၂၀၁၇ မတ်လ
၂၆
ရွှေလုပ်သား
ဘန်ကောက်မြို့ဖလန်းဆောင်နယ်မြေ စင်ထရယ် ကုန်တိုက်နောက်ဘက်တွင်ရှိသော
ပန်းခြံထဲတွင် အနားယူနေ သည့် ကရင်အလုပ်သမငယ်၂ဦးတို့အား ထိုင်းရဲကဖမ်း ဆီ၍ေ ငွကြေးတောင်းခံနေခဲ့ရာ
MAT အဖွဲ့ သို့ အကူညီတောင်းခံခဲ့ သဖြင့် ကံကောင်းစွာဖြင့်လွတ်မြောက်လာခဲ့ကြသည်။
အသက် ၁၈ နှစ်အရွယ်
မနန်းယဉ် က “သမီးတို့ပတ်စပို့က ပွဲစားကိုဗီဇာထုဖို့အပ်ထားတယ်။ သမီးတို့၂ယောက် ကိုတော့
MAT အဖွဲ့က ဦးစိုင်းအေးက ပုလိပ်ကိုပြောလို့လွတ်လာတယ်။ နောက် ၆ ယောက် ကိုတော့ ကားပေါ်
တင်ပြီးပုလိပ်က ခေါ်သွားတယ်။ တစ်ယောက်ကိုဘတ်ငွေ ၃၀၀၀ စီတောင်းတယ်” ဟုပြောသည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင် ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့
MAT ၏နိုင်ငံခြားဆက်ဆံရေး တာဝန်ခံကိုစိုင်းအေးက
“ ဦးဇောတိက ကဖုန်းဆက်ပြီးအကူ ညီတောင်းလာတယ်။ ကျနော့် ကိုသိတဲ့ရဲဖြစ်နေတယ်။ အလုပ် သမတွေလည်း
ကိုယ့်လက်မှာ ဘာအထောက်အထားမှမပါပဲ သွားကြတယ်။ ထိုင်းမှာက အထောက်အထားအတိအကျပါတာတောင်ပုလိပ်ဖမ်းစားနေတာ၊ သတိထားကြစေချင်ပါတယ်။ နာစရာရှိရင် ကိုယ်ပဲခံရမှာ” ဟုပြောသည်။