26 October 2013

“MAT အဖွဲ့အား မြန်မာလူငယ်၂ဦး ဘတ်ငွေ ၁၅,၀၀၀ လှူ”




အောက်တိုဘာ ၂၆  (ခရမ်းသားလေး)
          ယမန်နေ့က မြန်မာသံအရာရှိကြီးများ က   မြန်မာအလုပ်သမားများအား ကူညီ
စောင့်ေ ရှာက်နို င်ရေး အတွက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ MAT အား ခေါ်ယူတွေ့ ဆုံအပြီး ဘန်ကောက်မြို့     မြန်မာ သံရုံးရှေ့တွင် မြန်မာလူငယ် ၂ဦးက MAT အဖွဲ့အား ဘတ်ငွေ တစ်သောင်းခွဲလှူဒါန်းခဲ့သည်။
         သူငယ်ချင်းနှစ်ဦးဖြစ်ကြသော ထားဝယ်မြို့ ဇာတိ ကိုအောင်ငွေသိန်း က ဘတ်ငွေတစ်သောင်းနှင့် ကချင်ပြည်နယ် ၀ိုင်းမော်မြို့မှ မနန်းစောမြနွယ်  တို့က  ဘတ်ငွေငါးထောင်တို့ကို စေတနာထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။
ကိုအောင်ငွေသိန်း က “ကျနော်တို့မလုပ်နိုင်၊ သာမန်လူတွေ မလုပ်ရဲတဲ့ အလုပ်တွေကို MAT အဖွဲ့က စွမ်း စွမ်းတမံ လုပ်တယ်။ 


ဒုက္ခရောက်နေကြတဲ့ မြန်မာအလုပ်သမားတွေကို ဒီအဖွဲ့နေ့တိုင်းကူညီနေတာကို ကျနော် အလုပ်သမားတွေဆီက တစ်ဆင့်သိရတယ်။ အင်တာနက်မှာလည်း ဖတ်ရတယ်။  ငွေလှူချင်နေ တာ ကြာပြီး။ ခု သူတို့ သံရုံးထဲကို အစည်းဝေးလာကြတာ ကျနော်တွေ့တာနဲ့ လှူလိုက်တာ။ ကျနော့်သူငယ် ချင်းမ ဆိုရင် ငွေ အဆင်သင့်ပါမလာ လို့ ATM(ငွေပုံထဲက) ချက်ချင်းထုတ်ပြီးလှူလိုက်တယ်” ဟု ၀မ်းမြောက်စွာ ပြော ဆိုသည်။

MAT ရုံးတာဝန်ခံ ကိုစိုင်းအေး က “ ကျနော်တို့ ခြိမ်းခြောက်ပြောဆိုနေကြ သူတွေ ရှိသလို ဒီလို   စေတနာရှိ သူတွေလည်းရှိပါသေးလားလို့ ၀မ်းမြောက်မိတယ်။ ကျနော်တို့ MAT အဖွဲ့က အင်ဂျီအိုမဟုတ်ဘူး။ ငွေရှိ တဲ့ ပရိုပိုဇေရှိတဲ့အဖွဲ့ အစည်းမဟုတ်ဘူး။ မိတ်ဆွေတွေနဲ့စုပြီး ရံပုံငွေ အနည်းငယ်ပြင်ဆင် ထားတာနဲ့ လုပ်နေကြ တာဖြစ်တယ်။ ကျနော်တို့ ဘယ်လစာမှ မရှိပဲ ကိုယ့် ထမင်း ကိုယ်စား၊ ကိုယ်အလုပ်ကိုယ်လုပ်ပြီး  အလုပ်သမားကူညီရေးကို လုပ်နေကြတာဖြစ် တယ်။ ကိုအောင်ငွေသိန်းနဲ့ မနန်းစောမြနွယ်တို့ သူငယ်ချင်း နှစ်ယောက်ကို အထူးကျေးဇူးတင်ပါတယ်” ဟုပြော သည်။
             မြန်မာသံရုံးအနေဖြင့် အလုပ်သမားများအရေး ကိစ္စရပ်များအား နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ၏ လမ်းညွှန်မှာကြားချက်များအရ ဆထက်တပိုး ကူညီစောင့်ေ ရှာက်သွားရန် အစီအစဉ်များ ချမှတ်နေ   ကြောင်း သံအရာရှိကြီး၏ပြောပြချက်များအရ သိရှိရသည်။