11 November 2013

“ထိုင်းအမျိုးသမီးကို မြန်မာအလုပ်သမား၂ဦးအဓမ္မပြုကျင့်”




      နိုဝင်ဘာ ၁၁    (ကိုတီး)

               ဘန်ကောက်မြို့မြောက်ဘက် ၄၆ကီလို မီတာအကွာတွင်ရှိသော ပထုံဌာနီနယ်မြေ အမှတ်ရ ၇ ရေမြောင်းအမှတ်(၁)ရပ်ကွက်တွင်ရှိသော ချင်လ ဘန်ခန် ကားလမ်းမ နံဘေးတစ်နေရာတွင်ယမန်နေ့ ညဥ့် ၁နာရီခန့်တွင် အလုပ်မှ ပြန်လာသည့် ထိုင်း အမျိုးသမီးငယ် တစ်ဦးအား မြန်မာအလုပ် သမား ၂ဦးက အဓမ္မပြုကျင့်ကြောင်း ထိုင်းရတ်သတင်းစာ တွင် ဖေါ်ပြထားသည်။

             အသက် ၁၈နှစ်အောက်အရွယ် apple အမည်ရှိ ထိုင်းအမျိုးသမီးငယ်တစ်ဦး အား မြန်မာ ၂ဦးက အဓမ္မပြုကျင့်ရာ အော်ဟစ်အကူညီတောင်းသဖြင့် ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းဖမ်းဆီးသဖြင့် အသက် ၂၆နှစ် အရွယ် မောင်ကျော်နိုင် ဆိုသူအားထိုင်းရဲများက ဖမ်းဆီးမိခဲ့သည်။ အခြားတစ်ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

              appleကသူမအော်ဟစ်သဖြင့်မျက်နှာကိုလက်သီးဖြင့်အထိုးခံခဲ့ရကြောင်းထွက်ဆိုသည်။
 မောင်ကျော်နိုင်က အရက်မူ၍ လုပ်ခဲ့မိကြောင်း ၀န်ခံထွက်ဆိုခဲ့သည်။ ရဲစခန်းက ဥပဒေကြောင်း
အရ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းစာတွင်ရေးသားထားသည်။