18 March 2017

“ဘန်ကောက်စစ်သံရုံးဘာသာပြန် ဦးမင်းဆွေ (ခ)စာရေးဆရာ ဇေယျာသိန်း(ထားဝယ်)ကွယ်လွန်”



      
        ရွှေလုပ်သား
၂၀၁၇ ခု မတ်လ ၁၈ ရက်နေ့


    

           ဘန်ကောက်စစ်သံရုံးတွင်  ထိုင်းဘာသာပြန်အဖြစ်၆နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဦးမင်းဆွေ(ခ) စာရေးဆရာဇေယျာ သိန်း(ထားဝယ်) ၏ကြွင်းကျန်ရစ်သည့် ရုပ် ကလာပ်ကို ယနေ့သဂြိုဟ်မည် ဖြစ်ကြောင်းသိရှိရသည်။

         အသက်   ၆၉ နှစ်အရွယ် ရှိပြီဖြစ်သော ဆရာ ဇေယျာသိန်း သည် မြန်မာနိုင်ငံထားဝယ်မြို့မှဖြစ် ပါသည်။ ဇနီးသားသမီးမရှိ၊ လူပျိုကြီးဖြစ်ကြောင်းသိရသည်။ သူသည် ၁၆.၃.၂၀၁၇ ရက်နေ့။ ဘန်ကောက်မြို့ ဒင်းဒဲန်အရပ် နေအိမ်ခန်းတွင် လူကြီးရောဂါဖြင့်ကွယ်လွန်သွားခဲ့သည်။ 

         အလောင်းကို အုန်းနွဲ့ ကထုန်ဘန်နယ်မြေ၊ ဖက်ဆင်လမ်း၊ အုန်းနွဲ့ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ ည ၆နာရီတွင်သဂြိုဟ်မည်ဖြစ်ကြောင်းသိရှိရသည်။


        စာရေးဆရာဇေယျာသိန်း(ထားဝယ်)သည် ထိုင်းနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုသမိုင်း စာအုပ်ကို ၂၀၁၄ ခုနှစ်က မြန်မာ ဘာသာဖြင့် ပန်းဝေေ၀ စာပေကထုတ်ဝေခဲ့သည်။

     ပါလီမန်ဒီမိုကရေစီစာစောင်တွင် တောသားလေးမောင်လူအေး နှင့် ဘကြီးအောင် ကလောင်အမည်တို့ဖြင့် ပင်တိုင်ဆောင်းပါး ရေးသားခဲ့သည်။ 

 ထိုင်းသတင်းစာဆရာမ ၀တ်ထနာ ရေးသားသည့် ထက်ဆင်နဲ့နိုင် ငံရေးအကြောင်းကို မြန်မာဘာသာပြန်ဆို၍ မြန်မာနိုင်ငံတွင် ထုတ်ဝေခဲ့သည်။ထို့အပြင်ထိုင်းသူဌေးတစ်ယောက် အကြောင်းကို လည်း ဘာသာပြန်ထုတ်ဝေခဲ့ပါသည်။

        ဆရာဇေယျာသိန်း (ထားဝယ်) ၏ စွမ်းဆောင်ခဲ့မှုများနှင့် ဖြတ်သန်းမှုမှတ်တိုင်များကို  ရွှေလုပ်သား MAT အဖွဲ့က ရရှိသမျှတင်ပြလိုက်ရခြင်းသာဖြစ်ပါသည်။

အလောင်းကို ထားဝယ်မိတ်ဆွေများ၊ ပါလီမန်ဒီမိုကရေစီပါတီဝင်များနှင့် ရွှေမြန်မာနာမှုကူညီရေးအသင်း က သဂြိုဟ်မည်ဖြစ်ပါသည်။