21 September 2016

"လူကုန်ကူးခံရသူအားကြိုတင်စစ်ဆေးယူပြီးနေရပ်ပြန်ခွင့်ပြုမှုကို သံအမတ်ကြီးနှင့် MAT အဖွဲ့ကကျေးဇူးတင်"



    

၂၀၁၆ ခု စက်တင်ဘာလ ၂၁ ရက်

မြတ်ညို (အလွတ်သတင်းထောက်)

       ၅နှစ်ကျော်ကြာ လုပ်အားခေါင်းပုံဖြတ်ခံနေခဲ့ရပြီး လူကုန်ကူးခံခဲ့ရသူ မအေးအေးစိုး ၏ အမှုကို စူရတ်မြို့ နယ်တရားရုံးက ၃ပတ်အတွင်း ကြိုတင်ထွက်ဆိုချက်အပြီးသတ်ယူဆောင်၍ ယနေ့တွင် မိခင်နှင့် အတူ ပြန်လည် ပို့ဆောင်ခွင့်ရရှိသဖြင့် အလွန်ဝမ်းသာပီတိဖြစ်ရကြောင်း အကျိုးဆောင် မြန်မာရှေ့နေ ဦးအောင်မျိုးသန့် ကပြောသည်။

         စူရတ်မြို့အာဏာပိုင်များက အခန်းအနားငယ်တစ်ခုပြုလုပ်၍ လူကုန်ကူးခံခဲ့ရသူ မအေးအေးစိုး အား
နယ်ခြားကော်မတီ၊ မြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့်နှင့်မိခင်ဖြစ်သူတို့ထံ ပြန်လည်အပ်နှံခဲ့ခြင်းဖြစ်သည်။
နယ်ခြားစောင့်ကော်မတီက လူကုန်ကူးခံခဲ့ရသည့် မအေးအေးစိုးနှင့်အတူ သက်သေထွက်ဆိုခဲ့သူ မိခင်   ဒေါ်အေးဝင်း၊ တရားခံ ဒေါ်သန်းသန်းဌေး၏ သမီးမ၀ိုင်း (ခ) မဝေတို့ ၃ဦးတို့အား ကော့သောင်းမြို့ ခရိုင် ရဲတပ်ဖွဲ့ မှူးရုံး၊ ကော့သောင်းလူကုန်တားရုံးနှင့် လူမှုဝန်ထမ်းပြန်လည်နေရာချထားရေးဝန်ကြီးဌာန   ကော့သောင်းရုံးတို့မှ တာဝန်ရှိသူများထံသို့ ရနောင်းမြို့တွင် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။


          MAT အဖွဲ့ အကြံပေး မြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့် က" ကျနော်တို့ အဖွဲ့က လူကုန်ကူးခံထား ရသူတွေကို ကယ်ထုတ်ခဲ့ပေမယ့် ကယ်ဆယ်ရေးစခန်းတွေထဲမှာ အမှုရင်ဆိုင်နေရသူတွေအမြောက်အမြား ရှိပါတယ်။


