01 March 2017

“လိပ်ကျွန်းအမှုအယူခံနောက်ဆုံးအဆင့်ထိတက်မည်”



                             
၂၀၁၇ ခု မတ်လ ၁ ရက်
ရွှေလုပ်သား

     
      သေဒဏ်ချမှတ်ခံထားရသည့် လိပ်ကျွန်းလူ သတ်မှု အယူခံကို အယူခံတရားရုံး ပယ်ချလိုက်ေ ကြာင်း ထိုင်းနှင့်နိုင်ငံတကာသတင်းဌာနတို့ ထုတ်ြ ပန် ချက်အရသိရှိရသည်။

         ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က
 နွန်ထဘူရီတွင်ရှိသော ဘန်ခွန်ထောင် သို့   ကော့စမွေ အမှတ်၈ မှ တရားလိုရဲတပ်ဖွဲ့များေ ရာက်ရှိပြီး ဘာသာပြန်မပါရှိပဲ ၀င်နှင့်ဇော် တို့ကို အမှုကို တတည်ပြုလက်မှတ်ရေးထိုးစေ ခဲ့ကြောင်း သတင်းတွင်ရေးသားထားသည်။ 

       လိပ်ကျွန်းအမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေကြီး ခွန်နခေါ် က  “နောက်ဆုံးတစ်ဆင့်ကျန် ပါသေး တယ်။ အမြင့်ဆုံးတရားလွှတ်တော်ချုပ်ကို အသနားခံတင်ပါအုံးမယ်” ဟုပြောသည်။


          လိပ်ကျွန်းလူသတ်မှုဖြစ်ပွားပြီးနောက် ဘန်ကောက်မြန်မာသံရုံးမှ သံအမတ်ကြီး ဦးဝင်းမောင် ဦးဆောင် ၍ လိပ်ကျွန်းအထူးစုံစမ်းရေးကော်မတီတစ်ရပ်ကိုဖွဲ့စည်း၍ အစွမ်းကုန် ကူညီဆောင်ရွက်မှုပေး ခဲ့သည်။ အလား တူ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသားလွှတ်တော် နာယက ဦးခင်အောင်မြင့် တို့ကလည်း လူအားငွေအား ကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။

        ထို့အပြင် နေပြည်တော်မှ C.I.D ဌာန၊ နိုင်ငံတော် ဥပဒေချုပ်ရုံး တို့နှင့် လိပ်ကျွန်းအထူးစုံစမ်းရေး
 ကော်မတီတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ ထိုင်းရှေ့နေများကောင်စီကလည်း မရပ်မနား ကူးညီေ ဆာင် ရွက်ပေးခဲ့ကြပါသည်။ 

         လူသတ်မှုနှင့်ပတ်သက်ပြီး ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့က ကျူးလွန်ခဲ့ကြောင်း မူလကထွက် ဆိုခဲ့ကြ သော်လည်း နောက်ပိုင်းတွင် ထိုင်းရဲ၏ နှိပ်စက်ဝန်ခံခိုင်းခဲ့မှုကြောင့် ဝန်ခံခဲ့ရခြင်းဖြစ်ကြောင်းနှင့် အမှုကို မကျူးလွန်ကြောင်း ပြန်လည်ထွက်ဆိုခဲ့ကြသည်။ ထို့အပြင် DNA ကျွမ်းကျင့်သည့် ဒေါက်တာဖွန်ထစ် ၏ ထောက်ပြ ချက်များကိုလည်း တရားရုံးက လျစ်လျူရှုခဲ့သည်။ သို့ဖြင့် ကောစမွေတရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ၎င်းတို့ ဦးကို လူသတ်မှု အပါအဝင် ပုဒ်မ ခုဖြင့် အမြင့်ဆုံး သေဒဏ် ပြစ်ဒဏ် များချမှတ်ခဲ့သည်။

     လိပ်ကျွန်း အထူးစုံစမ်းရေးကော်မတီ၏ စုံစမ်းရေးတာဝန်ခံ ဦးကျော်သောင်းက “ကျနော်တို့ ကော်မတီမှာ အခု နိုင်ငံတော်အဆင့် ခေါင်းဆောင်မရှိတော့ဘူး။ အယူခံနောက်ဆုံးအဆင့်ကို နောက်အပတ်မှာ ကျနော် တို့လုပ် ကိုင်ကြရတော့မယ်။ 

       ဒါကြောင့် မြန်မာသံရုံးကတစ်ဆင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ထံသို့ ညနေက စာပို့ လိုက်ပါတယ်။ အမှုနဲ့ပတ်သက်တဲ့ အစီအစဉ်တွေကိုတော့ ကျနော်တို့ ထိုင်းရှေ့နေများကောင်စီနဲ့ ဆက် 
လက်ဆောင်ရွက်နေဆဲဖြစ်ပါတယ်” ဟုပြောသည်။

       လိပ်ကျွန်းအမှုကိစ္စအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဦးခင်ရွှေတို့က ငွေကြေးအချို့လှူးဒါန်းခဲ့ပါသည်။ လိပ်ကျွန်းကော် မတီအနေဖြင့် ငွေကြေးအခက်အခဲများစွာရှိခဲ့ကြသော်လည်း အပြင်မှ အလှူငွေများကို လက်ခံခဲ့ခြင်းမရှိခဲ့ပါ။

 ထိုင်းရှေ့နေများ ကောင်စီသည် ယခုအမှုကိစ္စကို အခကြေးငွေမယူပဲ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။  
  
     မြန်မာသံရုံးမှဖွဲ့စည်းထားသည့် လိပ်ကျွန်းအထူးစုံစမ်းရေးကော်မတီဝင် မဟုတ်သော်လည်း ထိုင်းနိုင်ငံ မဟာချိုင်အခြေစိုက်၊ ဗြိတိန်နိုင်ငံသား အန်ဒီဟော ဦးဆောင်သည့် MWRN အဖွဲ့တို့ကလည်း တတတ် တအားကူညီပေးခဲ့ကြပါသည်။