20 September 2016

"မြန်မာသူနာပြုတစ်ဦးကိစ္စ သံအမတ်ကြီးဦးဆောင်ကူညီပေး"



                          
၂၀၁၆  ခု စက်တင်ဘာလ ၂၀ ရက်
ဘဦး (ရွှေလုပ်သား)

           မြန်မာနိုင်ငံမှ လူနာပြုစုရန်လိုက်ပါလာသည့် မြန်မာစပါယ်ရှယ်နာစ် တစ်ဦး၏ လုံခြုံမှုအားနည်း   ကြောင်း အကူညီတောင်းခံလာခဲ့ခြင်းကို ဘန်ကောက် မြန်မာသံရုံးမှ မြန်မာသံအမတ်ကြီး ဦးဆောင်မှုဖြင့် MAT အဖွဲ့ က ကူညီဖြေရှင်းပေးနိုင်လိုက်သည်။

           မြန်မာနိုင်ငံ........မြို့မှ လုပ်ငန်းရှင်တစ်ဦး၏ နာတာရှည် မိခင်ဖြစ်သူ ဆေးဝါးကုသခံယူမှုအတွက် ......မြို့ မှ အပြင် စပါယ်ရှယ်နာ့စ်တစ်ဦးကို စက်တင်ဘာလမှ နိုဝင်ဘာလ၂လအတွက် ဈေးနုန်းတစ်ခု သတ်မှတ်၍ ငါးရမ်းလာခဲ့ကြသည်။ ၎င်းတို့သည် စက်တင်ဘာ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ .......... ဆေးရုံကြီးတွင်အတွင်းလူနာအဖြစ် ဆေးဝါးကုသခံယူရန် ရောက်ရှိလာခဲ့ကြခြင်းဖြစ်ပါသည်။


          ယမန်နေ့ကရန်ကုန်မြို့ပြည်ထဲရေးရုံးမှဒုရဲအုပ် သန်းဇော်ဦး ဆိုသူက ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT သို့ အဆိုပါ နာ့စ်အားလူနာရှင်၏သားဖြစ်သူက အဓမ္မပြု ကျင့်ရန်ကြံရွယ်ခြင်းကိုခံရ၍လူနာရှင်တို့ငှါးရမ်းထားသည့်ဟိုတယ်တွင်မနေရဲတော့သဖြင့် တွေ့အောင်ရှာဖွေ၍ မြန်မာနိုင်ငံသို့ ပြန်
လည်ပို့ဆောင်ပေးရန် ဖုန်းဆက်၍ အကူညီတောင်းခံလာခဲ့ပါသည်။


      MAT အဖွဲ့ဒါရိုက်တာဦးကျော်သောင်း ကလည်း   မြန်မာသူနာပြု အမျိုးသမီးငယ်၏ သတင်းအချက်လက် များကို ဒုရဲအုပ်ထံမှ ရယူခဲ့ပြီးနောက် ဘန်ကောက်မြို့ အတွင်း ရှောင်တိမ်းနေသည့် နာ့စ်နှင့် ဖုန်းVIBER ဖြင့် အဆက်သွယ်ရရှိခဲ့ သည်။ ဖြစ်စဉ်အသေး စိတ်တို့ကိုရရှိပြီး အခြေအနေများကို ဆင်ခြင်သုံးသပ်ကာ မြန်မာသံအမတ် ကြီး ဦးဝင်းမောင် ထံသို့ ဆက် သွယ်၍ တင်ပြအကူညီ   တောင်ခံခဲ့ပါသည်။

       MAT အဖွဲ့သားတို့ သည် မြန်မာသူနာပြုဆရာမငယ် ကို ဘန်ကောက်မြို့ ဆူကူဗစ်လမ်း တစ်နေရာ ယမန်နေ့   နေ့လည်ပိုင်းတွင် ရှာဖွေတွေ့ရှိပြီးနောက် မြန်မာသံရုံးသို့  ခေါ်ဆောင်လာခဲ့ကြပါသည်။ MAT အဖွဲ့ သားတို့သည် သံအမတ်ကြီး။ သံမှူးကြီး၊ သံမှူးတို့နှင့် စည်းဝေးတိုင်ပင် ညှိနှိုင်းကြပြီးနောက် သံအမတ်ကြီးက ဆေးရုံမှ   မြန်မာဆရာဝန်ကြီး တစ်ဦးထံသို့ ဆက်သွယ်၍ လိုအပ်သည့် အစီအမံများကို စီစဉ်ချမှတ်ခဲ့သည်။

