02 March 2017

"အလုပ်သမားတွေမျှော်လင့်နေကြတဲ့ CI နက်ဖြန်ဖွင့်ပြီ”




၂၀၁၇  ခု မတ်လ ၂  ရက်
မောင်မောင်မြတ်ညို (အလွတ်သတင်းထောက်)
        
       ထိုင်းနိုင်ငံတွင် အလုပ်လုပ် ကိုင်နေသော မြန်မာရွှေ့ ပြောင်း အလုပ်သမားများကို လွတ်လပ်စွာ သွားလာ နိုင်သည့် Certificate of Identity-CI  ကို မနက်ဖြန်တွင်ဖွင့် လှစ်တော့မည်ဖြစ်သည်။ 

        ယမန်နေ့ကစ၍ ထိုင်းအစိုးရက ထုတ်ပေးထားသော ပန်းရောင်ကဒ်ဖြင့် Seven Eleven (7/11) ဆိုင်တွင် မတ်လ ရက်နေ့မှ စတင်၍ ငွေ ၃၁၀ ဘတ် ပေးသွင်း၍ ပြေစာများထုတ် ယူနေ ကြပြီဖြစ်ကြောင်းသိရသည်။

         အလားတူ စခန်းများတွင်
 ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က တည်း က မြန်မာ ၀န်ထမ်းများရောက်ရှိလာ ခဲ့ကြပြီး CI စာအုပ်များစမ်းသပ်ထုတ် လုပ်မှုလုပ်ငန်းစဉ်များအောင်မြင်နေ ပြီဖြစ်ကြောင်း သိရှိရသည်။

အလုပ်သမားတစ်ဦးလျှင် CI ကဒ်ထုတ် ရန်အတွက် Eleven (7/11) ဆိုင်တွင် ၃၀၀ ဘတ်၊ မိမိနေထိုင်ရာခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးတွင် ဗီဇာပြုလုပ်ရန်အတွက် ၅၀၀ ကုန်ကျ မည်ဖြစ် သည်။ ဗီဇာထုတ်ယူ၍ ၁၅ ရက်အကြာ တွင် အလုပ်လုပ်ခွင့်ပါမစ် ပြန်လည်ပြုလုပ်ရန် စာရွက်စာတမ်း အတွက် ၁၀၀ ဘတ်၊ ဆေးစစ်ခ ၆၀၀ ဘတ် စာရွက်စာတမ်းခ ၁၀၀၊စုစုပေါင်း၁၆၀၀ကုန်ကျမည်ဖြစ်ကြောင်း၊ 
အလုပ်ရှင်ပြောင်းပါက ၉၀၀ ဘတ် ထပ်မံ ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။


          ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “နယ်မြေဖြတ်ကျော်ခွင့် စာရွက်စာတမ်းလုပ်ရတဲ့နေရာနဲ့ ဗီဇာခ ၅၀၀ဆိုတာအစိုးရသတ်မှတ်ထားတဲ့ဈေး
  ဖြစ်ပေမယ့် တကယ့်လက်တွေ့မှာ ဒီဈေးနဲ့ ရပါ့မလားလို့ သံသယတော့ဖြစ်မိတယ်။ အလုပ်သမားလူတန်း စား အပေါ်မှာအသက်သာဆုံးအလွယ်ကူဆုံးဖြစ်စေဖို့အတွက်ဆိုရင် CI ထုတ်ပေးနေတဲ့ကာလတွေအတွင်း အလုပ် သမားတွေ သွားလာတဲ့အခါ Eleven (7/11)စာရွက်နဲ့   ပန်းရောင်ဘတ်ကဒ် ပါလို့ရှိရင် နယ်ကျော်ခွင့် စာရွက်လုပ် စရာမလိုပဲ ရဲမဖမ်းဖို့၊ ကြေညာဖို့လိုပါတယ်။ အထူးသဖြင့် CI ထုတ်ပေးတဲ့ စခန်းတိုင်း မှာ ဗီဇာ ကို ပါတစ်ခါတည်း ထုတ်ပေးအောင် မြန်မာအစိုးရက ထိုင်းအစိုးရကို အမြန်ပြောသင့်တယ်။ ဒါတွေဟာ ပွဲစားလက်ထဲကိုအပ်ကြရ မှာမို့ အလုပ်သမားတွေအတွက် ငွေကုန်ကျေးကျများနိုင်တဲ့လစ်ဟာချက်ဖြစ်လို့ပါ”
 ဟုပြောသည်။