    တကယ်တန်းကျတော့ အခွင့်အရေး တစ်စုံတစ်ရာမရရှိပဲ အချိန်ကုန်သွား တာပဲအဖတ်တင်တယ်။အသက်မပြည့်
တဲ့ကလေးတွေကိုလည်းကိုးလ၊တစ်နှစ် အမှုစီရင်ချက်ချပြီးတဲ့အထိထားတယ်။ ဒီအမှုကို ပူးပေါင်းလုပ်ဆောင် ကြတဲ့ DSI,နယ်ခြားကော်မတီ,ထိုင်းလ၀ကနဲ့ ထိုင်းရဲတပ်ဖွဲ့အကြီးအကဲတွေနဲ့ အစည်းဝေးပွဲမှာ လူကုန်ကူးခံခဲ့ရပြီး နစ်နာ ဆုံးရှုံးမှုတွေကိုတင်ပြပြီးတော့ ကြိုတင် စစ်ချက်ယူပြီး အမြန်ဆုံးပြန်ပို့ ခွင့်ပြုစေ ချင်ကြောင်း ကျနော် တင်ပြတောင်းဆို ခဲ့ပါတယ်။ ဒါကြောင့် ၃ပတ်အတွင်း ကြိုတင်စစ်ဆေးချက်အပြီးယူပြီး လူကို အမှုစစ်ပြီးချင်း ပြန်ပို့တာဟာ ပထမဦးဆုံးပဲ။ ဒါမျိုးပဲဖြစ်သင့် တာပါ။   မြန်မာအစိုးရလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့အနေနဲ့ ဒီနမူနာကိုနောက်လူကုန်ကူးမှုကိစ္စတွေမှာပါ ကျင့်သုံးပေးဖို့ ထိုင်းဘက်ကို နှစ်နိုင်ငံချစ်ကြည်ရေးအရ တောင်း ဆိုနိုင်ရင်တော့ လူကုန်ကူးခံရတဲ့မြန်မာ အလုပ်သမားတွေအတွက် အလွန်ကောင်းမွန်ပါလိမ့်မယ်" ဟုအကြံပြု ပြောဆိုသည်။
                
          ၃ပတ်ကြာကာလအတွင်း လူကုန်ကူးမှုကို စနစ်တကျ စစ်ဆေးမှုများပြုလုပ်ရာ မှုခင်းဆရာဝန်က မအေးအေးစိုးအား မြိတ်မြို့ အင်းလေးမြိုင်အရပ်မှ ထိုင်းနိုင်ငံအတွင်းသို့ ခေါ်ဆောင်လာခဲ့ချိန်တွင် ၁၅နှစ် မပြည့် သေးကြောင်း ထွက်ဆိုခဲ့သည်။ သို့ဖြစ်၍ ၅ နှစ်ကျော်ကြာ လုပ်အား ခေါင်းပုံဖြတ် အမြတ်ထုတ်နေ ခဲ့သည့် ဒေါ်သန်းသန်းဌေး မှာ ပြစ်ဒဏ်ချခံရမှုပိုမိုမြင့်မားနိုင်ကြောင်း၊ ထိုင်းဥပဒေပုဒ်မ-၃၁၈ ဆိုသည်မှာ (အုပ်ထိန်းသူ လက်အောက်မှ တရားမ၀င်ခေါ်ဆောင်သွားခြင်း) အရ တရားခံ မသန်းသန်းဌေး ကို စွဲဆိုထားတာထက် အသက်(၁၅)နှစ် ပြည့်ခြင်း/မပြည့်ခြင်းက ပြစ်ဒဏ်ပေးရာတွင် လွန်စွာလေးနက်ေ ကြာင်း၊ ပြစ်ဒဏ်မှာ (၂)နှစ် မှ (၁၀)နှစ် အထိချမှတ်နိုင်ကြောင်းမြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့် က ရှင်းပြသည်။

         စူရတ်မြို့ Phangan ဟိုတယ်တွင် အလုပ်လုပ်နေသည့် မအေးအေးစိုး သည် မိဘများနှင့် အဆက် အသွယ်အဖြတ်ခံနေရပြီး လုပ်အားကျွန်ပြုခံနေရကြောင်း မြန်မာနိုင်ငံတောင်ပိုင်း မြိတ်မြို့ လူကုန်တားမှ  ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ အကူညီတောင်းခံခဲ့ပါသည်။

