10 September 2016

"ပေါင်းစားကြတဲ့ ရာဇ၀င်"

" တိုင်ပြည်နဲ့အလုပ်သမားအကျိုးရှေ့ရှု၍အထောက်အထားများကို ရွှေလုပ်သားမှ တင်ပြခြင်းဖြစ်ပါတယ်"





                                                      
                                                  "ပေါင်းစားခဲ့တဲ့ရာဇ၀င်"
        ၈.၉.၂၀၁၆ နေ့က ပြည်တွင်းပြည်ပအလုပ်သမားရေးရာကော်မတီဥက္ကဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီး NLD အမတ် ဦးကျော်ထွေး က အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူအင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ကို ခေါ်ယူစစ်မေးတယ်ဆိုတဲ့ သတင်းတစ်ခုဖတ်ရတယ်။ လူထုရွေးချယ်တင်မြှောက်ထားတဲ့အစိုးရ လွှတ် တော်က အခုလို   ပြုလုပ်ခြင်းကို အလုပ်သမားထုကြီးတစ်ရပ်လုံးက ၀မ်းပန်းတသာကြိုဆိုကြပါတယ်။

          မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF က အလုပ်သမားခေါ်စာ Demand Latter ထုတ်ပေး စရာမလိုတော့ဘူးဆိုပြီး ၂၀၁၆ သြဂုတ်လ ၂၃ ရက်နေ့က အ.လ.ည က စာထုတ်ခဲ့တယ်။ မသိသူတွေအနေနဲ့ အလုပ်သမားတွေ အပေါ်မှာ သနားညှာတယ်လို့ ထင်ကောင်းထင်ကြမယ်။ MOEAF ကအလုပ်သမားတစ်ယောက်စီ ဆီ ကနေ ကျပ်ငွေတစ်ထောင်စီ   ကောက်ခံထားလိုက်ပြီးဖြစ်တာမို့ ကျပ်ငွေ သိန်းပေါင်းလေးထောင်ကျော်ရှိနေပြီဆိုတာ သူတို့ ရဲ့လချုပ်စာရင်းကိုကြည့်ခြင်းအားဖြင့် သိသာပါတယ်။

           လိမ်လည်ထားတဲ့လချုပ်စါရင်းမှာ အ.လ.ည ကိုပေးရတဲ့ပိုက်ဆံကို ဘယ်လိုစာရင်းပြထားသလဲ? MOEAF ရုံးချုပ် အခန်းခ တစ်လကို ကျပ်ငွေ ၁၀သိန်း၊ သင်တန်းကျောင်းအတွက် တစ်လကို ကျပ်ငွေ ၁၀သိန်း ပေးတာတွေ အလုပ်သမား ၀န်ကြီးဌာန   ငွေစာရင်းထဲကိုဝင်ရဲ့လား? ? ? .........................
    

   


  မလေးရှားဖုန်းဆင်းမ်ကဒ်ကိစ္စ၊ ထိုင်းဖုန်းဆင်းမ်ကဒ်ကိစ္စတို့ကို အ.လ.ည နဲ့ MOEAF တို့ ဘယ်လိုပေါင်းစားခဲ့ကြ တယ်ဆိုတာ   နိုင်ငံတော်လူကြီးတွေသိရှိအောင်တင်ပြပေးပါမယ်။ ပထမ အနေနဲ့. ထိုင်းနိုင်ငံကိုသွားကြမယ့် အလုပ်သမား တွေကို ဆင်းကဒ် နဲ့ ငွေဖြည့်ကဒ်တွေ ရောင်းချနိုင်ရေးအတွက် ဘန်ကောက်အလုပ်သမားသံအရာရှိနဲ့နီးစပ်တဲ့ပွဲစား သန်းဝင်းလှိုင် ဆိုသူက ယခင် အလုပ်သမားဝန်ကြီး ဦးအေးမြင့် နဲ့တွေ့ဆုံ ထောက်ခံစာယူပြီး ညွန်ချုပ်နဲ့တွေ့ဆုံ၊ လုပ်ကိုင် ခွင့်တွေရယူခဲ့တယ်။ ထိုင်းနိုင်ငံသို့ တစ်လကို အလုပ်သမား ၉,၀၀၀ လောက် ထွက်ခွာနေတာကို၊ ဒီလုပ်ကိုင်ခွင့် ထောက် ခံချက်တို့ရအောင် ဘယ်လောက် ရင်းနှီးခဲ့မလဲဆိုတာ အားလုံးသဘောပေါက်ကြမှာပါ။ 

