01 March 2017

"အလုပ်သမားဝန်ကြီးဌာနမှ CI လုပ်ငန်းစဉ် သတင်းထုတ်ပြန်"

....................................................................................................

ထိုင်းနိုင်ငံအစိုးရမှ ထုတ်ပေးထားသော ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်ကတ် ခေါ် TR – 38) ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားများအား အထောက်အထားထုတ်ပေးမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် နှင့် လုပ်ငန်းစဉ်များ

 နေပြည်တော် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက် ။

၁။ ထိုင်းနိုင်ငံအစိုးရမှ ထုတ်ပေးထားသော ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်ကတ် ခေါ် TR – 38) ကိုင်ဆောင်ထားသည့် မြန်မာ အလုပ်သမားများအနက် နိုင်ငံသား အထောက်အထားဖြစ်သော နိုင်ငံသားစိစစ်ရေးလက်မှတ်နှင့် အိမ်ထောင်စုစာရင်းတင်ပြနိုင်သည့် မြန်မာအလုပ်သမားများကို နိုင်ငံသား မှန်ကန်ကြောင်း စိစစ်ပြီးပါက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးရှိ သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ဌာနစိတ်၌ သာမန်နိုင်ငံကူးလက်မှတ်များကို ထုတ်ပေးမည်ဖြစ်ပါသည်။



၂။ ထို့ပြင်နိုင်ငံသားစိစစ်ရေးလက်မှတ်နှင့် အိမ်ထောင်စုစာရင်း အထောက်အထား မတင်ပြ နိုင်သော
 မြန်မာ အလုပ်သမားများအား ထိုင်းနိုင်ငံအတွင်း စမုစခွန်(မဟာချိုင်) (၁) နှင့် (၂)၊ စမုပရာကန်၊ မယ်ဆိုင်၊ မဲဆောက်နှင့် ရနောင်းမြို့တို့ရှိ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity – CI) ထုတ်ပေးရေးစခန်းများတွင် ၃-၃-၂၀၁၇ ရက်နေ့မှ စတင် ထုတ်ပေးမည်ဖြစ်ပြီး 7 Eleven ဆိုင်အပါ အဝင် Counter Services ဝန်ဆောင်မှုပေး သော နေရာများတွင် ၁-၃-၂၀၁၇ ရက်နေ့တွင် စတင် ငွေပေး သွင်းနိုင်ပါသည်။

၃။ နိုင်ငံသားအထောက်အထားတင်ပြနိုင်သည့် မြန်မာအလုပ်သမားများအနေဖြင့် အောက်ပါ အတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်-

(က) မြန်မာအလုပ်သမားသည် နိုင်ငံသားအထောက်အထားဖြစ်သော နိုင်ငံသား စိစစ်ရေးလက်မှတ်နှင့် အိမ်ထောင်စုစာရင်းတို့နှင့်အတူ ယာယီနေထိုင်အလုပ်လုပ် ကိုင်ခွင့်လက်မှတ် (ဘတ်ကတ် ခေါ် TR – 38) (ပန်းရောင်ကတ်) ကိုင်ဆောင်၍ 7-Eleven စတိုးဆိုင်များနှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက် မှတ် (Certificate of Identity – CI) စခန်းများသို့ သွားရောက်ရန် မလိုအပ်ဘဲ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးရှိ သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ် သို့ တိုက်ရိုက်သွားရောက်၍ ပူးတွဲ “၁” ပါ “သာမန်နိုင်ငံကူးလက်မှတ် လျှောက်ထားသူ၏ ကိုယ်ရေးမှတ်တမ်း ထိန်းသိမ်းရန်ပုံစံ” ကို ပြည့်စုံမှန် ကန်စွာ ဖြည့်စွက်၍ လျှောက်ထားရမည်။

(ခ) သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်သည် အလုပ်သမားမှ တင်ပြလာသော အချက် အလက်များနှင့် နိုင်ငံသားမှန်ကန်မှုရှိ မရှိကို စိစစ်၍ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဆက် လက်ပေးပို့မည်။ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ နိုင်ငံသားမှန်ကန်ကြောင်း အတည်ပြုချက် ရရှိပြီးသူများအား သာမန်နိုင်ငံကူးလက်မှတ်နှင့် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံ ကတ်ပြား ထုတ်ပေးပါမည်။

