါလီအကြမ်းဖက် တိုက်ခိုက်သူများက လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အသက်ဆုံးရှုံးခဲ့ရမှုများ အပေါ်များစွာ ၀မ်းနည်းပါကြောင်း နှင့်အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချပါကြောင်း၊ အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် ပိုင်းတွင် ဘင်္ဂါလီလူမျိုးများ ဘင်္ဂလားဒေ့ရှ်နိုင် ငံဘက်သို့ ထွက်ခွာသွားမှုများကိုသိရှိရပြီး အဆိုပါအကြပ်အတည်း အားနိုင်ငံတကာမှ အာရုံစိုက်ပြောဆိုနေမှုများ ရှိကြောင်း၊ အမေရိကန်ကွန်ဂရက်တွင်လည်း အဆိုပါကိစ္စရပ်အား လူမျိုးတုန်းသန့်စင်မှု သဘောသက်ရောက်သည့် သုံးနှုန်းဆွေးနွေးမှုများ ရှိကြောင်း၊ ထိုအခြေအနေအား အသုံးချပြီး ကမ္ဘာ့အခြားဒေသမှ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ ၀င်ရောက်ခြေကုပ် ယူလာနိုင်သည့် အခြေအနေကိုလည်း စိုးရိမ်ရကြောင်း၊

         ထို့ကြောင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ယခုထက်ပိုမိုအောင်မြင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်စေလိုသည့် ဦးတည်ချက် တစ်ခုသာရှိပြီး လက်ရှိအနေအထား များကိုသိရှိလိုကြောင်း မေးမြန်းဆွေးနွေးသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ဆွေးနွေးပြောကြားရာတွင် ရခိုင် ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ဖြစ်စဉ်သည် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ဖြစ်စဉ်နှင့် ၂၀၁၂ ခုနှစ်ဖြစ်စဉ်တို့နှင့် ဆက်စပ်နေကြောင်း၊ ၂၀၁၆ ခုနှစ်အောက်တိုဘာလ ၉ ရက်နေ့ဖြစ်စဉ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း ၅ ခုကို အစွန်း ရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ က တစ်ချိန်တည်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ဖြစ်ပွားသည့် အချိန်တွင် တပ်မတော်မှသွားရောက်ရှင်းလင်းစဉ် တပ်မတော် အရာရှိ ၁ ဦး၊ အခြားအဆင့် ၆ ဦးကျဆုံးခဲ့ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၁ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အစွန်းရောက်ဘင်္ဂါလီ အကြမ်း ဖက်သမားများ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံမှယူဆောင် သွားသည့် လက်နက် ၆၈ လက်အနက် ၃၇ လက်အားပြန်လည် ရရှိခဲ့ေ ကြာင်း၊ 

          ၂၀၁၇ ခုနှစ်အောက်တိုဘာ ၂၅ ရက် နေ့ဖြစ်စဉ်တွင် လုံခြုံရေးစခန်း အခု ၃၀ အားတစ်ချိန်တည်းတိုက်ခိုက်ခဲ့သည့် အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမား များ၏ အင်အားမှာ ယခင်က ၄၀၀၀ ခန့်သာရှိသည်ဟု ခန့်မှန်းခဲ့သော်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှဒုတိယ ဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းဆောင်ရွက် ခဲ့ချိန်တွင် ၎င်းတို့၏အင်အား မှာ ၆၀၀၀ မှ ၁၀၀၀၀ ခန့်ရှိသည်ကိုသိရှိခဲ့ရကြောင်း၊ ၂၀၁၆ ခုနှစ်ဖြစ်စဉ်အရ လုံခြုံရေး တပ်ဖွဲ့ဝင် များက သတိထား ဆောင် ရွက်ခဲ့သဖြင့် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် စခန်းတစ်ခုသာမီးရှိုဖျက်ဆီးခံခဲ့ရပြီး နယ်မြေ စိုးမိုးရေး ဆောင်ရွက်သည့် လုံခြုံရေးတပ်ဖွဲ့ များနှင့် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ ထိတွေ့မှုများရှိခဲ့ ကြောင်း၊ 

