01 November 2013

“ထိုင်းမြန်မာလူကုန်ကူးမှုတိုက်ဖျက်ရေးဆက်ဆံရေးရုံးများဖွင့်လှစ်”



  နိုဝင်ဘာ  ၁   မြတ်ညို(အလွတ်သတင်းထောက်) 
      အောက်တိုဘာ ၃၁ ရက်နေ့က မဲဆောက်နှင့်    မြ၀တီတို့တွင်နှစ်နိုင်ငံ  လူကုန်ကူးမှုတိုက်ဖျက်ရေး ဆက်ဆံ ရေးရုံးများဖွင့်လှစ်ခဲ့သည်။
       နှစ်နိုင်ငံဆက်ဆံရေးရုံးများဖွင့်လှစ်ကြ ရာ၌   မြန်မာနိုင်ငံဘက် အခြမ်းတွင် ကရင်ပြည်နယ်   မြ၀တီမြို့မှ လူကုန်ကူးမှုတိုက်ဖျက်ရေးရုံးတွင် ကျင်းပသည့် အခမ်းအနား၌ ထိုင်းနိုင်ငံဘက်မှ တာ့ခ် ခရိုင်အုပ်ချုပ်ရေး မှူး၊ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး၊ တာ့ခ်ခရိုင် လ၀က ဦးစီးမှူး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန တာ့ခ်ခရိုင် ညွှန်ကြားရေးမှူး စသည့် အရာရှိကြီးများ တက်ရောက်ခဲ့ကြ သည်။  


 မြန်မာနိုင်ငံဘက်မှ လူကုန်ကူးမှုတား ဆီးနှိနင်းရေးတပ်ဖွဲ့မှူး ရဲမှူးချုပ် ၀င်းနိုင်ထွန်း၊ ကရင်ပြည်နယ် အစိုးရ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်၊ လူမှုရေးဝန်ကြီး ဦးချစ်လှိုင်၊ မြန်မာနိုင်ငံ မြန်မာနိုင်ငံ မြ၀တီခရိုင် လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် မြ၀တီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး အောင်မြင့် (မြန်မာနှင့်ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး ၂ နိုင်ငံဆက်ဆံရေး ပူးတွဲကော်မတီ ဥက္ကဌ) စသည့် အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
             ရဲမှူးချုပ် ၀င်းနိုင်ထွန်း က လူကုန်ကူးခံရတဲ့လူတွေကို ပြန် လည်ပို့ဆောင် တဲ့အခါ အခြားဖမ်း ဆီးပြန်ပို့ခံရသူတွေနဲ့ အတူတူပြန်ပို့ခြင်းထက် သီးခြားစီပို့ဆောင်ေ ပးစေလိုပါတယ်။ သူတို့တွေရဲ့ အခွင့်အေ ရးတွေကို အထူးဂရုစိုက်ရပါမယ်။ သူတို့   နောက်ထပ်လူကုန်ကူးမခံရဖို့အတွက် အထူးအရေး ကြီးပါတယ်။ နယ်စပ်မှာ ခုလို ဖွင့်လှစ်လိုက်ခြင်းအားဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အယင်ကထက် ဆထက် တပိုးေ ဆာင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဖွင့်ပွဲမိန့်ခွန်းတွင် ထည့် သွင်းပြောဆိုသည်။
      ယမန်နှစ်က  ကော့သောင်းမြ၀တီနှင့်မယ်ဆိုင်တာချီလိတ်တို့တွင်ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရှိရသည်။ 
ထိုင်းနိုင်ငံ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေး    ၀န်ကြီးဌာန တာ့ခ်ခရိုင်ညွှန်ကြားရေးမှူးက ကျနော်တို့ ၂ နိုင်ငံကြားမှာ ဖြစ်ပျက်နေတဲ့ လူကုန် ကူးမှု တွေကို ပူးပေါင်းတိုက်ဖျက် နိုင်ဖို့အတွက် ဖြစ် ပါတယ်။ ဒီလိုပူးပေါင်းတိုက်ဖျက်ကြတဲ့ နေရာမှာ သတင်းအချက်အလက် ဖလှယ်ကြဖို့၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြဖို့၊ဒီထက်မက ရှေ့ဆက်ပူး   ပေါင်းဆောင်ရွက်သွာရမယ့်ပတ်ဝန်း ကျင်ကောင်း   တွေ ပိုမိုဖန်တီး သွားကြဖို့ မျှော်လင့်ပါတယ်ဟု   နူတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP အဖွဲ့၏  မြန်မာနိုင်ငံဆိုင်ရာ ညွန်ကြားညှိနှိုင်းရေးမှူး   ဒေါ်ဥမ္မာအိအိချော က မြန်မာတွေဟာ ကိုယ့်နိုင်ငံ မှာ အလုပ်အကိုင်တွေ မရှိသေးခင်တော့ အဆင်ပြေ မယ့်နိုင်ငံတွေကို ဆက်လက်ထွက် ခွာနေကြဦး မှာဖြစ် တယ်။ မထွက်နဲ့လို့ မတားဆီးနိုင်ပေမယ့် ပြည်ပကို ထွက်ခွာမယ်ဆိုရင် သိသင့်သိထိုက်တာလေးတွေ၊    လေ့လာ သွားဖို့လိုပါမယ်။ အကူညီတောင်းခံနိုင်မယ့် အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေရဲ့ဖုန်းနံပါတ်တွေကို သိသွားဖို့လိုပါမယ် လို့အကြံပြုချင်ပါတယ်” ဟုပြော သည်။