19 November 2013

"၅နှစ်အရွယ် ရခိုင်မိန်းကလေးငယ်တစ်ဦး အသတ်ခံရ"

နိုင်ဝင်ဘာ ၁၉ မြတ်ညို(အလွတ်သတင်းထောက်)
         ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ၏  မြစ် တဘက် ကမ်း ရှိ ကြာညိုပြင်ကျေးရွာ မှ ဦးခင်အောင်+ဒေါ်မိုးမိုးစံ တို့၏သမီး အသက် ၅နှစ် အရွယ် မငယ်ငယ် အား ယမန့်နေ့ညဥ့်က ဘင်္ဂါလီ များ သတ်ဖြတ်ပစ်ခဲ့ကြောင်းသိရှိရသည်။

            ဒေသခံတစ်ဦးက မငယ်ငယ် ၏ ဦးခေါင်းတွင် သံစူးများဖြင့်ထိုး ထားသည့် ဒဏ်ရာ ၂ခုရှိကြောင်း  ရိန်ဂျာရွာမှ ဘင်္ဂါလီများ က ကြာညို   ပြင်ရွာ တွင်ရှိသော ဗီဒီယို ရုံတွင်းသို့ ၀င်ရောက်၍ ဓါးဖြင့် ၀င်ခုတ်သဖြင့် လူအများထွက်ပြေးခဲ့ကြရသည် ဟုဆိုသည်။ သူမ၏ အလောင်းအား ယနေ့နံနက် ပိုင်း တွင် ရွာပြင် လယ်တောစပ် တွင် တွေ့ရှိ ရပြီး ယခု အခါ ဆေးရုံတွင် ဆေးစစ်ချက် ယူနေသည်ဟု သိရ သည်။


             ဖူးခက်မြို့တွင် အလုပ်လုပ်နေသည့် မငယ်ငယ် ၏ အဒေါ်ဖြစ်သူက မူ အဓမ္မပြု ကျင့်ခဲ့ပြီး ခေါင်းဖြတ်သတ်ခဲ့ကြောင်း အဝေးကြားသတင်းကို  ပြောပြသည်။

အချက်အလက် အတိအကျ သိရှိလိုသူများအနေဖြင့်အပေါက်ဝ ရဲစခန်းမှူး ဦးလှမောင် 094 921 9273  နှင့်  ငွေလွှဲဒိုင်ကိုမောင်လှ 094 967 0727  တို့ကို ဆက်သွယ်မေးမြန်းကြပါရန်။