17 November 2013

လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေးနှင့် လူမှုစီးပွားရေးရာသင်တန်းFEDက သင်တန်းပို့ချ”




နိုဝင်ဘာ ၁၇   မြတ်ညို(အလွတ်သတင်းထောက်)

      ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး   ဖေါင်ဒေးရှင်း FED မှ ထိုင်းရှေ့နေများနှင့် သင် တန်း  ဆရာများက ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသာများအဖွဲ့ MAT နှင့် အလုပ်သမားအချို့တို့အား ၂ ရက်တာသင်တန်း လာရောက်ပို့ ချခဲ့ကြောင်းသိရှိရသည်။ 

သင်တန်းသို့ FED မှ ရှေ့နေများနှင့် ကျွမ်းကျင် သည့် သင်တန်းနည်းပြများ လာရောက် ပို့ချ ခဲ့ခြင်းဖြစ် သည်။ သင်တန်းမှ ပို့ချသည့်လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့် 
အရေးတို့မှာ အသွင်းကူးပြောင်း ခါစ မြန်မာ နိုင်ငံအတွက် တထောင့်တနေရာမှ လက်တွေ့အသုံးဝင်နိုင်ကြောင်း သင်တန်းသား အလုပ်သမားများက ပြောဆိုကြသည်။ သင်တန်းသို့ သင်တန်းသားနှစ်ဆယ်ကျော်တက်ရောက်သင်ကြားခဲ့သည်။