           သူတို့တွေနဲ့ မပြီးပြန်ဘူး။ ၀န်ကြီးတို့ မြှောက်စားထားလို့ တန်ခိုးထွားနေတဲ့ MOEAF ဂိုဏ်းချုပ်တွေနဲ့ ပြေလည် အောင်   တွေ့ဆုံဖို့ ပွဲစား သန်းဝင်းလှိုင် ကြိုးစားရတာ အဆင်မပြေလို့ နေပြည်တော်က အဘတွေဆီကို အပူကပ်ရတယ် လို့သိရတယ်။ MOEAF ဂိုဏ်းချုပ်တွေကိုတွေ့ဆုံဖို့ဆိုတာ နေပြည်တော်က အဘ၀န်ကြီးတွေနဲ့ တွေ့ဆုံရဖို့ထက် ခက်ခဲတယ်၊ နေပြည်တော်က အဘတို့ရဲ့ ဖိအားကြောင့်သာ တွေ့ခွင့်ရတာလို့ ပွဲစားသန်းဝင်းလှိုင် နဲ့နီးစပ်သူတွေကပြောပြတယ်။ 


        သုံးကြိမ်သုံးခါတွေ့ဆုံညှိနှိုင်းခဲ့ကြပေမယ့် လက်မှတ်ထိုးကြမယ့် ဟိုတယ်မှာ ဦးမျိုးအောင် နဲ့ဦးဝင်းရှိန်တို့ တက်ရောက်မှာမို့ လက်မှတ်မထိုးချင်လည်း သူတို့ရှေ့မှာပြောဆိုပြီး အချေအတင်ဖြစ်ခဲ့ရတယ်။



         MOU သဘောတူညီချက် လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ ဆင်းကဒ် အရောင်းဆိုင်ဖွင့်ပွဲကို မြောက်ဒဂုံ ပင်လုံခန်းမမှာ ကျင်းပခဲ့ကြပါတယ်။ ထိုင်း နဲ့မလေးရှားကို ဆင်းကဒ်ရောင်းချဖို့ အတွက်အခန်းကို ရက်ရက်ရောရောပး ခဲ့တာကိုလည်း စဉ်းစားစရာဖြစ်ပါတယ်။ဒီဖွင့်ပွဲအခန်းအနားမှာ ပွဲစား သန်းဝင်းလှိုင် က ဆင်းမ်ကဒ် တစ်ကဒ် ရောင်းရတိုင်း ကျပ်ငွေ ၅၀၀စီ MOEAF ကိုပေးမယ်လို့   ပြောခဲ့ပါတယ်။ ပွဲစားများအဖွဲ့ချုပ် MOEAF ကိုတောင် မှ   ဒီလို   ပေးမယ်လို့ ပြောရင် အ.လ.ည ကိုကော မပေးပဲနေပါ့မလားလို့ စဉ်းစားရပါမယ်။

          ဒါ့အပြင် ထိုင်းကိုသွားရောက်အလုပ်လုပ်ကြမယ့် အလုပ်သမားတွေ အ တွက် အာမခံကြေးဘတ်ငွေ ၅၀၀ (ကျပ်ငွေ ၁၅,၀၀၀) စီကောက်ခံတဲ့ကိစ္စ   တွေမှာကော ခွဲတမ်းဘယ်လိုရှိကြမလဲ၊ ဧရာမ အကျိုးစီးပွားကြီးတွေပါ လားနှော်။


      ဒုတိယ. ..  မလေးရှားဆင်း ကဒ်ကိစ္စ လည်း MOEAF နဲ့ MOU ထိုးရပါ တယ်။ MOEAF ကို ကော်မရှင်ပေးရပါတယ်။ အ.လ.ည ကို ကော မပေးပဲရပါ့ မလား?။ အလုပ်သမားဝန်ကြီးဌာန အပြောကတော့ ပြည်ပကိုထွက်ခွာမယ့် အလုပ်သမားတွေ အဆင်ပြေ စေဖို့ ဖုန်းကဒ်တွေမဖြစ်မနေ၀ယ်ကြဖို့၊ အာမ ခံတွေ လုပ်ကြဖို့စာထုတ်ပြီးညွန်ကြားတယ်။ ပင်လုံခန်းမမှာ ကျပ်ငွေ ၃,၀၀၀ နဲ့ မြ၀တီေ ကျာက်လုံးကြီးစခန်းမှာ ဘတ်ငွေ ၁၀၀ (ကျပ်ငွေ ၃,၀၀၀) နဲ့ရောင်း တဲ့ဆင်းမ်ကဒ်တစ်ခုကို ထိုင်းနိုင်ငံသုံးငွေ ၄၅ ဘတ်ပဲပေးရပါတယ်။ထက်ဝက်   ကျော်မြတ်တဲ့အပိုင်စီးပွားရေးဖြစ်ပါတယ်။
          


