အောက်တိုဘာလ၃၀ ရက်နေ့က မြေကျင်း တူးနေသည့်
MOU အလုပ်သမား ၁၇ ဦး အား နယ်မြေ ရဲများဝင်ရောက်ဖမ်းဆီးခဲ့သည်ကိုတာဝန်ရှိ သူများက ယနေ့တိုင်
လွတ်မြောက်အောင် မဆောင် ရွက်ကြ သဖြင့် အလုပ်သမားများက စိတ်ပျက် စိုး ရိမ်နေကြကြောင်း
သိရှိရသည်။

ဖမ်းဆီးခံရသည့် အလုပ်သမားများမှာ မြ၀တီအခြေစိုက်
ပုလဲမိုးကုမ္ပဏီမှ တင်ပို့ထားသည့် အလုပ်သား၆ ဦးနှင့် ကော့ေ သာင်း Royal golden Gate ကုမ္ပဏီမှ တင်ပို့သည့် ၁၁ ဦးတို့ ဖြစ်ကြသည်။ ၎င်းတို့မှာ(စိုးမင်း၊ခင်စောင်၊သိန်းဇေါ်၊ ကျော်စွာဝင်း၊ ထွန်းငြိမ်၊မင်းမင်းထွေး၊ အောင်ကိုဦး၊ အေးလွင်၊ လှဦး၊ ကျော်စိုး ၀င်း၊ တင်မျိုးအောင်၊ ယာချစ်ခမ်း၊ စောသန်း၊ နိုင်ဝေမိုး၊ ကြည်နိုင် မိုး၊
သန်းဇော် နှင့် ဆန်းဝင်း) တို့ဖြစ်ကြသည်။

များ ဖြစ်ကြသည်။ မူလက ယခုဆိုဒ်သို့အလုပ်သမား ၅၀၀ ကျော်ခန့်
တင်ပို့ထားခဲ့သော်လည်း နေရပ်ပြန်သူနှင့်ထွက် ပြေးကြသူများရှိခဲ့ကြသဖြင့် ယခုအခါ အလုပ်သမား
၄၀၀ ကျော်ခန့်သာရှိပြီဖြစ်သည်။


ခေတ်ပညာတတ် အလုပ်သမား လူငယ်တစ်ဦး က “မြန်မာအလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင် ကို ဖုန်း ဆက်ပြီးတော့ အကျိုးအကြောင်းကိုပြောတယ်။ ဒီကိစ္စ စုံစမ်းပေးမယ်လို့ပြောတယ်။ ကုမ္ပဏီပွဲစားတွေကို ဖုန်းဆက်ပြီးပြောတော့ ဟိုနေ့လာမယ်၊ ဒီနေ့လာမယ်နဲ့ ခုထိရောက်မလာသေးဘူး။ ကျနော်တို့က အစိုးရ အချင်းချင်း ပို့တယ်လို့လည်းပြောတယ်။ ပုလိပ်ဖမ်းမှာလည်းစိုး ရိမ်နေကြ ရတယ်။ ခု ဖမ်းဆီးချုပ်နှောင်ခံထား ရတာ တစ်ပတ်ပြည့်ပြီ၊ ထောင်ချခံရမလား၊ နယ်နှင်ခံရမလား၊ ကျနော်တို့ဘယ်သူ့ကို အားကိုးရမလဲ” ဟုပြောသည်။
အလုပ်သမားများအား
လုပ်ငန်းခွင်က ၂နှစ်ပြည့်အောင် လုပ်မှ မြန်မာပြည်သို့ပြန်ရ မည်ဖြစ်ကြောင်း ပြော သည်။
၁၅ ရက်လျှင် ရေမီး၂၀၀ဘတ်နှင့် ပကာစာခွန်း(အာမခံကြေး) အတွ က်၂၀၀ ဘတ် စုစုပေါင်းလစဉ် ဘတ်ငွေ
၈၀၀ စီ လစဉ်ဖြတ်ေ တာက်သည်။
ဘန်ကောက်အခြေစိုက်
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT မှ ဒါရိုက်တာ ဦးကျော်သောင်း က“ MOU စနစ်ရဲ့အားနည်းချက်တွေကို
ကျနော် အလုပ်သမား ၀န်ကြီးတို့နဲ့ဘန်ကောက်သံရုံး ထဲမှာကျင်းပတဲ့ အစည်းဝေး မှာ ထောက်ပြဖူးပါတယ်။ သက်ဆိုင်သူတွေ အကုန်လုံးဟာ

မချိဆင်းရဲသား မြန်မာအလုပ်သမားတွေက မြေဇာ ပင်ဖြစ်နေတယ်၊ MOU နဲ့လာတဲ့
အလုပ်သမားတွေ ဒုက္ခကြုံရင် ကာကွယ်ကူညီ မယ့် သူ ထိုင်းနိုင်ငံထဲမှာ မရှိဘူးဖြစ်နေတယ်”
ဟုပြောသည်။
အောက်တိုဘာလ၂၆ ရက်နေ့က ရန်ကုန်တိုင်း
မြောက်တဂုံမြို့ ပင်လုံခန်းမတွင်ကျင်းပသော အလုပ်သမားဝန်ကြီးဌာ နနှင့် အေဂျင်စီများ အစည်းဝေး ကျင်းပစဉ်
Lovely World Sevices Co,Ltd မှ ဒေါ်ချိုချိုစမ်း
က၊ ဦးကျော်သောင်း
အား ဂုဏ်သိက္ခာကျဆင်းအောင် တိုက်ခိုက် ပုတ်ခပ် ပြောဆိုသည့် အသံဖိုင်တစ်ခုအား MAT အဖွဲ့က
လက်ခံရရှိထားကြောင်း သိရှိရသည်။