10 September 2016

"ဖမ်းဆီးခံမြန်မာအလုပ်သမား၅ဦးကို MATကူညီ"





၂၀၁၆  စက်တင်ဘာ ၁၀
ဆန်းဦး

    ကန်ချနဘူရီခရိုင်၊ ထမကာမြို့နယ်၊ ဆန်နခေါ့နယ်မြေ ခွန်မော်ပြောင်းဖူးရုံ မှ မြန်မာအလုပ် သမား ၅ဦး တို့ကို ထိုင်းအာဏာပိုင်များကဖမ်းဆီးခံထား ခဲ့ရသည်ကို MAT အဖွဲ့ကလွတ်မြောက်   အောင် ကူညီပေးခဲ့သည်။

         ယမန်နေ့ နံနက်က ထိုင်းအာဏာပိုင်များက နေထိုင်အလုပ် လုပ်ကိုင်ခွင့်မရှိဟုဆိုကာ ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ အလုပ်သမားများ၏ နေထိုင်အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ဘတ်ကဒ်များ ကို ပွဲစားက သိမ်းဆည်းထားခဲ့သည်။ သက်ဆိုင်ရာ အာဏာပိုင်များကို MAT ရုံးတာဝန်ခံ ကိုစိုင်းအေးက ရှင်းလင်းပြောပြ၍ အကူညီတောင်းခံခဲ့သဖြင့် လွတ်မြောက်လာခဲ့ကြခြင်းဖြစ်သည်။ 

အလုပ်သမား မောင်နိုင် က"ထိုင်းပွဲစားတစ်ယောက်က အလုပ်သွင်းပေးတယ်။ တစ်လကို ဘတ်တစ်ထောင် စီ ယူတယ်။ ကျနော်တို့ကပြောတယ်။ အလုပ်စမတ်ခ ဘတ်နှစ်ထောင်ရင်လည်းနှစ်ထောင်ယူပါဆိုတော့ ပွဲစားကလက်မခံဘူး။ ကျနော်တို့လုပ်နေသမျှ လတိုင်း တစ်ယောက်ကို ဘတ်တစ်ထောင်စီဖြတ်ယူမယ်။ ဘတ်ကို လည်းသိမ်းထားတယ်။ မကျေနပ်ရင်ကြိုက်တဲ့နေရာသွားတိုင်လို့ပြောတယ်။ MAT အဖွဲ့ကို အကူ ညီတောင်းတော့ အခု ဘတ်လည်းပြန်ရပါပြီ၊ ကျေးဇူးတင်ပါတယ်" ဟုပြောသည်။

ပြန်လည်လွတ်မြောက်လာသူများမှာ မောင်နိုင်၊ လေးနိုင်၊ သန်းနိုင်၊ မစုစုမွန်၊ မနှင်းအိလွင် တို့ ဖြစ်ပါသည်။
MAT အဖွဲ့ ရုံးတာဝန်ခံ ကိုစိုင်းအေး က "ကျနော်က ဒီအလုပ်သမားတွေကို ထမကာ ဆ၀ါဒီကန်ကို သွားခိုင်း တယ်။ ဆ၀ါဒီကန်က သွားဖို့ လာဖို့ စာရွက်လုပ်ပေးလိုက်တယ်။ ပြန်လာတော့ လမ်းမှာထိုင်းအာဏာ ပိုင်ေ တွ ဖမ်းတာကိုခံခဲ့ရတာပါ။ ကျနော်တို့ အချိန်မီလိုက်လို့ ကံကောင်းသွားတာပါ။ မဟုတ်ရင် အလုပ်သမားေ တွ ထောင်ကျမယ်။ နယ်စပ်ပြန်ပို့ခံရမယ်။ ခုတော့ သူတို့ ပတ်စပို့ပါရသွားပြီ" ဟုပြောသည်။