       သို့သော် စက်တင်ဘာလ ၅ ရက်နေ့ နောက်ပိုင်းတွင်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများ မရှိကြောင်း၊ အဆိုပါနယ် မြေအတွင်း တပ်မတော်မှ နယ်မြေလုံခြုံရေးလုပ်ငန်းများအား အချိန်မီဆောင်ရွက်နိုင်ခဲ့သဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ဒေသ ခံတိုင်းရင်းသားပြည် သူများနှင့် ဘင်္ဂါလီများ၏ အသက်ပေါင်းများစွာကို ကာကွယ်ပေးနိုင်ခဲ့ကြောင်း ပြောကြားသည်။

       ယင်းနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားသည့် ဘင်္ဂါလီလူမျိုးများနှင့် ပတ်သက်၍ မိမိတို့မှအင်အားသုံး တိုက်ခိုက် သဖြင့် ထွက်ခွာသွားသည့်သဘော အဓိပ္ပါယ် သက်ရောက်သည့်စကားလုံးများဖြင့် အမေရိကန်အပါ အ၀င် အနောက်နိုင်ငံများက သုံးနှုန်းပြောဆိုမှုများရှိကြောင်း၊ အခြေအနေမှန်ကိုသိရှိရန်လိုကြောင်း၊ သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့ အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ထွက်ပြေးသူမှာ အင်မတန်နည်းပါးပြီး စက်တင်ဘာလ ၅ ရက်နေ့နောက်ပိုင်းမှသာ ထွက်ခွာ သွားကြခြင်း ဖြစ်ကြောင်း၊ အဓိကအကြောင်းအရင်းမှာ ARSA အစွန်းရောက်ဘင်္ဂါ လီ အကြမ်းဖက် သမားများသည် မိမိတို့လုံ ခြုံရေးတပ်စခန်းများကို တိုက်ခိုက်ရာတွင် အောင်မြင်မှုမရရှိခဲ့ဘဲ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်မည် ကိုကြော က်ရွံ့သောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခြင်းဖြစ် ကြောင်း၊ 

          ထိုသို့ထွက်ပြေးစဉ် ၎င်းတို့၏ မိသားစုများကိုပါ တစ်ပါတည်းခေါ်၍ထွက်ပြေးခြင်းဖြစ်သဖြင့် ယခုကဲ့သို့လူဦး ရေများပြား သွားခြင်းဖြစ်ကြောင်း၊ ၎င်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများသည် အကြောက်တရား ဖြင့်ထိန်းချုပ်ရန်အတွက် ကလေးငယ်များ၊ အမျိုးသမီးများနှင့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သည့် လူမျိုးတူဘင်္ဂါလီ များကိုပါမချန် ရက်ရက်စက်စက် သတ်ြ ဖတ်ခဲ့ကြကြောင်း၊ အခြားဘင်္ဂါလီလူမျိုးများအားလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ထွက်ပြေးရန် ခြိမ်းခြောက်မှုများရှိသကဲ့သို့ တတိယ နိုင်ငံတစ်ခုခုတွင် နေထိုင်ခွင့်ရမည်ဟူသော ဆွဲဆောင် မက်လုံး ပေး မှုများရှိကြောင်း၊ ၎င်းတို့ထွက်ခွာသွားချိန်တွင် ထွက်ပြေး သည့်ပုံစံမျိုးမဟုတ်ဘဲ အေးအေးဆေးဆေး ထွက်ခွာ သွားကြခြင်းဖြစ်ကြောင်း၊ အဆိုပါကိစ္စရပ်များအား နိုင်ငံတကာမှ အမှန် အတိုင်းမသိရှိဘဲ မိမိတို့မှနှိပ်စက်မှုကြောင့် ထွက်ပြေးသွားသည်ဟု ယူဆပြောဆိုမှုများရှိသည့်အတွက် အခြေအနေမှန်များအား သိရှိရန်လိုအပ်ကြောင်း၊ 

