10 November 2013

“မြန်မာသံအမတ်ကြီး ဦးတင်ဝင်း မြန်မာအလုပ်သမားများနှင့်တွေ့ဆုံ”




နိုဝင်ဘာ ၁၀    (မင်းဘခက်)

              ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းနှင့် သံအရာရှိများ မဟာချိုင်မြို့ ဘန်ပါ ရပ်ကွက်တွင်ရှိသော ၀ပ်ပါချိုင်လန်စီ ဘုန်းတော်ကြီးကျောင်း တွင် ဖွင့်လှစ်ထားသည့် အလုပ်သမားစာ သင်ကျောင်းတွင် မြန်မာရွှေ့ ပြောင်းအလုပ် သမားများနှင့် တွေ့ဆုံခဲပြီး အလှူငွေ များပေးအပ်ခဲ့ကြောင်း သိရှိရသည်။
       
ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသားများအဖွဲ့ MAT ၏ ဖိတ်ကြားချက် အရ မြန်မာ သံအဖွဲ့တို့က လာရောက်ခဲ့ခြင်းဖြစ်သည်။  သံအမတ် ကြီး က ပညာရွှေစင် စာသင်ကျောင်း ရံပုံငွေ အတွက် ဘတ်ငွေနှစ်သောင်း  နှင့် MAT အဖွဲ့သို့ ဘတ်ငွေ နှစ်သောင်းလှူဒါန်းသည့်အပြင်  ကျောင်းထိုင်ထိုင်းဆရာတော်
 ဒေါက်တာ မဟာမာန် ကိုလည်း ၀ထ္တုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
        အလုပ်သမားများအား မြန်မာသံအမတ်ကြီးက နုတ်ဆက်စကားပြောကြားရာတွင်
 ပြည်ပသို့ ရောက်ရှိ နေသည့် မြန်မာနိုင်ငံသားဟူသမျှ တရားဝင်သည်ဖြစ်စေ မ၀င်သည်ဖြစ်စေ စောင့်ရှောက်ရမည့်တာဝန် မှာ မြန်မာသံရုံး၏တာဝန်ပင်ဖြစ်ကြောင်း၊ သုံးသန်းထက်မနည်းရှိနေသည့် ရွှေ့ပြောင်းအလုပ်သမားအရေး အတွက်အရ  နေတဓူဝ ပြဿနာအားလုံးတို့ကိုရှင်းပေးနိုင်မည်မဟုတ်သော်လည်း  လိုအပ်သည့် ကိစ္စရပ် များ  အား အချက်အလက်အပြည့်အစုံဖြင့်တင်ပြပါက ထိုင်းပြည်ထဲရေးဝန်ကြီး ဌာနနှင့် အလုပ်သမား ၀န်ကြီးဌာန တို့အား အလျှင်အမြန် အကြောင်းကြားပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“ထိုင်းမှာနေတဲ့အခါမှာ ကိုယ့်နိုင်ငံသားအချင်းချင်း သည်းခံစိတ်နဲ့ပေါင်းသင်း ဆက်ကြရမှာဖြစ်သလို ထိုင်းနိုင်ငံက ပြဌာန်းထားတဲ့ ဥပဒေ တွေကိုလည်းလိုက်နာကြရမယ်။ ငွေစုကြ၊ ပညာရှာကြ၊ မိမိရည်မှန်း ထားသ လောက် စုမိတာနဲ့ မိမိတိုင်းပြည်ကို ပြန်ကြပါ။ မြန်မာနိုင်ငံမှာလည်း အလုပ်အကိုင်အခွင့် အလမ်းတွေဖေါ်ထုတ် နေပြီဖြစ်တာကြောင့် မကြာခင် ကိုယ့်တိုင်းပြည်ကို ပြန်ပြီးအလုပ် လုပ်နိုင်ကြတော့ မှာဖြစ်တယ်။ ၂၀၁၅ ခုနှစ်မှာ လက်ရှိဝင်ငွေထက် ၃ဆတိုးအောင် နိုင်ငံတော်အစိုးရအနေနဲ့ စီစဉ်ဆောင် ရွက်နေကြတယ်။ မကြာ သောကာလမှာ တိုင်ပြည်ဖွံ့ဖြိုးတိုးတက်လာတော့မှာဖြစ်တယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးဟာ တိုင်းပြည် ငြိမ်းချမ်းမှ ဖြစ်မှာဖြစ်တာကြောင့် ယခုဆိုရင် လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နဲ့ အပစ် ခတ် ရပ်စဲရေး သဘောတူညီ ခဲ့ကြပြီးဖြစ်ပါတယ်”  ဟု ရာချီရှိသည့် အလုပ်သမားများ အား ပြောဆိုသွားခဲ့သည်။         