          MAT အဖွဲ့က မြန်မာဆောက်လုပ်ရေးအလုပ်သမားတစ်ဦးအကူညီဖြင့် မအေးအေးစိုး အလုပ်လုပ် ကိုင်နေသည့် ဟိုတယ်နှင့် အခြားလိုအပ်သည့် အချက်အလက်များကို ရက်အတန်ကြာ စုံစမ်းခဲ့ရပါသည်။ အချက်အလက်များပြည့်စုံသည့်အခါ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် နှင့် ထိုင်းအစိုးရလူကုန်ကူးမှုတိုက် ဖျက်ရေး အထူးထောက်လှမ်းရေးDSI မှ Mr.Komvich Padhanarath  Chief of Prevention and Suppression Div. 1Anti-Human Trafficking Center , Department of Special Investigation , Ministry of Justice နှင့် အချက်အလက် များပေးပို့၍ အစီအစဉ်များရေးဆွဲခဲ့ကြရသည်။ ထို့နောက် နယ်ခြားစောင့်ကော်မတီအားဆက် သွယ်၍ ဒေသခံလူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲများဖြင့် ၂-၉-၂၀၁၆   နေ့က သူမ အလုပ်လုပ်ကိုင်နေသည့်  စူရတ်မြို့ Phangan ဟိုတယ်မှ ကူညီကယ်ထုတ်ခဲ့ကြခြင်းဖြစ် ပါသည်။

         အယင်ကာလများက  မြန်မာလူကုန်တားတပ်ဖွဲ့ကိုယ်စားလှယ်များနှင့်အတူ ဥပဒေပညာရှင်များ၊ ကုလ သမဂ္ဂလူကုန်ကူးမှုဆိုင်ရာမြန်မာဌာနမှ မြန်မာအရာရှိကြီးများနှင့်  MAT အကြိမ်ပေါင်းများစွာတွေ့ဆုံ ခွင့်ရရှိခဲ့ ပါသည်။ MAT အဖွဲ့က လူကုန်ကူးခံခဲ့သူများ အားကယ်ထုတ်လာပြီးနောက်၊ ကယ်ဆယ်ရေးစခန်း ထဲမှ လူ့ အခွင့်အရေးချိုးဖေါက်ခံရမှုများ၊ နစ်နာဆုံးမှုများတို့အားအထောက် အထားများစွာဖြင့်တင်ပြခဲ့ရာ ၎င်းတို့က ထိုင်း တွင်ကျင့်သုံးနေသည့် ဥပဒေအား မည်သို့လုပ်ပေးပါဟူ၍ တောင်းဆိုခွင့် မရှိကြောင်း သာ ပြန်လည်တုန့်ပြန်မှုကိုသာရရှိခဲ့ပါသည်။

     
    ယခုဖြစ်စဉ်တွင် မြန်မာဥပဒေပညာရှင် မြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့် ၏ ကျွမ်းကျင်ပါးနပ်မှုဖြင့်
အသက်မပြည့်သေးသည့် လူကုန်ကူးခံခဲ့ရသည့် မအေးအးစိုး အား ၃ပတ်အတွင်း ကြိုတင်စစ်ဆေးချက်ယူ   ဆောင်ပြီး ပြန်လည်ပို့ဆောင်နိုင်ခဲ့ခြင်းမှာ လုပ်ကိုင်ခွင့်ရှိသူများအနေဖြင့် သမားရိုးကျစဉ်းစားမှုဘောင် အကျဉ်းကိုကျော်လွန်၍ ဥပဒေဘောင်အတွင်းမှ ရသင့်ရထိုက်သည်ကိုရရှိအောင် စွမ်းဆောင်နိုင်ခွင့်ရှိကြော င်း ပြယုဒ်ဖြစ်ကြောင်း MAT အဖွဲ့ဒါရိုက်တာဦးကျော်သောင်း က မှတ်ချက်ပြုသည်။

        မအေးအေးစိုးသည် ယခင်လေးငါးနှစ်လုပ်အားခအတွက် မရရှိခဲ့သော်လည်း သူမ၏ တစ်လစာလုပ် အားခနှင့် ဟိုတယ်ပိုင်ရှင်က မုန့်ဖိုးအဖြစ်ပေးအပ်ငွေစုစုပေါင်း ဘတ်ငွေ ၁၈,၀၀၀ ရရှိသွားခဲ့ကြာင်း သိရှိ ရသည်။