            ထွက်ခွာသွားသည့် ဘင်္ဂါလီလူမျိုးများအား ဥပဒေနှင့်အညီ ပြန်လည်လက်ခံရန်အတွက်လည်း ဆောင်ရွက်နေကြောင်း၊ ဒေသခံတိုင်းရင်းသားရခိုင်များနှင့် ဘင်္ဂါလီလူမျိုးများ နှစ်ဖက်စလုံးက လက်ခံနိုင်သည့်အခြေအနေရှိရန်လိုအပ်ပြီး မြန်မာနိုင်ငံသား စစ်စစ်များ ဖြစ်သည့် ဒေသခံရခိုင်တိုင်းရင်းသားများ၏ဆန္ဒကို အလေးထားရမည်ဖြစ်ကြောင်း၊ ဒေသခံရခိုင်တိုင်းရင်းသားများက လက်ခံမှသာ ပြည်သူလူထုအားလုံးက ကျေနပ်လက်ခံမှာ ဖြစ်ကြောင်း၊ ၎င်းတို့ လက်ခံနိုင်မည့် အခြေအနေမရှိလျင် တစ်ဖက် တွင်နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်ပေါ်လာနိုင်သဖြင့် မျှတသည့်ဆောင် ရွက်မှုများ လုပ်ဆောင်ပေးရန် အကြိမ်ကြိမ်အခါခါ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားရခိုင်လူမျိုးများက ရခိုင်ဒေသသို့ ရောက်ရှိလာသည့် လူသားချင်းဆိုင်ရာ နိုင်ငံတကာမှ အကူအညီပေးမှုများသည် ဘင်္ဂါလီများအတွက် သာဖြစ်ပြီး မိမိတို့ရခိုင်လူမျိုးများအား ပေးအပ်ခြင်းမရှိသည်ကို သိရှိကြကြောင်း၊ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွား သည့် ဘင်္ဂါလီလူမျိုးများအားပြန်လည် လက်ခံရာတွင်လည်း ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေ၊ ၁၉၉၂ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်များနှင့် အညီစိစစ်လက်ခံမည်ဖြစ်ပြီး မိမိတို့အနေဖြင့် ငြင်းပယ်ရန် မရှိကြောင်း၊ ၁၉၇၈ ခုနှစ်ကလည်း ယခုကဲ့သို့အလားတူ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း၊ ယင်းအချိန်က မြန်မာနိုင်ငံ ဘက်မှ ကောက်ယူထားသည့်စာရင်းအရ လူဦးရေ ၁၅၆၆၃၀ ဦးဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးခဲ့သော်လည်း နှစ်နိုင်ငံသဘော တူညီချက်အရ ပြန်လည်စိစစ် လက်ခံသည့်အချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အဆိုပြုချက်အ ရလူဦးရေ ၁၈၆၉၀၀ ကျော်အား လက်ခံခဲ့ရသဖြင့် လူဦးရေ ၃၀၀၀၀ ကျော် ပိုမိုလက်ခံခဲ့ရကြောင်း၊ ယခုအချိန်တွင် လည်း ၎င်းတို့ဘက်မှပြောသည့်လူအရေ အတွက်အတိုင်း လက်ခံ၍မရကြောင်း၊

        အဆိုပါကိစ္စများအား အစိုးရက ဆောင်ရွက်မည်ဖြစ်ပြီး တပ်မတော်မှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးမှုများအနေဖြင့်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်မှုအကောင်အထည် ဖော်ရေး ဗဟိုကော်မတီနှင့် ပြည်နယ် အစိုးရမှသက်ဆိုင်ရာအဖွဲ့အစည်းများက ဆောင်ရွက်ပေးနေပြီး တပ်မတော်မှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေး လျက်ရှိေ ကြာင်း ရှင်းလင်း ပြောကြားသည်။

       ထို့နောက် ရခိုင်ပြည်နယ်အတွင်း တပ်မတော်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ သတင်းထုတ်ပြန်ခဲ့မှု အခြေအ နေများ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် ဖြစ်စဉ်မှန်များအား နိုင်ငံတကာမှ သိရှိစေရန်အတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ် များ၊ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုးများအတွက် အစိုးရမှ ပြန်လည်နေရာချထားနိုင်ရေး ဆောင်ရွက် နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ဧည့်သည်တော်ဝန်ကြီး၏ အကြံပြု ချက်များကိုအမြင်ချင်းဖလှယ်ပြီး အကြမ်းဖက်မှု နှိမ်နင်း ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက်နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ရန် နည်းလမ်းရှာဖွေရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။