    မဟာချိုင်အလုပ်သမားများက မေးမြန်းကြသည့်  ပတ်စပို့ရှိလျှက်နှင့် ထိုင်းရဲဖမ်းဆီးခြင်းကိစ္စ၊ မဲဆောက်သို့ သွားလျှင် ဂိတ်များတွင် ပိုက်ဆံပေး ရခြင်းကိစ္စ၊ နှင့် လုံခြုံမှုမရှိသည့် ကိစ္စရပ်များအပြင် အလုပ်သမားများ၏ ကလေးငယ်များအတွက် ထိုင်း အစိုးရက တရားဝင်နေထိုင်ခွင့် ဗီဇာမလုပ်ပေး သည့်ကိစ္စရပ်များကိုဖြေကြား ခဲ့သည်။
          “ပုလိပ်ဖမ်းတာတို့ မတရားအနိုင်ကျင့်ခံရ တာ တို့ရှိရင်၊ အချက်အလက်အပြည့်အစုံနဲ့ မှတ်တမ်းမှတ်ရာတွေနဲ့ အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင် နဲ့ တတိယအတွင်းဝန် ဦးထွန်းအေး တို့ဆီကို အကူညီ တောင်းကြပါ။ ကိုကျော်သောင်းတို့  ကူညီစောင့်ရှောက်ကော်မတီဆီကို ပို့ပါ။ အတတ်နိုင်ဆုံး ကူညီ ပေးပါမယ်” ဟု အလေးနက်ပြောဆိုသွားခဲ့သဖြင့် အလုပ်သမားများ အထူးဝမ်းမြောက်ကျေနပ်ကြသည်။
           MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “အစိုးရသစ်လက်ထက်မှာ နိုင်ငံတော်လူကြီးတွေ သာမန်အလုပ်သမားတွေနဲ့ အခုလို နီးနီးကပ်ကပ် ထိတွေ့ ဆက်ဆံလာတာဟာ တကယ့်အပြောင်း အလဲကြီး ဖြစ်ပါတယ်။ ကျနော်တို့လို လူထုအခြေပြု အဖွဲ့အစည်းတွေ၊ အင်ဂျီအိုတွေ ကို သံရုံးထဲကို ဖိတ်ကြားပြီး ကော်မတီဖွဲ့တာတွေ၊ အမှုအခင်းတွေ အတွက် ထိုင်းအစိုးရကိုတင်ပြဖို့လိုအပ်တဲ့ သံရုံး စာရွက်စာတမ်းတွေကို အလျှင်အမြန် ထုတ်ပေး တာတွေဟာ  အထူးလေးစားဖို့ကောင်းပါတယ်။ စနစ်တကျဖြစ်ဖို့အတွက်တော့ အလုပ်သမားအရေး အတွေ့ အကြုံရှိတဲ့ သူတွေ၊ မြန်မာအလုပ်သမားအရေးကို နှစ်ပေါင်းများစွာ လုပ်လာခဲ့ကြ တဲ့ ထိုင်းရှေ့နေကြီးတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ စကားစမြည်းပြောပြီး သူတို့တွေဆီက အကြံပြု ချက်တွေကို ရယူစေချင် တယ်။ မြန်မာသံရုံးမှာ ထိုင်းဘာသာစကား ကျွမ်းကျင်တဲ့ အလုပ်သမားသံအရာရှိ တွေ တိုးခန့်ဖို့လည်း လိုအပ် ပါသေးတယ်” ဟု အကြံပြုပြောဆိုသည်။
              ပညာရွှေစင် စာသင်ကျောင်းမှ ဥက္ကဌ ဦးစောထူး က “ ကျနော်တို့ ကျောင်းဖွင့်စက  မြန်မာ အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင် ကအစစအရာကူညီပေးခဲ့ပါတယ်။ ကျနော်တို့ ကျောင်း ဆက်လက်ရပ်တည်နိုင်ဖို့အတွက် နိုင်ငံတော်အစိုးရက တတ်နိုင်သလောက် အကူညီပေးစေချင်ပါတယ်။ ကျနော်တို့ကျောင်းက ဆရာတွေဟာ ကျောင်းသား မိဘတွေရဲ့ အထောက်အပံ့အနည်းငယ်နဲ့ မလောက် မငရပ်တည်နေကြရတာဖြစ်ပါတယ်” တင်ပြပြောဆိုသွားခဲ့သည်။
      သံအမတ်ကြီး က ကျောင်းထိုင်ဆရာတော် ဒေါက်တာ မဟာမာန်  အား ဖူးမျှော် ဂါရ၀ပြု လျှောက်ထားစဉ် ရာချီ၍ တက်ရောက်သင်ကြားနေကြသည့် ကျောင်းသူကျောင်း သားများ၏ ကျမ္မာရေးနှင့်လုံခြုံရေးတို့အား က  တာဝန် ယူထားကြောင်း မိန့်တော်မူသဖြင့် အားလုံးသာဓု ခေါ်ခဲ့ကြကြောင်း သိရှိရသည်။