09 November 2013

“လူကုန်ကူးခံထားရသည့်မြန်မာနှင့်လာအို၅၂ဦးအား ပူးပေါင်းအဖွဲ့များကကယ်တင်”

နိုဝင်ဘာ     (ကိုတီး)

      ဘန်ကောက်မြို့မြောက်ဘက်ကီလိုမီတာ ၁၀၀ခန့်အကွာတွင်ရှိသော လက်လွန်ကယောက်နယ်မြေ၊ မြို့ရွာများနှင့်အလှမ်းကွာဝေးသော လယ်တော စပ်တွင်ရှိတည်ရှိသည့် ပလပ်စတစ်ပြန် လည်သန့်စင်အလုပ်ရုံတွင် ရောင်း စားခံထားရသည့်   မြန်မာနှင့်လာအိုနိုင်ငံသား၅၀ဦးအား လူကုန်ကူးမှုပူးပေါင်းအဖွဲ့များက ယမန်နေ့ညနေက ကယ်တင်လိုက်ကြောင်း သိရှိရသည်။
 


               မြန်မာအလုပ်သမား ၂၆ဦး(ကျား၁၀ဦး+မ၁၆ဦး) လာအို၂၄ဦး(ကျား၎ဦး+မ၂၀ဦး)နှင့် အတူ အလုပ် သမားများအား လှည့်ဖြားခေါ်ဆောင်ကြသည့် ပွဲစား၃ဦးနှင့် လုပ်ငန်းရှင် ဇနီးမောင်နှံတို့အား ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။  ထိုအထဲတွင် အသက်၁၈ နှစ်အောက် လာအိုလူငယ်၅ဦးနှင့် မြန်မာ၃ဦး ပါဝင်သည်။      

       ဘုရားသုံးဆူမြို့မှ မြန်မာရဲဝန်ထမ်းဟောင်းတစ်ဦးက ၎င်း၏ ဇနီးဖြစ်သူ နှင့်အတူ မြန်မာအလုပ်သမား ၂၀ဦးထက်မနည်း လူကုန်ကူးခံနေရကြောင်း ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ MAT သို့ အောက်တိုဘာလ ၆ရက်နေ့က အကူညီတောင်းခံခဲ့သည်။
  အဆိုပါ အလုပ်ရုံမှ အောက်တိုဘာလ ၁၀ ရက်နေ့က တစ်ဦးလျှင်ဘတ်ငွေ ၁၂,၀၀၀ ပေးချေ ၍ရွေးထုတ်လာ ခဲ့သည့်မော်လမြိုင်ဇာတိ ကိုမိုးကျော်နှင့် မအေးချို တို့ထံမှ အလုပ်ရုံတွင်း၏ အခြေအနေ သတင်းအချက် အလက်များကို စတင်စုဆောင်းခဲ့သည်။ မအေးချို တို့မိသားစု ၄ဦးတို့အား လာရောက်ခေါ်ထုတ်ခဲ့သည့် အမျိုးသမီးတစ်ဦးထံမှ အဆိုပါ အလုပ်ရုံ၏ တည်ရှိရာနေရာများကို အသေစိတ် အချက်အလက်များ ထပ်မံရရှိခဲ့ သည်။

                နိုဝင်ဘာလ၄ ရက်နေ့တွင် အလုပ်ရုံတည်ရှိရာနေရာသို့ MAT အဖွဲ့က ဓါတ်ပုံနှင့် VDO ရိုက်ကူး မှတ်တမ်းတင်ခြင်းနှင့် လမ်းညွှန်မြေပုံ များအား တိကျစွာရေးဆွဲပြီးနောက် ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး  အထူးရဲတပ်ဖွဲ Anti-Human Traffcking Division (AHTD) သို့ အမှုဖွင့် တိုင်ကြားခဲ့သည် ။  

ထိုအခါ AHTD ကမြန်မာသံရုံမှ အကူညီတောင်း သည့်စာတစ်စောင် ရရှိလိုကြောင်း ထပ်မံပြောဆိုသဖြင့် MATအဖွဲ့က ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED နှင့် တိုင်ပင်ပြီးနောက် မြန်မာ သံရုံးမှ မေတ္တာရပ်ခံစာရရှိရန် ဆောင်ရွက်ခဲ့ရပြန်သည်။

