၂၀၁၆ ခု စက်တင်ဘာလ ၁၈
မြတ်ညို (အလွတ်သတင်းထောက်)
ပါဖက်အေဂျီမှ တင်သွင်းထားသည့်အလုပ်သမား ၂၆ဦးတို့အား
အဓမ္မပြန်ပို့ခံရကြောင်း အလုပ်သမားများက ပြောသည်။
မိန်းကလေး၉ဦးနှင့်အမျိုးသား၁၇ဦးတို့ကစားစရာမရှိသဖြင့်ယခင်သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြသည့်၇၅ရာခိုင်နုန်း ငွေများကို
ထုတ်ပေးရန်
ပြောဆိုခဲ့သဖြင့် ရဲကားများကို ပွဲစားများကခေါ်ယူ၍ ခြိမ်းခြောက်၍ အဓမ္မပြန်ပို့ခြင်း
ခံခဲ့ရကြောင်း ၊ အလုပ်သမားသံအရာရှိများကလည်း ပြေလည်အောင် မဖြေရှင်းပေးခဲ့ကြောင်း အလုပ်သမားများကပြောသည်။
အလုပ်သမား ကိုမင်း က"ကျနော်တို့တွေကို အုပ်စုခွဲလိုက်တယ်။
နေရာပေါင်းစုံကို ပို့ပစ်တယ်။ ကျနော်တို့ ၂၆ ယောက် ကို န၀နခွန်မှာရှိတဲ့ TPF
လို့ခေါ်တဲ့ အရောင်ချွတ်တဲ့အလုပ်ရုံတစ်ခုက ပို့ပါတယ်။ ကျနော်တို့ ၁၁.၉.၂၀၁၆ နေကမှစ လုပ်ရတာပါ။ ၃ရက်လုပ်ပါတယ်။ စားစရာမရှိတော့တဲ့အတွက် ပါဖက်ကုမ္ပဏီပိုင်ရှင် ဦးကိုဦး ကို
စားစရိတ်ထုတ်ပေးဖို့ ပြောတော့ ဘတ် ၁၀၀ ပေးတယ်။ ကျနော်တို့က အလုပ်သမားသံအရာရှိနဲ့
စာချုပ်ချုပ်ထားတဲ့ တစ်နေ့ကို ၂၂၅ ဘတ် ကိုပေးပါ။ ရက္ခာ ၀ယ်ထားချင်တယ် လို့ပြောတယ်။
သူက မင်းတို့ပြန်ချင်ပြန်လို့ပြောတော့ ကျနော်တို့ကလည်း စားစရာမရှိတော့ အလုပ် မဆင်းနိုင်ဘူးပြောလိုက်တယ်။
သူတို့က ရဲကားကိုခေါ်ပြီးခြိမ်းခြောက်တယ်။ ကျနော်တို့အခု မြ၀တီနယ်စပ်ကိုရောက်လာပြီ"ဟုပြောသည်။

နှစ်နိုင်ငံသဘောတူညီချက်
MOU
အလုပ်သမား ၂၇၆ ဦးတို့အား ပါဖက်ကုမ္ပဏီက ပြီးခဲ့သည့် ဇူလိုင်လ
၁၃ ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့အနီး၊ စမုတ်စာခွန်ခရိုင်၊ ကထုန်ဘန်မြို့နယ်၊
အုန်းနွဲ့ရပ်ကွက်သို့ တင်သွင်းလာခဲ့သည်။သို့ရာတွင် တစ်လေ ကျာ်ကြာလာသည့်ကာလအတွင်း
အလုပ်သမား ၅၀ဦးခန့်သာ အလုပ်သွင်းပေးနိုင်ခဲ့သည်။ ပါဖက်ကုမ္ပဏီဖြင့်အလုပ်သမားတင်သွင်း လာသည့် လက်ပွား မောင်မောင် ဆိုသည့် ပွဲစားက
အလုပ်သမားများထိုနေရာသို့ ရောက်ရောက်ချင်း အသုံးအဆောင်မျာဝယ်ယူရန် အတွက်ဟုဆိုကာ
အလုပ်သမားများထံကတစ်ဦးကို ဘတ်ငွေ တစ်ထောင်စီ ကောက်ခံထားကြောင်း အလုပ်သမားများကပြောသည်။
သြဂုတ်လ ၁၃ ရက်နေ့က အလုပ်သမားသံအရာရှိ ဦးအောင်ကိုသန်းနှင့် ပါဖက်ကုမ္ပဏီ တာဝန်ရှိသူ ဦးကိုလေး က နောက်အကျဆုံး ၉လပိုင်း ၁ရက်နေ့ အလုပ်ရမည်။ သြဂုတ် လ ၁၆
ရက်မှစပြီး အလုပ် မရလျှင် တစ်နေ့ဘတ် ၃၀၀ ၏ ၇၅ ရာခိုင်နုန်း ဖြစ်သော ၂၂၅ ဘတ် ပေးမည်။
တစ်ပတ်တစ်ကြိမ် ရှင်းပေးမည်။ အလုပ်မလုပ်မီကာလအတွင်းရေ၊မီး၊အခန်းခလုံးဝ မယူကြောင်းအလုပ်သမားသံအရာရှိရှေ့မှောက်တွင်ခံ ၀န်ကတိပြု လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထိုသဘောတူညီ ချက်များဖြစ်မလာသဖြင့်
အလုပ်သမားများမှာမထူး ဇာတ်ခင်း၍ ယနေ့နံနက်ပိုင်းက သံရုံးအနားသို့
သွားရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း အလုပ်သမားတစ်ဦး ကပြောခဲ့သည်။
MAT
အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က "MOU စနစ်ကောင်းတစ်ခုကို
အကျင့်ပျက်ဝန်ထမ်းတွေနဲ့ သိက္ခမရှိတဲ့ပွဲစားတွေ

ထိုင်းနိုင်ငံ နေရာအနှံ့အပြားတို့တွင်
MOU ဖြင့်ရောက်လာခဲ့ပြီး အလုပ် အကိုင် မရှိပဲ ဘ၀ပျက်နေကြရသည့်အလုပ် သမာပေါင်းများစွာ ရှိနေကြောင်း
MAT အဖွဲ့က ပြောသည်။
အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေဆဲဖြစ်သည့် မြန်မာနိုင်
ငံမှ
နေစဉ် ရာပေါင်းများစွာသော မြန်မာလူငယ်များ
ထိုင်းနိုင်ငံအတွင်းသို့ထွက်ခွာလာနေကြဆဲဖြစ်သည်။