15 November 2013

“လူလိမ် ပွဲစားများနှင့်အတူ ကော်မတီဝင်အဖြစ်MATအဖွဲ့က မလုပ်လို”



                 


နိုဝင်ဘာ ၁၅  (မင်းဘခက်)
         ထိုင်းနိုင်ငံမြန်မာသံရုံးတွင် ဖွဲ့စည်းခဲ့သည့်   မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးကော် မတီ တစ်နှစ်သက်တမ်းပြည့် ၍ ပြန်လည် ဖွဲ့စည်း ရန် ပြင်ဆင်သည့် အစည်းဝေးသို့ ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံ သားများအဖွဲ့ MAT က မတက်ရောက် ပဲနေ ခဲ့ကြောင်းသိရှိရသည်။
 MAT အဖွဲ့သည် ယနေ့ မွန်းလွဲ ၂နာရီတွင် ကျင်းပမည့် သံရုံးစည်းဝေးခန်းမသို့ ၀င်ရောက်ခြင်းမရှိပဲ သံရုံးထဲမှ ပြန်လည် ထွက်ခွာ လာခဲ့ကြ ခြင်းဖြစ်သည်။

  MATအဖွဲ့၏ ဥပဒေအကြံပေးအရာရှိ ရှေ့နေကြီး ဦးအောင်မျိုးသန့် က“ အလုပ်သမား အရေးလုပ်နေတဲ့ သူတွေ သီသန့်မဟုတ်ပဲ နာမည်ပျက်နဲ့ကျော်ကြားနေတဲ့သူတွေ လူ လိမ်ပွဲစားကြီးတွေကို ဖိတ်မယ် ဆိုတာ ကို ကျနော်သိတဲ့အတွက် မြန်မာသံရုံးကို မနေ့ကတည်းက ကျနော် ကန့်ကွက်ထားပါတယ်။ ပွဲစားတွေကို ဖိတ်မယ်ဆိုရင် ကျနော်မလာဘူးလို့ပြောထားပါတယ်။ သံရုံးဧည့်ခန်းလို နေရာကို  ဒီလို လူမျိုး တွေကို ဘာကြောင့်ခေါ်ကြတာလဲ၊ ဘယ်သူတွေကဖိတ်တာလဲ။ အလုပ်သမားတွေကို နည်း အမျိုးမျိုး နဲ့ နှိပ်ကွပ်နေ တဲ့ ပွဲစား လူလိမ်တွေကို သံရုံး အလုပ်သမား ကူညီစောင့်
ရှောက်ရေး ကော်မတီကပါ။ သံရုံး ကပါ ဆိုပြီး လုပ်စားသွားမယ်။ အထူးသဖြင့် အလုပ် သမားတွေကို ပိုမိုနှိပ်ကွပ်သွားနိုင်တယ်” ဟုပြောသည်။

       
စည်းဝေးပွဲသို့ ပွဲစားအချို့နှင့်အတူ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေး   ဖေါင်ဒေးရှင်း FED, မဟာချိုင်အခြေစိုက် အလုပ်သမားများကွန်ယက်MRNWနှင့် မဲဆောက်အခြေစိုက် မြန်မာပြည်သားအရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ JACBA တို့တက်ရောက်ခဲ့ကြသည်။
     MATအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “သံရုံးနဲ့သံအမတ်ကြီးတို့၊ သံမှူးကြီးတို့ ကိုလေးစားရိုသေပါ တယ်။ ကော်မတီမှာ အလုပ်သမားတွေကို ကူညီချင်တဲ့သူတွေ   ဖြစ် ဖို့လို့ပါတယ်။ သံရုံးဆိုတဲ့နာမည်ကို အယင်ကတည်းကကို အလွဲသုံးစား လုပ်နေ ကြသူတွေ။ သံအရာရှိကြီး တွေရဲ့လိပ်စာကဒ်ကို ကိုယ့်ကဒ် လိုလို ဘာလိုလို လုပ်နေ တဲ့သူတွေ၊ သံရုံးက အရာရှိတစ်ဦးဦး ခရီးစဉ်မှာ ဘာသာပြန်ပေးတာကိုပဲ သူတို့ကို သံရုံးကလိုလို ဟန်ဆောင်ကြွားဝါတဲ့သူတွေ သံရုံး ထဲကို ကျနော်တို့ထက်   စောပြီးရောက်နေကြတယ်။ အလုပ်သမားတွေကို မတရား လုပ် ထားတဲ့သူတွေနဲ့ အလုပ်သမားတွေ ဆီကို ဒီလူတွေနဲ့ကျနော်တို့ အတူတူသွား ခဲ့ရင် ကျနော်တို့ပါ လူ လိမ်စာရင်းထဲကိုရောက်သွားမယ်။ သံရုံးကော သိက္ခာရှိတဲ့ သံရုံး ဖြစ်ပါ အုံးမ လား၊ ကော်မတီအဖွဲ့ဖြစ်ရင်ပြီးရော မလုပ်သင့်ဘူး ။ ပေါ့စေချင် လို့   ကြောင်ရုပ် ထိုး တာ၊ ဆေးကြောင့်လေး ဆိုသလို ဖြစ်သွားရင် အလုပ်သမားတွေတော့ ဒုက္ခပဲ”   ဟုပြောသည်။  
          အလုပ်သမားများကို နှစ်ပေါင်းများစွာ ကူညီစောင့်ရှောက်နေသည့် ၀တ်တလုံးကျောင်း မှ ကူညီရေး ဆရာတော် ဦးဇောတိက  က“ ဒီနေ့စည်းဝေးပွဲကို မသိလိုက်ဘူး။  နိုဝင်ဘာ ၈ရက်နေ့ အစည်းဝေးကို ဦဇင်း ရောက်ခဲ့တယ်။ MOU ပွဲစားတွေ တွေ့ခဲ့တယ်။ ဦးဇင်း မဟာချိုင် လေးထပ် ပုလိပ်ရုံးမှာ ပတ်စပို့ရှိ လျှက်နဲ့ အဖမ်းခံနေရတဲ့မလုပ်သမားတွေကို နေ့တိုင်းလို သွားပြီးဖြေရှင်ပေးနေသူဖြစ်တယ်။ လူပုဂ္ဂိုလ်ဖြစ်ြ ဖစ်၊ ရဟန်းပုဂ္ဂိုလ်ဖြစ်ဖြစ် ဒုက္ခရောက်တဲ့သူကို ကယ်တင်ဖူးတဲ့သူတွေ ကိုကို ရွေးချယ်ဖိတ်ခေါ်ဖို့ပါတယ်။ ဦဇင်း တို့ကတော့ သံရုံးမှာဖွဲ့စည်းတဲ့ကော်မတီမှာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဒုက္ခရောက်တဲ့မြန်မာရွှေ့ ပြောင်း အလုပ်သမားတွေ ကို ကူညီနေမှာပါ” ဟုမိန့်တော်မူသည်။ 
ယမန်နှစ်က ဖွဲ့စည်းစဉ် အမည်စါရင်းပါခဲ့သူများ မည်သူတို့ အလုပ်သမားအရေးကို လုပ်/မလုပ် သံရုံး အနေဖြင့် သိထားသင့်ကြောင်း၊ ကော်မတီဝင်အဖြစ် သတ်မှတ်မည့် လူများအား စီစစ်ပြီးမှ စနစ်တကျလုပ်ကိုင်သင့်ကြောင်း ဦဇင်း ကဆက်လက်မိန့်ကြားသည်။