       ဆင်းကဒ်နဲ့အသက်အာမခံကြေးရောင်းလို့ ဘယ်သူအကျိုးအမြတ်ရှိသလဲ။ ရောင်းလိုက်တဲ့ ဆင်းကဒ်တွေ ထိုင်းနဲ့ မလေးရှားမှာ အမှန်တကယ်သုံးလို့ရရဲ့လား။ ဒီနေရာမှာ အထူးစိတ်ဝင်စားစရာကောင်းတာက (၁) ဒီဆင်းကဒ်တွေကို တရားဝင်ရောင်း ချခွင့်ရှိသလား?၊ (၂) ဒီဆင်းကဒ်တွေ တရားဝင်သွင်းလာတာလား?၊ (၃) မြန်မာ့ဆက်သွယ်ရေးကကော ခွင့် ပြု သလား? ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့က ထုတ်လုပ်တဲ့ ၎င်းနိုင်ငံတွေမှာ အသုံးပြုမယ့် တရားမ၀င်တင်သွင်းလာတဲ့ ဆင်း ကဒ်ေ တွကို MOEAF က ဘာ့ကြောင့် တရားဝင် MOU ထိုးပြီး ကော်မရှင်ယူပြီးခွင့်ပြုရသလဲ?  ဒီလုပ်ရပ်တွေဟာ တိုင်းတပါးမှာ အလုပ်သွားလုပ်ကြမယ့် ရွှေ့ပြောင်းအလုပ်သမားတွေအပေါ်မှာ MOEAF နဲ့ အ.လ.ည  က တာဝန်ရှိသူတို့ မိမိတို့ အာဏာပါဝါကို အသုံးချပြီး ကိုယ်ကျိုးရှာအမြတ်ထုတ်ကြတဲ့လုပ်ရပ်မဟုတ်ဘူးလား။

     စနစ်ဆိုးရဲ့အမွေကို ခံစားနေကြရတဲ့ မြန်မာနိုင်ငံသားတွေဟာ ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေမရှိ တာကြောင့်    ပြည်ပကိုထွက်ခွာအလုပ်လုပ်ကြရတာဖြစ်ပါတယ်။ 


မဖြစ်သာလို့ထွက်ခွာအလုပ်လုပ်ကြရမယ့် မြန်မာနိုင်ငံသား တွေအပေါ်မှာ  အလုပ်သမားဝန်ကြီးဌာနဟာ အကူညီပေးရမယ့်အစား ပွဲစားများအဖွဲ့ချုပ် MOEAF နဲ့ ပေါင်းပြီး အမြတ် ထုတ်ခဲ့မှုတွေကို ပြန်လည်စိစစ် အရေးယူသင့်ပါတယ်။
 
          နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင်   ဒေါ်အောင်ဆန်းစုကြည် က"ရွှေ့ပြောင်းအလုပ်သမားများ အပေါ်   ခေါင်းပုံဖြတ်တဲ့ လူပုဂ္ဂိုလ်တွေနဲ့အဖွဲ့အစည်းတွေ အပေါ်မှာ ဥပဒေအရပြင်းပြင်းထန်ထန်အရေးယူမယ်" လို့ ဘန်ကောက်သံရုံးအစည်းဝေးမှာ ပြတ်ပြတ်သားသားမိန့်မှာကြားခဲ့တဲ့စကားနဲ့ လက်ရှိ MOEAF နဲ့ အ.လ.ည က အကျင့်ပျက်တွေနဲ့ ကွက်တိတိုးနေပါပြီ။

          ခါးသီးနာကျည်းဖွယ်ခေတ်ဆိုးတစ်ခုကလွတ်မြောက်ချင်ခဲ့ကြတဲ့၊ ခေတ်တစ်ခေတ်ကို မြည်းစမ်းချင်နေခဲ့ကြတဲ့ သန်းငါးဆယ်   ကျာ်မြန်မာနိုင်ငံသားတွေဟာ "NLD ပါတီရဲ့ပြောင်းလဲချိန်တန်ပြီ" ရေအလျဉ်မှာ စီးနင်းမျောပါ ပုံဖေါ်ခဲ့ကြ ပြီး။ အရာရာနောက် ကျနေခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ ပွဲစားတွေပေါင်းပြီး ဖွဲ့ထားတဲ့ MOEAF လို တရားဝင်ခေါင်းပုံဖြတ် အမြတ်ကြီးစား၊ အနိုင်ကျင့် ဗိုလ် ကျ တဲ့အဖွဲ့အစည်းမျိုးနဲ့ လုပ်ကိုင်ခွင့် အာဏာကို အလွဲသုံးစားလုပ်ပြီး တိုင်းတပါးမှာပင်ပန်း ဆင်းရဲစွာနဲ့ အလုပ်လုပ်ကြရမယ့်မြန်မာ   နိုင်ငံသားတွေအပေါ်မှာ ငဲ့ညှာရကောင်းမှန်းမသိပဲ ကိုယ့်ကျိုးရှာနေကြတဲ့ အ.လ.ည  က အကျင့်ပျက်ဝန်ထမ်းဆိုးတွေကို အမေစုရဲ့ အမှာစကားအတိုင်း ထိထိရောက်ရောက် အရေးယူချိန်တန်ပါပြီ။

                                                         မောင်ကံ (ရန်ကုန်မြို့) 
.................................................................................................................................................................



https://soundcloud.com/golden-workers/mat-1 အာမခံကြေးနဲ့ ဖုန်းဆင်းကဒ် ရောင်းချသူကိုယ်စားလှယ်အသံ

MOEAF လချုပ် ငွေစါရင်းမှာ အလည ကို MOEAF ရုံးချုပ်ငှါးရမ်းခ ကျပ်ငွေ ဆယ်သိန်း မပါတာကို ဂရုပြုပါ။