            AHTDအဖွဲ့က အဆိုပါအလုပ်ရုံမှ ငွေပေး၍ ထွက်လာခဲ့သည့် အလုပ်သမားများအား ဘန်ကောက် သို့ ခ်ါယူ၍ပြန်လည် စစ်ဆေးချင်ကြောင်း တောင်းခံပြန်သဖြင့် MAT နှင့် AHTD တို့  နိုဝင်ဘာ  ၇ ရက်နေ့ တွင် ဘုရားသုံးဆူနယ်စပ်သို့သွားရောက်၍ ခေါ်ယူခဲ့ကြပြန်သည်။
           မအေးချိုတို့ ဇနီးမောင်နှံတို့နှင့် ရွေးထုတ်ခဲ့သည့် မြန်မာအမျိုးသမီးတို့အား လိုအပ်သည့် စစ်ဆေး မှုများအားပြု လုပ်ပြီး အချက်အလက်များအား တိုက်ဆိုင်ကြည့်ရှုပြီးနောက် နိုဝင်ဘာ ၈ ရက်နေ့နေ့လည် ပိုင်း တွင် တရားရုံးသို့ ဖမ်းဆီးဝင်ရောက်ခွင့် အားတင်ခဲ့သည်။  ညနေ ၅နာရီခန့်တွင်  ဖမ်းဆီးခွင့်(၀ရမ်း) ရရှိခဲ့ပြီး နောက် အဓမ္မခိုင်းစေနေသည့် အလုပ်ရုံ ၂ရုံအား တပြိုင်တည်းတွင် ရဲအင်အား ၄၀ခန့်ဖြင့်  စီးနင်း ၀င်ရောက် ကယ်ထုတ်နိုင်ခဲ့ကြသည်။

            MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “ထိုင်းနိုင်ငံမှာလူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ရတာ  ပိုမို ခက်ခဲလာတယ်။ အယင်ကဆိုရင် ကျနော်တို့ လူကုန်ကူးခံရတဲ့နေရာတို့ အလုပ်ရုံတွင်းက အခြေ အနေတို့ နယ် မြေတို့ကိုဓါတ်ပုံVDOနဲ့ မြေပုံတွေ ရေးဆွဲပေး  လိုက်ရင် ၀င်စီးလိုက်တာပဲ။ 


ခုကယ်တင်တဲ့အလုပ်ရုံ ကိစ္စမှာကျနော်တို့အချိန်ကုန်၊ ငွေကုန် တာများ တယ်။ တစ်ဖွဲ့လုံးလည်း အတော် ပင်ပန်းကြပါ တယ်။   မြန်မာအစိုးရ    အနေနဲ့ တရားမ၀င်  လူကုန်ကူးတဲ့လမ်းကြောင်းတွေကို အထူးပြုပြီး ပိတ်ပင်တား ဆီးကြ ဖို့ လိုပါတယ်။ တပြိုင်တည်းမှာပဲမြန်မာနိုင်ငံအတွင်းမှာ အလုပ်လုပ်လို့ ထမင်းဝနိုင်မယ့် အလုပ် အကိုင်   အခွင့် အလမ်းတွေ အမြန်ဆုံးဖန်တီးနိုင်ဖို့လိုပါတယ်။ ဒါမှ  လူကုန်ကူးမှုလျှော့နည်း သွားမှာဖြစ် ပါတယ်” ဟုပြောသည်။

             ယခုအလုပ်ရုံသို့ရောက်ရှိလာသည့် မြန်မာအလုပ်သမားများမှာ အပြင်သို့ လုံးဝထွက်ခွင့်မရှိပါ။ အလုပ်သမားခြံစည်းရိုးကျော်၍ ထွက်ပြေးပါက ဓါတ်လိုက်သေဆုံးစေရန်အတွက် ခြံစည်းရိုးပေါ်တွင် လျှပ်စစ်စီးကြောင်းတပ်ဆင်ထားကြောင်း တွေ့ရှိရသည်။

             အလုပ်သမ  မအေးချို က“သမီးတို့မိသားစု  ၄ယောက် ကို ပွဲစားက ရေသန့်အလုပ်ရုံ၊ တစ်လကို ဘတ် ၇,၀၀၀ ရမယ်ဆိုလို့လိုက်လာကြတာ။ ဒီလည်းရောက်ရော အမှိုက်ပုံက ကောက်လာတဲ့ ပလပ်စတစ် ပစ္စည်းတွေကိုရွေးရတဲ့ ညစ်ပတ်တဲ့အလုပ်ဖြစ်နေတယ်။  သမီးတို့ လုပ်အားခမရပဲ ၃လ လုပ်လိုက်ကြပြီ အိမ်ပြန်မယ်လို့ လုပ်ငန်းရှင်ကိုပြောတော့ သမီးကို စီးလာတဲ့ဖိနပ်နဲ့ ပါးကို ၃ကြိမ်ရိုက်တယ်။ သမီးက ထီး နဲ့ ပြန်ထိုးတော့ သမီးကို သူဌေးလင်မယားက လည်ပင်းကိုညှစ်တယ်၊ တုတ်နဲ့ရိုက်တယ်။ ကြာကြာနေရင် သမီးအသက်အန္တရာယ်ပါ စိုးရိမ်တဲ့အတွက် မိသားစုတွေဆီကို အတိုးနဲ့ငွေချေးပြီး သမီးတို့ရွေးထွက်လာခဲ့ ကြတာပါ” ဟုပြောသည်။