(ဂ) သာမန်နိုင်ငံကူးလက်မှတ်နှင့် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံ ကတ်ပြား လက်ခံရရှိ သည့် အလုပ်သမားသည် ထိုင်းနိုင်ငံမှ ထုတ်ပေးထားသော ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်ကတ် ခေါ် TR – 38) (ပန်းရောင်ကတ်) ပါ နေထိုင်ခွင့် (Visa) နှင့် အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းကို သာမန်နိုင်ငံကူးလက်မှတ်တွင် ပြင်ဆင်ပြောင်းလဲနိုင်ရေး အတွက် TR – 38 နှင့် အတူ မိမိလုပ်ငန်းခွင်တည်ရှိရာ နယ်မြေရှိ လူဝင်မှု ကြီးကြပ်ရေးရုံးများနှင့် အလုပ်အကိုင်ဌာနများသို့ သွားရောက်၍ လျှောက်ထား ရမည်။

၎။ အလုပ်သမားအနေဖြင့် သာမန်နိုင်ငံကူးလက်မှတ်နှင့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံ ကတ်ပြားအတွက် သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်တွင် ပေးသွင်း ရမည့် ကုန်ကျစရိတ်မှာ ဘတ် ၁၀၅၀ (ဘတ် တစ်ထောင့်ငါးဆယ်) တိတိ ဖြစ်ပါသည်။

၅။ နိုင်ငံသားအထောက်အထား မတင်ပြနိုင်သည့် မြန်မာအလုပ်သမားများသည် မည်သူ မည်ဝါဖြစ်ေ ကြာင်း သက်သေခံလက်မှတ် (Certificate of Identity- CI) ထုတ်ယူရေးအတွက် အောက်ပါ အတိုင်း ဆောင်ရွက်ရမည် –

(က) အလုပ်သမားများသည် ဘတ်ကတ် ခေါ် TR – 38 (ပန်းရောင်ကတ်) နှင့် အတူ ပူးတွဲ “၂” ပါ Counter Services Co., Ltd မှ ဖွင့်လှစ်ထားသော နီးစပ်ရာ မည်သည့်ကောင်တာသို့မဆို သွားရောက်ပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity- CI) ထုတ်ယူလိုသည့် စခန်း အမည်ကို တိကျစွာ ပြောဆို၍လျှောက်ထားရမည်။ Counter Services Co., Ltd ကောင်တာမှ  လျှောက် ထားလာသော အလုပ်သမားများ၏ ဘတ်ကတ် ခေါ် TR – 38 (ပန်းရောင်ကတ်) အား စိစစ်၍ မှန်ကန်ပါက အလုပ်သမားသည် ၎င်း Counter Services Co., Ltd ကောင်တာ ၌ ကုန်ကျစရိတ် ဘတ် ၃၀၀ (ဘတ် သုံးရာ) တိတိ ပေးသွင်းရမည်။

(ခ) ထို့နောက် အလုပ်သမားသည် မိမိသွားရောက် ထုတ်ယူလိုသည့် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေ ခံ လက်မှတ် (Certificate of Identity – CI) စခန်းအမည်၊ နေ့ရက်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ ပါဝင်သည့် ထိုင်း/ အင်္ဂလိပ် နှစ် ဘာသာဖြင့် ရေးသားထားသော ငွေသွင်းပြေစာအား Counter Services Co.,Ltd ကောင်တာမှ ပြန်လည်ထုတ်ယူရမည့်အပြင်လက်ကိုင်ဖုန်းသို့လည်းSMS ပေးပို့သွားမည်ဖြစ်ပါသည်။

(ဂ) အလုပ်သမားသည် ငွေသွင်းပြေစာတွင်ပါရှိသည့် နေ့ရက်တွင် သက်ဆိုင်ရာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI) စခန်းသို့ မပျက်မကွက် သွားရောက်၍ ပူးတွဲ “၃” ပါ “CI လျှောက်ထားသူ၏ ကိုယ်ရေးမှတ်တမ်း ထိန်းသိမ်းရန်ပုံစံ”

ကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပြီးသွား ရောက်လျှောက်ထားရမည်။ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity- CI) စခန်းတွင် အလုပ်သမား၏ ကိုယ်ရေးအချက် အလက်များကို စိစစ်မှုခံယူခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ မျက်မြင်စိစစ်ခြင်းတို့ကို ဆောင်ရွက်ပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်ေ သ ခံလက်မှတ် (Certificate of Identity –

CI) နှင့် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်ပြားကို တာဝန်ရှိသူများထံမှ ထုတ်ယူရမည်။
(ဃ) မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity –

CI) နှင့် ပြည်ပအလုပ်အကိုင်သက်သေခံကတ်ပြားလက်ခံရရှိသည့် အလုပ်သမားသည် ထိုင်းနိုင်ငံမှ ထုတ်ပေးထားသော ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်ကတ် ခေါ် TR – 38) (ပန်းရောင် ကတ်) ပါနေထိုင်ခွင့် (Visa) နှင့် အလုပ် လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းကို မည်သူမည်ဝါဖြစ်
 ကြော င်း သက်သေ ခံလက်မှတ် (Certificate of Identity- CI) စာအုပ်တွင် ပြင်ဆင် ပြောင်းလဲ နိုင်ရေးအတွက် TR – 38 နှင့်အတူ မိမိလုပ်ငန်းခွင်တည်ရှိရာ နယ်မြေရှိ လူဝင်မှုကြီးကြပ်ရေးရုံးများနှင့် အလုပ်အကိုင်ဌာနများသို့ သွားရောက်၍ လျှောက် ထားရမည်။

၆။ စခန်းများကို အောက်ပါ နေရာများတွင် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
(က) သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးစခန်း
(၁) ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး
Myanmar Embassy in Thailand
132, Sarthon Nua Road Bangkok (10500), Thailand
Ph: 022357078-9

(ခ) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) ထုတ်ပေးမည့်စခန်းများ
(၁) စမုစခွန်မြို့ (မဟာချိုင် – ၁) (Samutsakhon – 1)
No. 69/30 Moo 1, Tambon Mahachai
Amphone Mueang, Samutsakhon (74000) Thailand
Ph: 0833333795

(၂) စမုစခွန်မြို့ (မဟာချိုင် – ၂) (Samutsakhon – 2)
Samutsakhon Busterminal, Tha Chin,
Mueang Samutsakhon District, Samutsakhon(74000) Thailand
Ph: 034413830

(၃) စမုပရာကန်မြို့ (Samutprakan)
No. 1467 Moo 1. Thepharak Road
Thepharak Muang Samutprakan, Samutprakan (10270)
Ph: 0815543216, 0869346162

(၄) မယ်ဆိုင်မြို့ (Maesai)
9 T Waing Phang Kham, (889/6, 889/7), Moo. 9 V- Park
Maesai District, Chaing Rai (57130) Thailand
Ph: 0918132217

(၅) မဲဆောက်မြို့ (Maesot)
No. 298 Moo 2, Phrathat
Phadang Sub- District, Maesot District, Tak Province
Ph: 055508699, 0814909678

(၆) ရနောင်းမြို့ (Ranong)
89/ 150 Moo 4, Pakanam
Aumper Moeang, Ranong, Thailand 85000
Ph: 0862802537

၇။ အလုပ်သမားများသည် အောက်ပါအချက်များအား သတိပြုရန်လိုအပ်ပါသည်-
(က) အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံမှ ထုတ်ပေးထားသော ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (ဘတ်ကတ် ခေါ် TR – 38) နှင့် 7 Eleven စတိုးဆိုင်မှ ထုတ်ပေးထားသော ငွေသွင်းပြေစာ တို့အား ပျောက်ဆုံး/ ပျက်စီးခြင်း မရှိစေရန် သတိပြုရမည်ဖြစ်ပါသည်။