         မည်သည့်အစီအစဉ်မဆို ထိုင်းနှင့်မြန်မာအစိုးရတို့အနေဖြင့်  မြန်မာအလုပ်သမားများအပေါ်တွင် ၀န် ထုတ်ဝန်ပိုးဖြစ်စေမည့် ကိစ္စရပ်ဟူသမျှကို နည်းနိုင်သမျှ နည်းအောင် စီစဉ်ဖန်တီးပေးပါရန် MAT အဖွဲ့က  အထူးမေတ္တာရပ်ခံလိုကြောင်းဆက်လက်ပြောဆိုပါသည်။

    
         ထိုင်းနိုင်ငံတွင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ တရား မ၀င်ရောက်ရှိနေသော ဘင်္ဂါလားဒေ့ခ်ျနိုင်ငံသား အမြောက်အမြားရှိပါသည်။၎င်းတို့သည် ထိုင်းအစိုးရ က ထုတ်ပေးထားသည့် ပန်းရောင်ဘတ်ကဒ်များ ကိုင်ဆောင်ထား ကြသည်။

၂၀၁၁ ကာလ ပတ်စပို့ထုတ်ပေးခဲ့ကြစဉ်အခါက  ဘင်္ဂါလီများနှင့် အချို့သော ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံသားတို့သည် ပတ်စပို့ထုတ်ပေးသည့် စခန်းရှေ့တွင် အိမ်ထောင်စုသန်းခေါင်းစါရင်း အတုများကိုအလွယ် တကူ ၀ယ်ယူ၍  မြန်မာပတ် စပို့များထုတ်ယူနိုင်ခဲ့ကြသည်။ 

           MAT အဖွဲ့၏ လေ့လာရရှိချက်များအရ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသားအတော်များများတို့သည် ထိုင်းနိုင်ငံ   တောင်ပိုင်တွင် ပန်းရောင်ဘတ်ကဒ်အမြောက်အမြားလုပ်ကိုင်ထားကြသည်။ ဒုတိယမှာ ဘန်ကောက်နှင့် စမုစာ ခွန်ခရိုင် နှင့် တတိယမှာ မဲဆောက်တို့တွင် အတော်များများပျံ့နှံ့နေထိုင်နေကြသည်။

          မြန်မာနိုင်ငံသားမဟုတ်သည့် သူများကို CI ထုတ်ပေးရန် မြန်မာအစိုးရအနေဖြင့် မည်သို့မူဝါဒများရှိ သည်ကို ကျွနု်တို့မသိရှိရသော်လည်း လက်ရှိ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ကုလားနှင့်တရုတ်တို့
 ငွေ ပေး၍ ကိုင်ဆောင်ထားကြသည့် မြန်မာနိုင်ငံသားကဒ်ပုံစံမျိုးဖြစ်လာမည်ကိုလည်း ကြိုတင် စဉ်းစားပြင် ဆင်ထား သင့်သည်။

         ဘင်္ဂလားဒေ့ခ်ျနိုင်ငံသားအချို့ လှေများဖြင့် ထိုင်းတောင်ပိုင်းကိုရောက်ရှိလာ ခဲ့ကြပြီး မြန်မာနိုင်ငံ ဘုရား သုံးဆူ၊ မြတ၀တီဘက်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်နေကြောင်း ဖမ်းဆီးသတင်း များအရသိရှိ ရသည်။