25 October 2013

“ကော့သောင်းမြို့မှာ အာစရိယပူဇေါ်ပွဲ ရံပုံငွေဘီယာပွဲတော်ကျင်းပ”


အောက်တိုဘာ ၂၅ ရက်  မောင်စိုး ကော့သောင်း
 
       ကော့သောင်းမြို့ အမှတ်(၁) အထက်တန်းကျောင်း အာစရိယပူဇေါ်ပွဲ ရံပုံငွေ အတွက်ဟု ဆိုကာထိုင်းနိုင်ငံမှ ဆင်းဂါးဘီယာပွဲတော်အား အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ အကြီးအကျယ်ကျင်းနေကြောင်းသိရသည်။
ယခုဘီယာသောက်ပွဲတော်အတွက် ထိုင်းနိုင်ငံဘက်က တင်သွင်းလာသည့် ဘီယာနှင့် အခြားပစ္စည်းများမှာ နိုင်ငံတော်သို့ အခွန်ဝင်မည်မဟုတ်ပဲ ဘီယာသောက် ပွဲ ကျင်းပသည့် ပွဲကန်ထ
Add caption
ရိုက်များအကျိုးသာဖြစ်နိုင်ဖွယ်ရှိကြောင်း ကော့သောင်းမြို့သားအချို့က ပြောဆိုကြသည်။
ယခုပွဲသည် ကော့သောင်းမြို့တွင် ကျင်းပသည့် တတိယမြောက် ရံပုံငွေပွဲဖြစ်ပြီး ယခင်ကဂေါက်သီးရံပုံငွေပွဲနှင့် နှစ်ကျိပ်ရှစ်ဆူ ရံပုံငွေဟူ၍လည်းကျင်းပခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။