(ခ) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) လုပ်ငန်းစဉ်များ
 ဆောင်ရွက်ရာတွင် လုပ်သားအရေအတွက်နှင့် နေ့ရက် သတ်မှတ် ဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် အလုပ်သမားများအနေဖြင့် 7 Eleven စတိုးဆိုင်မှ ထုတ်ပေးထားသော ငွေသွင်းပြေစာတွင် ပါရှိသည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI) ထုတ်ပေးမည့် စခန်းနေ ရာနှင့် နေ့ရက်အတိုင်း (မပျက်မကွက်) သွားရောက် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ သတ်မှတ်ရက်အတိုင်း သွားရောက်ဆောင်ရွက်နိုင် ခြင်း မရှိပါက သတ်မှတ်ရက်အတိုင်းလာရောက်ဆောင်ရွက်သည့်အလုပ်သမား
 များအား ဆောင်ရွက်ပေးပြီးမှသာ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
မှတ်ချက်
၁။ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity – CI) သည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ရည်ရွယ်ထုတ်ပေးခြင်းဖြစ်ပြီး မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity – CI) ရရှိသူများသည် နိုင်ငံသားအထောက်အထားများ ပြုလုပ်၍ သာမန်နိုင်ငံကူးလက်မှတ်ရရှိရေး အမြန်ဆုံးဆောင်ရွက်သွားရန်လိုအပ်ပါသည်။

၂။ ထိုင်းနိုင်ငံ သက်ဆိုင်ရာ မြို့နယ်ရုံးများတွင် နေထိုင်ခွင့် (Visa) ရရှိပြီးပါက အလုပ်လုပ် ကိုင်ခွင့်လက်မှတ် (Work Permit) အတွက် လျှောက်လွှာကြေး ဘတ် ၁၀၀ သာကုန်ကျမည် ဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (Work Permit) ကြေးဘတ် ၁၉၀၀ ပေးရန် မလိုအပ်ပါ။

၃။ အလုပ်ရှင်ပြောင်းလဲခြင်းနှင့် အလုပ်နေရာပြောင်းလဲခြင်းတို့အတွက် ယခင် အလုပ်ရှင်ထံမှ အလုပ်မှ
 နှုတ်ထွက်စာဖြင့် ယခင်မြို့နယ်အလုပ်သမားရုံးတွင် အလုပ်မှ နှုတ်ထွက်ခြင်း ခွင့်ပြုချက် ရရှိပြီးပါက မိမိ သွားရောက် အလုပ်လုပ်ကိုင်လိုသည့် နယ်မြေ၏ မြို့နယ်အလုပ်သမားရုံးတွင် အလုပ်ရှင်ပြောင်းလဲခ အဖြစ် ဘတ် ၁,၀၀၀ ပေးဆောင်၍ အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းရွှေ့လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ ယင်းလုပ်ငန်းစဉ်ကို မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) ထုတ်ယူခြင်း မပြုလုပ်မီ ကြိုတင်ဆောင်ရွက်ထားရမည်ဖြစ်သည်။
အထူးသတိပေးချက်
၁။ အလုပ်သမားများအနေဖြင့် ပိုမိုကုန်ကျမှုများ မရှိစေရေး ပွဲစားများဖြင့် ဆောင်ရွက်ခြင်းမပြုဘဲ မည်သူ မည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity – CI) စခန်းများ၌ ကိုယ်တိုင်သွားေ ရာက်ဆောင်ရွက်ရန် လိုအပ်ပါသည်။

၂။ သတ်မှတ်ကုန်ကျစရိတ်များထက် ပိုမိုကောက်ခံလျှင်သော်လည်းကောင်း၊ သာမန်နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးဌာနစိတ်နှင့် 7 Eleven စတိုးဆိုင်၌ မဟုတ်ဘဲ အခြားနေရာများ၌ ငွေကြေးကောက်ခံလျှင်
 သော်လည်းကောင်း၊ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity – CI) စခန်းများ၌ ငွေကြေးတစ်စုံတစ်ရာ ပေးဆောင်ခဲ့ရလျှင်သော် လည်းကောင်း၊ အခြားကျေနပ်မှုမရှိသည့် ကိစ္စရပ်များရှိလျှင်သော်လည်းကောင်း အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်တိုင်ကြားနိုင်ပါသည်-

Complaint Mechanism – +95 67 – 430184, +95 67 – 430284
ရွှေ့ပြောင်းအလုပ်သမားဌာနခွဲ – +95 67 – 430183, + 95 67 – 430185
ဦးမိုးအောင်ခိုင် (အလုပ်သမားသံအရာရှိ) – 0633141992
ဦးအောင်ကိုသန်း (အလုပ်သမားသံအရာရှိ) – 0634426204
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် ပူးတွဲပါ ပုံစံများ