      လမ်းစရိတ်ကျေထားသည့် အလုပ်သမားများ လည်း အလုပ်ရုံမှ ထွက်ခွင့်မပေးကြောင်း၊ အလုပ်ရုံ တွင်ရောင်းချသည့်ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ ကစွန်းရွက်များကိုသာစားသောက်ခဲ့ရကြောင်း အလုပ်သမားများကပြောသည်။      အမှိုက်ပုံများမှ မြွေနှင့်ကင်းလိပ်ချောများ အကောင် တစ်ခုခုထွက်လာ၍ ရိုက် သတ်မိပါက အလုပ်ရှင်က ရိုက်နှက်ကြောင်း အလုပ်သမားများက ပြောသည်။

               နိုဝင်ဘာ ၉ ရက်နေ့ က AHTD ရုံးသို့ လာအိုနှင့် မြန်မာသံရုံးတို့မှတာဝန်ရှိသူများလာရောက်၍ လူကုန်ကူးခံခဲ့ရသည့်  မြန်မာအလုပ်သမားများ အား လာရောက်တွေ့ဆုံခဲ့ပြီးအားပေးစကား များပြောဆိုခဲ့ ကြ  ကြောင်း သိရှိရသည်။

          ထိုင်းသတင်းမီဒီယာတစ်ခုနှင့် AHTD မှတ်တမ်းဌာနတို့က လျှပ်စစ်လွှတ်ထားသည့် မီးခလုတ်များ အား မှတ်တမ်းတင်ခြင်း၊ ကျဉ်းမြောင်းသည့်အခန်းများတွင် လူအများအားစုပြုံထားခြင်း၊ အသက်မပြည့် သည့် ကလေးများအားခိုင်းစေခြင်း၊ အလုပ်သမားအချို့အား ရိုက်နှက်ခဲ့ခြင်းများ ရှိကြောင်းစီစစ် တွေ့ရှိခဲ့ ကြသည်။
            လူကုန်ကူးခံရသည့်အလုပ်သမားများမှာ အစိုးရသက်သေအဖြစ် ၆လမှ ၁နှစ်အထိ ၀င်ငွေမရှိပဲ၊ ကယ်ဆယ် ရေးစခန်းများတွင် နေထိုင်ခဲ့ကြရသော်လည်း လူကုန်ကူးသည့်အလုပ်သမားများအား ခိုင်းစေ သည့်လုပ်ငန်း ရှင်များအား အပြစ်ပေးခြင်းမျိုး မကြားဖူးသေးကြောင်း၊ ထိုင်းအစိုးရလူကုန်ကူးမှု တိုက် ဖျက်ရေး  တပ်ဖွဲ့များက လူကုန်ကူးခံရနေသူများအား ကယ် ထုတ်ပေးခြင်းအတွက် ကျေးဇူးတင်ရသော် လည်း အဆုံးသတ်ခြင်းမှာအနည်းငယ်လွှဲချော်နေသည်ဟု ထင်မြင်ကြောင်း MAT အဖွဲ့ကသုံးသပ်သည်။
           
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့သည် ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၃ ခု နှစ်အတွင်း လူကုန်ကူးမှုနှိမ်နင်းခြင်း  ၃၉ကြိမ်အနက် လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားပေါင်း ၂၃၃ဦးနှင့် လာအိုနိုင်ငံ သား  ၂၄ဦး(စုစုပေါင်း) ၂၅၇တို့အား ကယ်တင်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိ  ရသည်။ ပွဲစား ၂၃ဦးနှင့် လုပ်ငန်းရှင် ၂ဦးတို့ကို လည်း အာဏာပိုင်များက ဖမ်းဆီးနိုင်ခဲ့သည်။ အထူးသဖြင့် ထိုင်းမလေးရှားနယ်စပ် ကတန်မြို့ ငါးဖမ်း လှေဆိပ်မှ လူသတ်၊ မုဒိမ်းကျင့်သည့် လူကုန်ကူးမှုဂိုဏ်းတစ်ဂိုဏ်းကို ဂိုဏ်းခေါင်းဆောင်   နှင့် အတူ ဖမ်းဆီးနှိမ်နင်းနိုင်ခဲ့သည်။