06 November 2013

“ပတ်စပို့နှင့်အလုပ်ပါမစ်ရှိသည့်အလုပ်သမား၃ဦးတစ်နေ့တည်း ၂ကြိမ်အဖမ်းခံရ”




နိုဝင်ဘာ ၆    (ကိုတီး)

              ပတ်စပို့နှင့် အလုပ်လုပ်ခွင့်လက်မှတ် အပြည့်အစုံရှိသည့် မြန်မာအလုပ်သမား  ၃ဦး တစ်နေ့တည်းတွင်၂ကြိမ်ဖမ်းဆီးခံရရာ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံေ ရာက်မြန်မာနိုင် ငံသားများအဖွဲ့ MATက လွတ်မြောက်အောင် ကူညီ   ပေးနိုင်ခဲ့သည်။
          ယနေ့နံနက်ပိုင်းက အောင်ကိုဦး၊ သီဟနှင့် စိုးလွင် ဆိုသည့် အလုပ်သမား၃ဦး မဟာချိုင်မှ ဘန်ဘော် ပြင်ဆင်နေချိန် မဟာချိုင်ဈေးကြီးတွင် ပုလိပ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ် သည်။ ဘန်ဘော်မြို့နှင့်မဟာချိုင်မြို့မှာ ထိစပ်လျှက်ရှိသော အနီးဆုံး နယ်မြေဖြစ်ကြ သည်။

ကိုစိုးလွင် က “ကျနော်တို့  မှာအပြည့်အစုံရှိပါလျှက်နဲ့ ပုလိပ်က ဖမ်းတယ်၊ငွေတောင်း တယ်။ ကျနော်တို့ က ၀တ်တလုံးကျောင်းက ဘုန်းဘုန်း ဦးဇောတိက ကိုဖုန်းဆက် တယ်။ အဲဒီကမှ MAT အဖွဲ့ဖုန်းကိုရတယ်။ MAT က ဦးစိုင်းအေးက မဟာချိုင် လေး ထပ် ရုံးက ပုလိပ်ကို ဖုန်းဆက်ပြီးပြောတယ်။ အဲဒီက လွတ်လာလို့ ဘန်ကောက်ကို လာတာ တစ်ခါ ပုလိပ် ထပ်ဖမ်းတယ်။ အဲဒါကိုလည်း ဦးစိုင်းအေး ကပဲပြောပေးပါ တယ်။ ကူညီပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟုပြောသည်။
               မဟာချိုင် ၄ထပ်ပုလိပ်များ မြန်မာအလုပ်သမားများအား အဓမ္မဖမ်းဆီး   ငွေညှစ်နေ မှုများအား  အထောက်အထားအပြည့်အစုံတို့ဖြင့် ထိုင်းဗဟိုရဲဌာနချုပ် သို့ မြန်မာသံရုံးနှင့် ဘန်ကောက်အခြေစိုက် ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံ သားများ အဖွဲ့ MATတို့ ပူးပေါင်း၍ အောက်တိုဘာ ၂၁ ရက်နေ့က အမှုဖွင့် တိုင်ကြား ထားသော် လည်း ယနေ့အထိ တစ်စုံတစ်ခုထူးခြားမှုမရှိသေးပေ။ ရဲဌာနချုပ်သို့ MAT အဖွဲ့က တစ်ပတ်တစ် ကြိမ်အကျိုးအကြောင်း ဖုန်း၍မေးမြန်းကြည့်ရာ လူကြီးများဖြင့် တိုင်ပင်ေ နကြောင်းသာ   ပြန်ပြောသည်။ 
             ထိုင်းနိုင်ငံအတွင်း လွတ်လပ်အေးချမ်းစွာ အလုပ်လုပ်ကိုင်လိုကြ သဖြင့်   မြန်မာ အလုပ်သမားများ တို့သည် ဘတ်ငွေ တစ်သောင်ကျော်နှင့် နှစ်သောင်းဝန်း ကျင်အထိ အကုန်အကျခံလုပ်ထားကြသည့် ပတ်စပို့ နှင့် အလုပ်လုပ်ခွင့်စာအုပ် လုပ် ထားကြသည့် မြန်မာအလုပ်သမားများမှာ လုံခြုံမှုမရှိဖြစ်နေကြ သည်။