01 November 2013

“MAT အဖွဲ့ နာယကဆရာတော်က အတွင်းရေးမှူး အား ဘတ်တစ်သောင်း ကူညီ”

နိုဝင်ဘာ  ၁ ရက်     မြတ်ညို(အလွတ်သတင်းထောက်)
     

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နာယက ဆရာတော် ဦးဇောတိက မှကားမတော် တဆ တိုက်မိမှုကြောင့် လက်ကျိုးသွားခဲ့သည့် MATအတွင်းရေးမှူး မဟာချိုင် တာဝန်ခံ ကိုခိုင်ကြီး အားယနေ့တွင် ဘတ်ငွေတစ်သောင်း လာရောက် ကူညီပေးခဲ့သည်။

အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လည်ပိုင်းက လပ်ဘူရီသို့ အလုပ်ကိစ္စ တစ်ခုဖြင့် အကိုင် ဆိုသူ နှင့်အတူ ကိုခိုင်ကြီး လပ်ဘူရီ သွားရောက်ကြ စဉ် အခြားကားတစ်စီက လမ်းကြောင်းမှားကာ ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစသည်။        

 
အကိုင် ဆိုသူမှာ ရင်ဘတ် အောင့်သည့် ဒဏ်ရာရရှိသွားခဲ့ပြီး ကိုခိုင်ကြီးမှာ ဘယ် ဘက် လက်မောင်းရိုးပြုတ်သွားခဲ့သည်ဟု ဆိုသည်။ ကားတိုက်မှုဖြစ်ပွားပြီးနောက် ကိုခိုင်ကြီး တစ်နာ ရီခန့် သတိလစ်သွားခဲ့သည်ဟုသိရသည်။ 
ထိုင်ခုံတွင်ပါသည့် ခါးပါးကို တပ်ထား သဖြင့် အသက်မသေပဲ ကံ ကောင်း ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ အတိုက်ခံရသည့် ကားမှာ အာမခံ ကုမ္ပဏီမှ လာရောက် ယူဆောင်သွား ခဲ့ပြီး တိုက်မိသည့် ကားက ဆေးကုသ ရန်အတွက် ဘတ်ငွေ တစ်သိန်း တိတိ ခွင့်ပြုထား ကြောင်း၊ ၃လတိုင်တိုင် အနား ယူရမည်ဖြစ်ကြောင်း ဆရာ ၀န်က ပြောဆိုသည်။