13 November 2013

“လုပ်ငန်းရှင်သိမ်းထားသည့်ပတ်စပို့ပြန်ရပြီ”



နိုဝင်ဘာ ၁၃     မြတ်ညို(အလွတ်သတင်းထောက်)

  ဘန်ကောက်မြို့၊ ကထုန်ဘန်အနီး စိုင်းစီ ရပ်ကွက် တလာစီစဘို တွင်ရှိသော မော်တော်ဆိုင်ကယ်အပို ပစ္စည်းထုတ်လုပ်သည့် အိမ်တွင်းမှုအလုပ်ရုံ  အလုပ် သမား၂ဦးထံမှ ပတ်စပို့အား လုပ်ငန်းရှင်က သိမ်း ထား ခဲ့သည်ကို ယမန်နေ့က ပြန်လည် ရရှိခဲ့ပြီးဖြစ် သည်။

        ပဲခူးတိုင်း ဝေါမြို့နယ် ဒလနွမ်းမှ မဖြူဖြူသန်း   နှင့်  စနေမ တို့ထံမှ အောက်တိုဘာ ၂၉ ရက်ကတည်း တစ်ဦးစီ ဘတ်၂၀၀ စီယူ၍ ရက်၉၀ တံဆိပ်တုံး ထုမည်ဟု ဆိုကာ ယူသွားခဲ့ပြီးနောက် မပေးပဲနေခဲ့သည်။


              ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ အကူညီတောင်း ခံ ခဲ့သဖြင့် တောင်းခံပေးနိုင်ခဲ့ခြင်းဖြစ်သည်။

မ စနေမ က “ စုစုပေါင်း ၁၂ ရက်ကြာခဲ့ တယ်။ ပုလိပ်ကြေးဆိုပြီး တစ်လကိုလည်း ဘတ်ငွေ ၆၀၀ ဖြတ်တယ်။ နင်တို့ တိုင်ချင်ရာမှာတိုင် ပတ်စပို့ပြန်မပေးတော့ဘူးဆိုပြီး  လုပ်တာ။ ခုလိုကူညီပေးကြ တဲ့အတွက် ကျေး ဇူးတင် ပါတယ်” ဟုပြောသည်။

          ဥပဒေကြောင်းအရ အလုပ်သမားများ၏ ပတ်စပို့မှာ အလုပ်သမားများ၏ လက်ဝယ်တွင် ထားရှိရ မည်ဖြစ်သော်လည်း ထိုင်းလုပ်ငန်းရှင်အချို့မှာ  ပတ်စပို့ကိုသိမ်းထားခြင်း၊ ရက်ပေါင်ယူထားခြင်းများဖြင့် အလုပ်သမားများ အလုပ်မထွက်သွားစေရန် ညှင်းဆဲညစ်ပတ်သည့်နည်းကို သုံးလေ့ရှိသည်။