         မြန်မာသံအမတ်ကြီး ဦးဝင်းမောင် က  "ကျနော်တို့နိုင်ငံသားကို ကာကွယ်စောင့်ရှောက်ဖို့ ကျနော့်မှာ တာဝန်ရှိပါတယ်။ ကိုယ့်နိုင်ငံသားအချင်းချင်း ပြေပြေလည်လည် ညှိနှိုင်းပေးမယ်။ ညှိနှိုင်းလို့မရရင် ဥပဒေအ တိုင်း အမှုဖွင့်ပေးမယ်။ သမီးသဘောထားကိုပြောပါ။ မစိုးရိမ်ပါနဲ့ ကူညီပေးပါမယ်" ဟု ပြောဆိုခဲ့ပါသည်။

     ထို့နောက် လူနာရှင်ရှိသည့် ..............ဆေးရုံသို့ MAT အဖွဲ့နှင့်  မြန်မာသူနာပြုတို့ သွားရောက်၍ ညှိနှိုင်း ဖြေရှင်းနိုင်ခဲ့ကြပါသည်။

  MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က "လူနာရှင်သားက မဖွယ်မရာပြုကျင့်ဖို့ အားထုတ်တယ်လို့ သိရ တယ်။ ကျနော်နဲ့ မြန်မာဆရာဝန်ကြီးအတော့်ကို ညှိနှိုင်းပေးခဲ့ရတယ်။ မြန်မာနာ့စ်တွေ အနေနဲ့ငွေကြေး တစ်ခုတည်းကို ကြည့်ပြီး မြန်မာလူမျိုးစစ်မဟုတ်သူတွေ၊ မိမိတို့နဲ့ ဘာသာမတူ စရိတ်လက္ခဏာမတူတဲ့ သူတွေနဲ့ အနီးကပ်နေရ တဲ့အလုပ်တွေကို လုပ်ကိုင်ဖို့ အထူးစဉ်းစားကြစေချင်ပါတယ်။ အချိန်မရွေးဘ၀ပျက် သွားနိုင်ပါတယ်။ အသက် လည်းသေဆုံးနိုင်ပါတယ်။ နိုင်ငံရပ်ခြားမှာ လုံခြုံမှုအရမ်းအားနည်းတာကြောင့် ပိုပြီးဂရုစိုက်ဖို့လိုပါတယ်။ ကျနော် တို့နဲ့ အလျှင်အမြန်ဆက်သွယ်ရလို့ မိန်းကလေး ကံကောင်းသွားခဲ့တာပါ" ဟုပြောသည်။
Add caption


         သူနာပြုမိန်းကလေး အိမ်ပြန်ရန်အတွက် လေယာဉ်လက်မှတ်ခ ကို သံအမတ်ကြီးက ကုန်ကျခံ၍ MAT အဖွဲ့က လေယာဉ်ကွင်းသို့လိုက်လံပို့ဆောင်ခဲ့သဖြင့် မြန်မာသူနာပြု မိန်းကလေးမှာ ယနေ့ မိသားစု များထံသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီဖြစ်ပါသည်။

         တရုတ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့တွင် လူကုန်ကူးနေရသည့် မြန်မာနိုင်ငံသား အလုပ် သမားများ အနေဖြင့် သက်ဆိုင်ရာ မြန်မာသံရုံးများသို့ အကူညီတောင်းခံနိုင်သကဲ့သို့ ဘန်ကောက်အခြေ စိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့သားများဖြစ်ကြသော။ ဦးအောင်မျိုးသန့် ၀၈၉ ၆၅၂ ၅၆၉၆ - ဦးကျော်သောင်း ၀၈၄ ၆၇၀ ၅၇၂၇ - ကိုစိုင်းအေး ၀၈၀ ၅၈၈ ၅၅၄၈- ကိုသန့်ဇင်ထက် ၀၈၆ ၉၀၅ ၂၄၄၆ - ကိုဘခက် ၀၈၇ ၃၁၂ ၁၁၇၉ -  နှင့် ကိုအောင်ဆန်းဦး ၀၉၀ ၆၆၇၇ ၉၁၃ တို့သို့ ဆက်သွယ် အကူညီတောင်းခံနိုင် ကြောင်းသိရသည်။